ပြည်ခိုင်ဖြိုးပါတီဥက္ကဌဟောင်း ဦးရွှေမန်း ရှုံးနိမ့်ကြောင်းဝန်ခံ

ပြည်ခိုင်ဖြိုးပါတီဥက္ကဌဟောင်း ဦးရွှေမန်း ရှုံးနိမ့်ကြောင်းဝန်ခံ

ရန်ကုန်၊ နိုဝင်ဘာ-၉ ။      ။ နိုဝင်ဘာလ ၉ရက်နေ့က မြန်မာနိုင်ငံ၏ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ သူရဦးရွှေမန်းက ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

ဦးရွှေမန်းမှာ မြန်မာနိုင်ငံ၏ သမိုင်းတွင်ရစ်မည့် ရွေးကောက်ပွဲများတွင် ရှုံးနိမ့်မှုကြုံရသည့် ပထမဆုံး အထင်ကရပုဂ္ဂိုလ်ဖြစ်သည်။ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်မှ ယှဉ်ပြိုင်အရွေးခံသည့် ဦးရွှေမန်းက လူမှုကွန်ရက် ဖေ့စ်ဘုတ်ပေါ်တွင် အတိုက်အခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြိုင်ဘက်ကို ချီးကျူးဂုဏ်ပြုသည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

သို့ရာတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ ရွေးကောက်ပွဲများတွင် အနိုင်ရခဲ့ပါက သမ္မတတစ်ဦးလိုအပ်နေပြီး ဦးရွှေမန်းကို ခန့်အပ်နိုင်ခြေလည်း ရှိနေသောကြောင့် ဦးရွှေမန်းမှာ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း ပြိုင်ပွဲမှ လုံး၀ ထွက်သွားရခြင်းတော့ မဟုတ်ပေ။  

တစ်ချိန်တည်းမှာပင် NLD ရုံးချုပ်သို့ ရောက်ရှိလာသည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ‘ရလဒ်ကို ပြောဖို့ စောပါသေးတယ်။ ကျမ ရလဒ်ကို မပြောနိုင်သေးတာ ကျမတို့ပြည်သူတွေက နားလည်မယ်ဆိုတာ သိပါတယ်’’ဟု ပြောကြားခဲ့သည်။

‘ကျမတို့ပြည်သူတွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့အခါ ကိုယ်စားလှယ်လောင်းတွေအတွက် ကျမဂုဏ်ယူပါတယ်။ ရလဒ်ကိုတော့ အခုထိ အတည်မပြုနိုင်သေးပါဘူး’ဟု သူမက ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

NLD ပြောခွင့်ရပုဂ္ဂိုလ်၏ ပြောကြားချက်အရ မန္တလေးတွင် NLDနှင့် USDPမှာ မဲအပြတ်အသတ်ကွာနေသည်ဟု ဆိုသည်။ ရခိုင်တွင်မူ ရခိုင်အမျိုးသားပါတီဥက္ကဌ ဦးအေးမောင်မှာ ရခိုင်တွင် ရှုံးနိမ့်နေသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ပြည်နယ်တစ်ဝန်းလုံးတွင်မူ ANP၏ ရလဒ်များမှာ ရောထွေးနေသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly