ရေးမြို့နယ်တွင် မွန်အမျိုးသားပါတီ အခြေအနေကောင်း

ရန်ကုန်၊ နိုဝင်ဘာ ၈ ။           ။ မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ဒူးယားကျေးရွာအုပ်စုနှင့် အန်ဒင်ကျေးရွာအုပ်စုတို့တွင် မွန်အမျိုးသားပါတီမှ မဲအသာဖြင့် အခြေအနေကောင်းလျှက်ရှိသည်ဟု ယင်းပါတီအတွင်းရေးမှူး နိုင်စိုးမြင့်က မဇ္ဈိမသို့ ဆက်သွယ်ပြောကြားသည်။

ဒူးယားကျေးရွာအုပ်စုတွင် ပြည်သူ့လွှတ်တော်အတွက် မွန်အမျိုးသားပါတီ (၁၈၅၀) မဲ၊ NLD (၁၀၈) မဲ၊ ကြံ့ခိုင်ရေး (၅၆) မဲ၊ မွန်ဒေသလုံးဆိုင်ရာ (၁၃၅) မဲ၊ (ပယ်မဲ ၃၀၀ ကျော်) ရရှိခဲ့သည်။

အန်ဒင်ကျေးရွာအုပ်စုတွင် ပြည်သူ့လွှတ်တော်အတွက် မွန်အမျိုးသားပါတီ (၁၈၀၀) မဲ၊ NLD (၃၀) မဲ၊ ကြံ့ခိုင်ရေး (၁၀) မဲ ရရှိနေပြီးဆက်လက်ရေတွက်နေသည်ဟုသိရသည်။

ထိုရွာများတွင် မဲအပြတ်အသတ် အသာစီးရခြင်းမှာ မွန်ရွာ၊ မွန်လူမျိုးများသာရှိ သောကြောင့်ဟု နိုင်စိုးမြင့်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly