မြစ်ကြီးနားတွင် ညသန်းခေါင်ယံမှ ကြိုတင်မဲများ ရောက်လာပြီး ကြံ့ခိုင်ရေး၏ မဲများဖြစ်နေ

မြစ်ကြီးနားတွင် ညသန်းခေါင်ယံမှ ကြိုတင်မဲများ ရောက်လာပြီး ကြံ့ခိုင်ရေး၏ မဲများဖြစ်နေ

ချင်းမိုင်၊ နိုဝင်ဘာ ၉ ။ ။ မြစ်ကြီးနားမြို့ ပြည်သူ့ဝန်ဆောင်မှုရုံးသို့ ညသန်ခေါင်ယံအချိန်တွင် မဲပုံးများ ရောက်ရှိလာပြီး ရေတွက်ရာတွင် ကြိုတင်မဲ ၁၅,၆၀၀ ကျော်သည် ကြံ့ခိုင်ရေးပါတီ၏ မဲများဖြစ်နေသည်ဟု သိရသည်။

မင်္သကာသဖြင့် မေးမြန်းခဲ့ရာ အဆိုပါ မဲများသည် နိုင်ငံခြားမှ ရောက်ရှိလာသော စစ်တပ်နှင့် ဝန်ထမ်းများမှ ကြိုတင်မေးမြန်းဖြစ်သည်ဟု ကော်မရှင်ဝန်ထမ်းများက ပြန်လည် ရှင်းပြခဲ့သဖြင့် မသမာမဲများ မဟုတ်ကြောင်း မြစ်ကြီးနားမြို့နယ် NLD ပါတီမှ ပြည်သူ့လွှတ်ကိုယ်စာလှယ်လောင်း ဦးအင်ထုံးခါးနော်ဆမ်က မဇ္ဈိမကို ပြောသည်။

နိုင်ငံခြားမှ ဝန်ထမ်းများမဲပေါင်း ၃၀၇ မဲနှင့် စစ်တပ်မှ ဝန်ထမ်းများ၏ ကြိုတင်မဲ စုစုပေါင်း ၁၅၆၀၀ ကျော်သည် ကြံံ့ခိုင်ဖွံ့ဖြိးရေးပါတီမှ ပြည်သူ့လွတ်တော်ကိုစားလှယ်လောင်း ဦးညွန့်ဝင်း၏ မဲများ ဖြစ်နေခြင်း ဖြစ်သည်။

“ကြိုတင်မဲက ၁၅၆၀၀ ကျော်ရှိတယ်။ ကျနော်တို့က သံသယဖြစ်လို့ကော်မရှင်ကို မေးလိုက်တာ။ မသမာတော့ မရှိဘူး။ မေးလိုက်တာတော့ သူတို့ရဲ့ စာရင်းဇယားတွေ ကျနော်တို့ကို ထုတ်ပြတယ်။ ကိုက်ညီမှုတော့ ရှိပါတယ်။ ဥပမာ တပ်ကနေကြိုတင်မဲ စာရင်းပို့လိုက်တယ်။ အဲဒီစာရင်းကို ကျွန်တော့်ကိုပြတယ်။ ပြလိုက်တော့ အဝင်နဲ့ ပြန်ချိန်ထိုးလိုက်တဲ့အချိန်မှာ ၃၊ ၄၊ ၅၀ လောက်တော့ ကွာတယ်။ ကွာတောက အဝင်မရှိတော့ ကျနော်တို့လက်ခံပေးလိုက်တယ်”ဟု မြစ်ကြီးနားမြို့နယ် NLD ပါတီမှ ပြည်သူ့လွှတ်ကိုယ်စာလှယ်လောင်း ဦးအင်ထုံးခါးနော်ဆမ်က မဇ္ဈိမကိုပြောသည်။

“အဲဒီကြိုတင်မဲက ကျနော်က NLD ဗဟိုကို လှမ်းမေးလိုက်တော့ အဲဒီကြိုတင်မဲပုံးတွေကို ၆ နာရီ မထိုးခင်ရောက်နေလားလို့မေးတယ။် သူရောက်တဲ့အချိန်မှာ ကျနော်ရောက်ပြီးမှ ရောက်နေ မဲပုံးတွေ ဖြစ်လို့ ကျနော်တို့လက်ခံရမှာပါလို့ပြောတယ်” ဟု သူက ဆက်လက် ပြောဆိုသည်။

ကြိုတင်မဲအရ ကြံံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ မဲများ များပြားနေသော်လည်း လက်ရှိ စီတာပူ၊ နောင်နန်း၊ ရမ်ဘို၊ ဒူကထောင်၊ မန်ခရိန်စသည့် ရပ်ကွက်အလိုက် မဲရုံများမှ တင်ပြလာသည့် မဲများအရ NLD ပါတိ အနိုင်ရနေသည်ဟု သူက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly