ရွေးကောက်ပွဲမှာ NLDက နေရာအများစုနိုင်မယ်လို့ စစ်တမ်းဖော်ပြနေ

ရွေးကောက်ပွဲမှာ NLDက နေရာအများစုနိုင်မယ်လို့ စစ်တမ်းဖော်ပြနေ

ရွေးကောက်ပွဲမှာ မဲပေးတဲ့ ရာခိုင်နှုန်းများနိုင်ပြီး ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှုရှိမယ်လို့ မဲဆန္ဒရှင် အများစုက မျှော်လင့်ထားကြောင်း မဇ္ဈိမက ဦးဆောင်ကောက်ခံထားတဲ့ စစ်တမ်းရလာဒ်အရ သိရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးမလားဆိုတဲ့ မေးခွန်းကို ဖြေဆိုသူ ၈၁ ရာခိုင်နှုန်းက မဲသွားပေးမယ်လို့ ဖြေပါတယ်။

မဲပေးဖို့ စိတ်အားထက်သန်ရတဲ့ အကြောင်းအရင်းတွေရဲ့ နောက်ကွယ်မှာတော့ ဘယ်လိုအကြောင်းအရာတွေရှိလဲဆိုတာလည်း စစ်တမ်းကောက်သူတွေက မေးမြန်းထားရာမှာ နိုင်ငံသားတာဝန် ကျေဖို့ မဲပေးသူ ၃၀%၊ အပြောင်းအလဲလုပ်ဖို့က ၂၇%၊ မဲတိုင်းပေးမှာမို့ ပေးရမယ်လို့ တွေးသူ ၁၆%၊ အစိုးရသစ်ရွေးချယ်ချင်လို့ ပေးသူ ၁၂%၊ ဒီမိုကရေစီအခွင့်အရေးကို အသုံးချဖို့ ပေးသူ ၂ရာခိုင်နှုန်း နဲ့ မိသားစုက တိုက်တွန်းလို့ ပေးသူနဲ့ အဂတိလိုက်စားမှု အဆုံးသတ်ရေးအတွက် ပေးသူ ၁%နှုန်းစီ ရှိပါတယ်။

စစ်တမ်းကို မဇ္ဈိမက ဦးဆောင်ခဲ့ပြီး မလေးရှားအခြေစိုက် Merdeka Center က နည်းပညာ အကြံဉာဏ်ပေးကာ MSRက အကောင်အထည်ဖော်ပြီး မြန်မာနိုင်ငံအနှံ့ ချင်းပြည်နယ်မှအပ ကျန်ပြည်နယ်နဲ့ တိုင်းတွေကို သွားရောက်ပြီး စစ်တမ်းကောက်ယူထားတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly