အမေရိကန်၌ Tik Tok ကိုပိတ်ပင်မည်ဟု ထရမ့်ပြော

အမေရိကန်၌ Tik Tok ကိုပိတ်ပင်မည်ဟု ထရမ့်ပြော

ဩဂုတ် ၁

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် တရုတ်ပိုင် ဗီဒီယိုအက်ပလီကေးရှင်းတစ်ခုဖြစ်သည့် Tik Tok ကို စနေ့နေ့တွင်  သမ္မတအမိန့်ဖြင့် ပိတ်ပင်ရန်စီစဉ်ထားသည်ဟု သောကြာနေ့က ပြောလိုက်သည်။

အဆိုပါလှုပ်ရှားမှုသည် Tik Tok က ကိုင်တွယ်နေသော ကိုယ်ရေးကိုယ်တာအချက်အလက်လုံခြုံရေးအပေါ် အမေရိကန်အမျိုးသားလုံခြုံရေးစိုးရိမ်နေမှု၏ အဆုံးသတ်ဖြစ်လိမ့်မည်။  Tik Tok ၏ ပိုင်ရှင်ဖြစ်သော ပေကျင်းအခြေစိုက် ByteDance ကုမ္ပဏီအတွက် အကြီးမားဆုံးထိုးနှက်ချက်တစ်ခုလည်းဖြစ်ပေလိမ့်မည်။

“Tik Tok နဲ့ ပတ်သက်ပြီးတော့ အမေရိကန်မှာ တားမြစ်သွားမှာပါ။ အဲဒီအမိန့်ကို ကျွန်တော် မနက်ဖြန်လက်မှတ်ထိုးမှာပါ” ဟု ထရမ့်က Air Force One လေယာဉ်ပေါ်၌ သတင်းထောက်များကို ပြောခဲ့ခြင်းဖြစ်သည်။

ByteDance ကုမ္ပဏီနှင့် Tik Tok မှာတာဝန်ရှိသူများသည် အဆိုပါပြောကြားချက်နှင့်ပတ်သက်၍ ချက်ချင်း တုံ့ပြန်ခဲ့ခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly