အင်္ဂါဂြိုဟ်ပေါ်ပျံဝဲမည့် ကမ္ဘာ့ပထမဆုံးရဟတ်ယာဉ် ပရောဂျက်ခေါင်းဆောင် မြန်မာလူမျိုး ဒေါ်မိမိအောင်

အင်္ဂါဂြိုဟ်ပေါ်ပျံဝဲမည့် ကမ္ဘာ့ပထမဆုံးရဟတ်ယာဉ် ပရောဂျက်ခေါင်းဆောင် မြန်မာလူမျိုး ဒေါ်မိမိအောင်

ဇူလိုင် ၂၆

အမေရိကန် အာကာသအေဂျင်စီ (နာဆာ) ၏ သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာ (Jet Propulsion Laboratory-JPL) ၏ အင်္ဂါဂြိုဟ်ရဟတ်ယာဉ် ပရိုဂရမ်၏ ပရောဂျက်ခေါင်းဆောင်မှာ မြန်မာလူမျိုးတစ်ဦးဖြစ်သည့် ဒေါ်မိမိအောင် ဖြစ်သည်။ ဒေါ်မိမိအောင်တို့အဖွဲ့ တီထွင်ထားသော Ingenuity ဟု အမည်ပေးထားသည့် ဒလက်နှစ်ခုပါ နေစွမ်းအင်သုံး ဟယ်လီကော်ပတာသည် ဇူလိုင် ၃၀ ရက်တွင် လွှတ်တင်မည့် အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် Perseverance ၏ ဂြိုဟ်နီဆီ သွားမည့် ခရီးစဉ်တွင် အတူလိုက်ပါသွားမည် ဖြစ်သည်။ Ingenuity သည် အခြားသော ဂြိုဟ်တစ်ခုပေါ်တွင် ထိန်းချုပ်ပျံသန်းမှုတစ်ခုကို ကြိုးပမ်းမည့် ပထမဆုံးသော စက်ရုပ်လေယာဉ်တစ်ဦးအဖြစ် သမိုင်းတွင်ရန်လည်း ရှိနေသည်။ အဆိုပါ ရဟတ်ယာဉ် ပထမဆုံး ပျံသန်းမှုကို လုပ်ဆောင်မည့် နေ့ရက်သည်  JPL ရှိ ဒေါ်မိမိအောင်နှင့် သူမ၏ အဖွဲ့သားများအတွက် အလွန်တရာ အရေးပါပြီး လေးနက်သော နေ့တစ်နေ့ ဖြစ်လာမည် ဖြစ်သလို ကြယ်များဆီသို့ ရောက်ရှိရန် ကလေးဘဝကတည်းက အမြဲတစေ စိတ်ကူးအိပ်မက်မက်ထားခဲ့သူ အမျိုးသမီးတစ်ယောက်အတွက်လည်း မယုံကြည်နိုင်လောက်အောင် ထူးခြားသော အလုပ်တစ်ခုကို ပြီးမြောက်အောင်မြင်သွားစေမည်လည်း ဖြစ်သည်။

အသက် ၅၂ နှစ်ရှိပြီဖြစ်သည့် ဒေါ်မိမိအောင်ကို အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ် Champaign-Urbanan မက်ထရိုပိုလစ်တန် ဧရိယာအရပ်ဒေသတွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။ ယင်းနေရာတွင်ပင် သူမ၏ မိဘနှစ်ပါးသည် ၎င်းတို့၏ ပါရဂူ (PhD) ဘွဲ့အတွက် အီလီနွိုက် (Illinois) ပြည်နယ် Urbana-Champaign တက္ကသိုလ်တွင် တက်ရောက်သင်ယူခဲ့ကြခြင်း ဖြစ်သည်။ သူမ အသက်နှစ်နှစ်အရွယ်တွင် မိဘများသည် ၎င်းတို့၏ မွေးရပ်ဇာတိ မြန်မာနိုင်ငံသို့ ပြန်လည်ပြောင်းရွှေ့ခဲ့သည်။ သူမ၏ မိခင်ဖြစ်သူသည် အမေရိကန်တက္ကသိုလ်တစ်ခုကနေ သင်္ချာအထူးပြုဖြင့် ပါရဂူဘွဲ့ ရရှိသည့် ပထမဆုံး မြန်မာအမျိုးသမီးတစ်ဦး ဖြစ်ခဲ့သည်။ သူမ၏ ဖခင်ဖြစ်သူသည်လည်း အစားအသောက် သိပ္ပံအထူးပြု ဓာတုဗေဒဘာသာရပ်ဖြင့် တက္ကသိုလ်ကနေ ပါရဂူဘွဲ့ ရရှိထားခဲ့သူ ဖြစ်သည်။သူမ၏ မိခင်ဖြစ်သူသည် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ကွယ်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း ဖခင်ဖြစ်သူသည် လက်ရှိအချိန်အထိ သက်ရှိထင်ရှားရှိနေပြီး အမေရိကတွင် နေထိုင်လျက် ရှိသည်။

ဒေါ်မိမိအောင်သည် ငယ်စဉ်ကတည်းက ထက်မြက်သော ကလေးတစ်ဦးဖြစ်ခဲ့ပြီး မူလတန်းနှင့် အထက်တန်းကျောင်းပညာကို မြန်မြန်ဆန်ဆန် အောင်မြင်ခဲ့သည်။ သူမသည် မလေးရှားရှိ ဗြိတိန်ကျောင်းတစ်ကျောင်းတွင် ပထမဆုံး တက်ရောက်ခဲ့ပြီး ယင်းနောက် မိဘများ၏ စီစဉ်ပေးမှုဖြင့် သူမသည် အမေရိကန်သို့ သွားရောက်ပြီး အီလီနွိုက်တွင် မိတ်ဆွေတချို့နှင့် နေထိုင်ခဲ့သည်။ သူမ အသက် ၁၆ နှစ်အရွယ် Blue Mound အထက်တန်းကျောင်းကို တက်ခဲ့သည်။ သူမသည် ဗြိတိန်လေယူလေသိမ်း အားကောင်းကောင်းဖြင့် အမေရိကန်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး ယင်းနောက် ရောက်ရာနေရာရှိ လူမှုဖြစ်စဉ်နှင့် သက်တောင့်သက်သာစွာဖြင့်ပင် လိုက်လျောညီထွေစွာ နေထိုင်နိုင်ခဲ့သလို ဗြိတိန်နှင့် အမေရိကန် အသုံးအနှုန်းများအကြား မတူကွာခြားချက်များကို လျင်လျင်မြန်မြန် သင်ယူခဲ့သည်ဟု သူမက ပြောသည်။ အဘယ့်ကြောင့်ဆိုသော် သူမသည် သူမ၏ အထက်တန်းကျောင်းပညာရပ်များကို အောင်မြင်တက်လှမ်းခဲ့ပြီး တစ်နှစ်ကြာပြီးနောက် ကျောင်းပြီးခဲ့သည်။ ယင်းနောက် အီလီနွိုက်ရှိ Urbana-Champaign တက္ကသိုလ်တွင် ကျောင်းအပ်နှံခဲ့သည်။ သူမသည် အမေရိကန်တွင် သူမ၏ ပညာရေးကို အလွန်လျင်မြန်စွာ စတင်နိုင်ခဲ့ပြီး အထက်တန်းကျောင်းပြီးခြင်းနှင့် ကောလိပ် ပထမနှစ်အပ်နှံခြင်းသည် သူမ ရောက်ရှိပြီး ၁၀ လ အတွင်းမှာပင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

“အဲဒါက ကြီးမားတဲ့ အခိုက်အတန့်တစ်ခု ဖြစ်ခဲ့ပါတယ်” ဟု သူမက ပြောသည်။ “ ပြီးတော့ အဲဒါက စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်၊ ဘာလို့လဲ ဆိုတော့ ခုဆိုရင် ကျွန်မရဲ့ အကြီးဆုံးကလေးဆိုရင် အသက် ၁၆ နှစ် ပြည့်ပါတော့မယ်၊ ပြီးတော့၊ အိုး၊ ဝိုး၊ သူ့ကို တခြား တိုက်တစ်တိုက်ကို သွားခိုင်းဖို့အတွက် ကျွန်မ အဆင်သင့်ဖြစ်ပြီလို့ မထင်မိပါဘူး၊ ဒါပေမယ့် ကျွန်မတုန်းကကျတော့ အဲဒီအချိန်က အဲဒါက မဖြစ်မနေ လုပ်ကိုလုပ်ရမယ်ဆိုပြီး ဖိအားပေးခံရသလို ဖြစ်ခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်မအတွက်တော့ ကျွန်မဟာ အရမ်း စိတ်လှုပ်ရှားနေခဲ့တယ်လို့ ထင်ပါတယ်၊ ဟုတ်ပါတယ်၊ ရှင်တို့အနေနဲ့ ရှင်တို့ရဲ့ မိသားစုကို အတော့်ကို လွမ်းနေရတာဖြစ်တဲ့အတွက် အဲဒီအချိန်တုန်းက အထီးကျန်ဆန်ခဲ့ရပါတယ်၊ ဒါပေမယ့် တစ်ဘက်မှာကျတော့လည်း ကမ္ဘာကြီးရဲ့ တခြားနေရာတစ်ခုကို သွားရတယ် ဆိုတာနဲ့ ပညာသင်ရမယ် ဆိုတဲ့ဲ့ စိတ်လှုပ်ရှားမှု အဟုန်တွေက ရှိနေပြန်ပါတယ်၊ အဲဒါက တကယ်တော့ မျက်စိပွင့် နားပွင့် ဖြစ်ခဲ့ပြီး အသစ်အသစ်တွေကို သင်ယူလေ့လာခဲ့ရပါတယ်၊ ကျွန်မဟာ မဖြစ်မနေလုပ်ကိုလုပ်ရမယ်ဆိုပြီး ဖိအားပေးခံခဲ့ရပါတယ်၊ ဟုတ်ပါတယ်၊ ကျွန်မ ကြောက်နေမိခဲ့ပါတယ်၊ ဘာလို့လဲ ဆိုတော့ အိမ်ကို လွမ်းနေခဲ့လို့လေ၊ ဒါပေမယ့် တစ်ဘက်မှာကျတော့လည်း ရှင့်အနေနဲ့ မိသားစုသစ်တစ်ခုနဲ့ တွေ့ဆုံနေပြီလေ၊ အဲဒီ မိသားစုကလည်း ကျွန်မကို တအား ဂရုစိုက်ခဲ့ပါတယ်၊ ပြီးတော့ ကျောင်းပတ်ဝန်းကျင် အသစ်၊ ပညာသင်ကြားမှု ပတ်ဝန်းကျင် အဝန်းအဝိုင်းအသစ်၊ နောက် လူမှု ပတ်ဝန်းကျင်အသစ်နဲ့ ကြုံရတယ်လေ၊ မြန်မာနိုင်ငံက ယဉ်ကျေးမှုနဲ့ အဲဒီမှာ ကြီးပြင်းလာခဲ့ရတာတွေက ကျွန်မအတွက် တကယ့်ကို ကောင်းကျိုးဖြစ်စေခဲ့တယ်လို့ ကျွန်မ တကယ်ခံစားမိပါတယ်၊ ကျွန်မတို့ဆို မလေးရှားမှာလည်း နေခဲ့ရတယ်၊ အဲဒီမှာ ငါးနှစ်၊ ခြောက်နှစ်လောက် နေခဲ့ရတယ်၊ ဒီတော့ အဲဒီက မတူညီတဲ့ ယဉ်ကျေးမှုတစ်ခုကနေလည်း ကျွန်မ သင်ယူလေ့လာခဲ့ရတယ်၊ ပြီးတော့ ကျွန်မ အမေရိကန်ကို ရောက်လာခဲ့တယ်၊ လုံးလုံးလျားလျား မတူညီတဲ့ ယဉ်ကျေးမှုတစ်ခုကို နောက်တစ်ကြိမ် ထပ်ပြီး သင်ယူခဲ့ရပြန်တယ်၊ ကျွန်မအတွက်ကတော့ ကျွန်မ သင်ယူလေ့လာနေခဲ့တယ်၊ ယဉ်ကျေးမှုအသစ်တွေနဲ့ ဘဝရဲ့ လမ်းအသစ်တွေကို လေ့လာရတာ ကျွန်မ ကြိုက်တယ်၊ ဒါက အရမ်းကို ဆွဲဆောင်စရာ ကောင်းတယ်လို့ ကျွန်မ ထင်ပါတယ်” ဟု ဒေါ်မိမိအောင်က ပြောသည်။

ဒေါ်မိမိအောင်သည် လျှပ်စစ် အင်ဂျင်နီယာဘာသာရပ်ကို အထူးပြုယူခဲ့ပြီး ဆစ်ဂနယ်သခြင်း (signal processing) နှင့် ဆက်သွယ်မှု (communications) ပိုင်းကို အထူးအာရုံစိုက် လေ့လာသင်ယူခဲ့သည်။ ယင်းက သူမကို သူမ တကယ်လုပ်ချင်သည့် အလုပ်ဖြစ်သည့် နာဆာသို့ ပို့ဆောင်ပေးမည့် စိတ်ထက်သန်ပြင်းပြမှုတစ်ခုလည်း ဖြစ်ခဲ့သည်။ ယင်းနောက် သူမ ဘွဲ့ရရှိသည်နှင့်တပြိုင်နက် သူမ လေ့လာသင်ယူထားသည့် နယ်ပယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းများကို စတင် ရှာဖွေခဲ့သည်။ ယင်းနောက် ကယ်လီဖိုးနီးယားရှိ နာဆာ၏ JPL ရှိ အလုပ်နေရာများကို စုံစမ်းသင့်သည်ဆိုပြီး သူမ၏ ပါမောက္ခတစ်ဦးက သူမအား အကြံပေးခဲ့သည်။

သူမသည် ကောလိပ်ကျောင်းပြီးခဲ့ပြီးနောက် အလွန်တရာ ရည်မှန်းချက်ကြီးကြီးထားခဲ့သည်ဟု ဒေါ်မိမိအောင်က ပြောသည်။ ယင်းနောက် သူမသည် JPL သို့ အင်တာဗျူး သွားဖြေနိုင်ခဲ့ပြီး အင်တာဗျူးဖြေပြီးသွားပြီးနောက် အလုပ်ရမည်ဟု သေချာပေါက် ယုံကြည်ခဲ့သလို သူမ ယုံကြည်ထားခဲ့သည့်အတိုင်း အမှန်တကယ် အလုပ်ရရှိခဲ့သည်။

“အဲဒါက ကျွန်မအတွက်ကတော့ တကယ့်ကို စစ်မှန်ပြီးပြည့်စုံတဲ့ အိပ်မက်မက်ထားတဲ့ အလုပ်ပါပဲ၊ ဘာလို့လဲဆိုတော့ ကျွန်မ ရောက်လာခဲ့တဲ့အချိန်မှာ နာဆာရဲ့ Deep Space Network (အမေရိကန်၏ အာကာသယာဉ် ဆက်သွယ်ချိတ်ဆက်မှု လုပ်ငန်းကွန်ရက်) မှာ သူတို့တွေဟာ analog receivers တွေကို ပထမဆုံးအနေနဲ့ digital receiver တွေနဲ့ အစားထိုးလဲလှယ်နေခဲ့ပါတယ်၊ အဲဒီမှာ ကျွန်မဟာ တကယ့်ကို အံဝင်ခွင်ကျ ပါဝင်လုပ်ကိုင်ခဲ့ပြီး ကျွန်မရဲ့ မာစတာ ဘွဲ့ကနေ သင်ယူထားခဲ့တဲ့ ဆစ်ဂနယ်သမှု နဲ့ ဆက်သွယ်ချိတ်ဆက်မှုပိုင်းကို အသုံးချလုပ်ကိုင်နိုင်ခဲ့ပါတယ်၊ ပြီးတော့ Deep Space Network က မိုင်သန်းပေါင်းများစွာ ကွာဝေးတဲ့ နက်ရှိုင်းတဲ့ အာကာသထဲမှာ အာကာသယာဉ်တွေကို ခြေရာကောက်နေတဲ့ အလုပ်တစ်ခုမှာ ကျွန်မ သင်ယူထားခဲ့တဲ့ ပညာတွေကို တိုက်ရိုက်စတင်အသုံးချခဲ့ပါတယ်။ ဆစ်ဂနယ် အရည်အသွေး လျှော့ချတာနဲ့ အားလုံးသော အသံတွေက ဘယ်လိုဘယ်ပုံမျိုး ဆိုတာနဲ့၊ နောက်ပြီး အာကာသယာဉ်တွေဆီက ဆစ်ဂနယ်အချက်ပြမှုအားလုံးကို ဖမ်းယူမယ့် ဆစ်ဂနယ်သမှုပိုင်းနဲ့ပတ်သက်လို့ တကယ့်ကို ဘယ်လိုမျိုး ကျွမ်းကျင်လိမ်မာမှု ရှိဖို့လိုသလဲဆိုတာကို ရှင်တို့အနေနဲ့ စိတ်ကူးနဲ့ မှန်းကြည့်နိုင်ပါတယ်၊ ဒါကြောင့်လည်း အဲဒါက ပြီးပြည့်စုံတဲ့ အိပ်မက်တစ်ခု လက်တွေ့ဖြစ်လာခဲ့တာပါ၊ ကျွန်မ သင်ယူခဲ့တာတွေ၊ ကျွန်မ ချစ်တဲ့ သင်္ချာဘာသာနဲ့ အာကာသစနစ်တစ်ခုဆီ သွားဖို့ ဆိုတာတွေကို အသုံးချခွင့်ရတာပါပဲ” ဟု ဒေါ်မိမိအောင်က ပြောသည်။

ဘွဲ့လွန်သင်တန်းတုန်းက သူမ ကောင်းကောင်း လုပ်နိုင်ခဲ့ခြင်းကြောင့်လည်း ယခုကဲ့သို့ ပြိုင်ဆိုင်မှု ပြင်းထန်သည့် အလုပ်တစ်ခုကို သူမ ရွေးချယ်လုပ်ကိုင်နိုင်ခြင်း ဖြစ်သည်ဟု ဒေါ်မိမိအောင်က မှတ်ယူထားသည်။ သူမ၏ သိပ္ပံဆိုင်ရာ လေ့လာသင်ယူခဲ့မှုများက သူမအတွက် မှန်ကန်သည့် နောက်ခံဘက်ဂရောင်းတစ်ခုကို ရရှိစေခဲ့သည်။ ထို့ပြင် သူမသည် JPL က ရှာဖွေနေသည့် အလုပ်နေရာအတွက် ပြီးပြည့်စုံစွာ သင့်တော်ကိုက်ညီသူလည်း ဖြစ်ခဲ့သည်။ ထိုစဉ်အချိန်က JPL မှ တာဝန်ရှိသူများသည် စနစ်သစ်တစ်ခုကို ဒီဇိုင်းထုတ်ထားခဲ့ပြီး ဆစ်ဂနယ်သမှုပိုင်းကို ကောင်းကောင်းလုပ်နိုင်စွမ်းရှိသည့် analyst တစ်ဦးကို ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။ ဒေါ်မိမိအောင်၏ မာစတာဘွဲ့ အတွက် တင်သွင်းသော သုတေသနစာတမ်း ခေါင်းစဉ်ကလည်း သူမ၏ ပညာရေးနောက်ခံ၏ဘက်ဂရောင်း၏ ပြိုင်ဘက်ကင်းမှု အိုင်ဒီယာတစ်ခု သင့်ကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ သူမသည် ဆစ်ဂနယ်သမှုပိုင်းဆိုင်ရာ အထူးကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သည့် ပါမောက္ခ ကေအက်စ် အေရွန်၏ လက်အောက်တွင်လည်း လုပ်ကိုင်ခဲ့ဖူးသေးသည်။

“အာကာသထဲက နက်ရှိုင်းတဲ့နေရာတွေကို စူးစမ်းရှာဖွေမှုအတွက် လုပ်ကိုင်တာဖြစ်ပါတယ်၊ ရှင်တို့လည်း သိတယ်မလား၊ အဲဒါက ကလေးဘဝတုန်းက ရှိခဲ့တဲ့ အလှမ်းကွာတဲ့ အိပ်မက်တစ်ခုလေ၊ ပြီးတော့ လူတချို့ဆီမှာ တခြားလူတွေထက်စာရင် ဒါနဲ့ပတ်သက်ပြီး ပိုအားကောင်းကောင်းနဲ့ ရှိနေကြတယ်မလား၊ ရှင်တို့ ကောင်းကင်ကြီးကို မော့ကြည့်တယ်၊ အဲဒီမှာ ဘာတွေ ရှိတယ်ဆိုတာ ရှင်တို့ သိချင်ကြတယ်မလား၊ အဲဒီမှာ သက်ရှိတွေ ရှိသလားဆိုပြီး သိချင်ကြတယ်မလား၊ ဒါမျိုးဖြစ်တာက ရှင်တစ်ယောက်တည်းပဲလား၊ အာကာသက တကယ်တော့ အမြဲတမ်းပဲ စိတ်ဝင်စားစရာ ကောင်းတဲ့ အရာတစ်ခု ဖြစ်နေခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်မ ဘယ်တုန်းကမှ တကယ် မသိခဲ့ပါဘူး၊ အဲဒီကို ရှင်ဘယ်လို ရောက်သွားနိုင်သလဲ ဆိုတာ ရှင်တို့လည်း မသိဘူးမလား၊ ဟုတ်တယ်မလား” ဟု ဒေါ်မိမိအောင်က ပြောသည်။

Deep Space Network တွင် ဒေါ်မိမိအောင်၏ ပထမဆုံး အလုပ်က ဆစ်ဂနယ်သခြင်းဆိုင်ရာ အယ်လ်ဂိုရီသမ် (algorithms) များနှင့် တည်ဆောက်ပုံ (architectures) များကို လက်တွေ့စနစ်တစ်ခုအဖြစ် ပြောင်းလဲပေးရသည့် အဖွဲ့တစ်ခုနှင့်အတူ လုပ်ကိုင်ခဲ့ရခြင်းဖြစ်သည်။ ယင်းက အာကာသထဲမှ အလွန်တရာ အားနည်းသည့် ဆစ်ဂနယ်များကို ဖမ်းယူသည့် အရွယ်အစားကြီး antennas များ ပါဝင်သည့် စနစ်တစ်ခု ဖြစ်သည်။ ဒေါ်မိမိအောင် တို့ အဖွဲ့က ယင်းကို ပိုမိုငယ်သော ဆစ်ဂနယ်များအဖြစ်သို့ လျှော့ချပြောင်းလဲပေးရပြီး ယင်းနောက် ယင်းတို့ကို ၎င်းတို့၏ အယ်လ်ဂိုရီသမ်များသို့ စီစဉ်လုပ်ဆောင်ရသည်။

“အယ်လ်ဂိုရီသမ်ကို သိခြင်းအားဖြင့် ကျွန်မအနေနဲ့ အဲဒီနောက်ပိုင်း အယ်လ်ဂိုရီသမ်တွေကို ပထမဆုံး သတ်မှတ်ဖို့ အဖွဲ့ရဲ့ ကျန်တဲ့သူတွေနဲ့ အလုပ်လုပ်နိုင်စွမ်း ရှိခဲ့တယ်၊ ဒါပေမယ့် ဒါတွေကို ဟာ့ဝဲ၊ ဆော့ဝဲ ဖွဲ့စည်းတည်ဆောက်ပုံစနစ်အနေနဲ့ ပြီးစီးအောင်လုပ်ပြီးတာနဲ့ ကျွန်မဟာ အကောင်အထည်ဖော်တဲ့အပိုင်းကို ဆက်လုပ်နိုင်ခဲ့ပါတယ်၊ ပြီးတော့ အဖွဲ့နဲ့အတူ စမ်းသပ်ခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ စနစ်ရဲ့နောက်ကွယ်က သင်္ချာပညာရပ်ကို သိခြင်းအားဖြင့် ကျွန်မဟာ သဘာဝအလျောက် ပေါင်းစပ်မှု၊ စမ်းသပ်မှုနဲ့ ဒါကို ဆိုဒ်ဆီ လွှဲပြောင်းပေးမှုစတဲ့ အပိုင်းတွေကို ဆက်သွားနိုင်ခဲ့ပါတယ်၊ တကယ့် အလုပ်တစ်ခုမှာ လုပ်တယ်ဆိုရင် ရှင်တို့ရဲ့ လက်တွေ ညစ်ပတ်မယ်ဆိုတာ ရှင်တို့ သိတယ်မလား၊ ရှင်တို့အနေနဲ့ အယ်လ်ဂိုရီသမ် ကမ္ဘာထဲမှာပဲ နေနေလို့ မရပါဘူး၊ ရှင်တို့သိတယ်မလား၊ အဲဒါကို စနစ်ဆီ ဘယ်လို ဖြန့်ကျက်မလဲ၊ ဒါကို ဘယ်လို စမ်းသပ်မလဲ၊ ပြဿနာတွေကို ဘယ်လို ဖြေရှင်းမလဲ၊ ကိစ္စတွေက မတူကွဲပြားစွာနဲ့ ဖြစ်လာချိန်မှာ အဲဒါက ရှင်တို့ ဒီဇိုင်းထုတ်ထားတဲ့အရာဖြစ်နေမယ်ဆိုရင်  ဒါကို အလုပ်ဖြစ်အောင် ဘယ်လို ဖြေရှင်းသွားမလဲ၊ ဒီတော့ ကျွန်မရဲ့ ပထမဆုံးအလုပ်က ကျွန်မကို တကယ့်ကို ပြောင်းလဲပေးခဲ့ပါတယ်၊ ကျွန်မဟာ အယ်လ်ဂိုရီသမ်တွေကို ချစ်တယ်၊ ဒါပေမယ့် အဲဒါတွေကို တကယ့် လက်တွေ့ဖော်ဆောင်မှုအဖြစ် ဘယ်လို ပြောင်းရမလဲ ဆိုတဲ့အပေါ် ကျွန်မချစ်တာက ပိုပြီးစိတ်ကျေနပ်စရာ ကောင်းတယ်လို့ ထင်ပါတယ်၊ ပြီးတော့ တကယ့် လက်တွေ့အကောင်အထည် ဖော်ဆောင်မှုကပဲ မတူညီတဲ့ အင်ဂျင်နီယာပိုင်းဆိုင်ရာ စည်းမျဉ်းတွေကို ဖြစ်စေပါတယ်” ဟု ဒေါ်မိမိအောင်က ပြောသည်။

အချိန်ကြာလာသည်နှင့်အမျှ အဖွဲ့အစည်းက သူမကို တာဝန်များ တိုးမြှင့်လွှဲအပ်ခဲ့ပြီး မတူညီသော ရာထူးနေရာများကို ထမ်းဆောင်စေခဲ့သည်ဟု ဒေါ်မိမိအောင်က ပြောသည်။ နောက်ဆုံးတွင် သူမသည် အင်္ဂါဂြိုဟ် ရဟတ်ယာဉ် ပရောဂျက်အတွက် အဖွဲ့ခေါင်းဆောင်တစ်ဦးအဖြစ် အလုပ်တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ သူမသည် နက်ရှိုင်းသော အာကာသ ဆစ်ဂနစ် ဖမ်းယူမှုနှင့် သက်ဆိုင်သည့် ပရောဂျက်များတွင် လုပ်ကိုင်ခဲ့ရာကနေ အာကာသယာဉ် ဌာနကြီးသို့ ပြောင်းရွှေ့ခဲ့သည်။ ထုတ်လွှတ်လိုက်သည့် ဆစ်ဂနယ်များနှင့်ပတ်သက်၍ သူမ၏ နားလည်သိရှိမှုကြောင့် ဖြစ်သည်။ ယင်းနောက် သူမသည် “starlight” ဟု ခေါ်သည့် အာကာသယာဉ် အင်တာဖယ်ရိုမီတာ ပရောဂျက်တစ်ခုကို စလုပ်ခဲ့သည်။ အာကာသထဲရှိ အာကာယာဉ်များသည် ယာဉ်နှစ်စင်းအကြား အကွာအဝေးများနှင့် ရှုထောင့်များကို တိုင်းတာရန် ဆစ်ဂနယ်များကို ထုတ်လွှတ်ခြင်း၊ ဖမ်းယူခြင်းတို့ကို လုပ်ဆောင်ကြသည်။ ယင်းက ဒေါ်မိမိအောင်အတွက် လုံးလုံးလျားလျား သိပ္ပံနည်းကျ ကမ္ဘာသစ်တစ်ခုနှင့် ထိတွေ့စေခဲ့သည်။

“ကျွန်မဟာ နက်ရှိုင်းတဲ့ အာကာသကမ္ဘာထဲမှာ ရှိခဲ့တယ်၊ ကျွန်မဟာ အာကာသယာဉ် ကမ္ဘာထဲမှာ ရှိခဲ့တယ်” ဟု ဒေါ်မိမိအောင်က ပြောသည်။ “ ကျွန်မ အာကာသယာဉ် ကမ္ဘာထဲ ရောက်တာနဲ့တပြိုင်နက် ကျွန်မဟာ အာကာသယာဉ် ပတ်ဝန်းကျင်ထဲမှာ ကိုယ်တိုင် အံဝင်ခွင်ကျဖြစ်ဖို့ တဖန် လုပ်ခဲ့ရတယ်၊ အာကာသယာဉ်အကြောင်း လေ့လာခဲ့တယ်၊ ဒါက ကျွန်မကို တကယ်ပဲ တမ်းတမ်းစွဲစေခဲ့တဲ့ အရာတစ်ခုဖြစ်ခဲ့တယ်၊ ပြောရရင်တော့ ကျွန်မ ဒီနေ့ ဆက်လုပ်နေတာတွေက တကယ်တော့ အာကာသယာဉ်ရဲ့ အလိုအလျောက် လုပ်နိုင်စွမ်း ဖြစ်ပါတယ်၊ အာကာသယာဉ် ကမ္ဘာဆိုတာ အထူးသဖြင့် နက်ရှိုင်းတဲ့ အာကာသအတွက်ကတော့ ကျွန်မတို့မှာ အလိုအလျောက်ဖြစ်လာစေဖို့အတွက် အခွင့်အရေးတွေ အများကြီး ရှိခဲ့တယ်၊ ပြီးတော့ သူတို့ဟာ ဒီနေ့မှာ ဒီလို ဖြစ်လာတာပါ၊ အဲဒီတော့ ကျွန်မဟာ ယာဉ်ပေါ် လုပ်နိုင်စွမ်းတွေ ဆိုတဲ့အပိုင်းနဲ့ တကယ် ထိတွေ့ပတ်သက်ခဲ့ရတယ်၊ ဒါကြောင့် အာကာသယာဉ်ဟာ  အရာကိစ္စတွေကို အလိုအလျောက် လုပ်တယ်၊ ပိုပြီးတော့တောင် အလိုအလျောက် လုပ်ပါတယ်၊ အဲဒီနောက် ကျွန်မတို့ဟာ ဒီနေ့မှာ အရာကိစ္စတွေကို လုပ်နေတာဖြစ်ပါတယ်” ဟု ဒေါ်မိမိအောင်က ပြောသည်။

ယင်းနောက် သူမ၏ အလုပ်သည် မျိုးဆက်သစ် အာကာသယာဉ်၏ အဆင့်မြင့် လုပ်နိုင်စွမ်းများအပေါ် အာရုံစိုက်ခဲ့သည်။ ယင်းနောက် အာကာသယာဉ် လမ်းညွန်မှုနှင့် မောင်းနှင်သွားလာမှု ထိန်းချုပ်စင်တာများတွင် ကြီးကြပ်သူ ရာထူးနေရာကို ပြောင်းရွှေ့တာဝန်ထမ်းခဲ့သည်။ ယင်းနောက် နောက်လယ်ဗယ်တစ်ခုကို ထပ်မံတက်လှမ်းပြီး အလုံးစုံ လမ်းညွန်မှုနှင့် ထိန်းချုပ်မှုဆိုင်ရာ ဌာနစိတ်မန်နေဂျာအဖြစ် တာဝန်ထမ်းခဲ့သည်။ နောက်ဆုံးတွင် သူမသည် အလိုအလျောက်စနစ်များဆိုင်ရာ ဌာနကြီး၏ ဒုမန်နေဂျာဖြစ်လာခဲ့သည်။ သူမ ဌာန ဒုမန်နေဂျာရာထူး ယူထားစဉ်ကာလမှာပင် အင်္ဂါဂြိုဟ်ရဟတ်ယာဉ် အယူအဆက မွေးဖွားခဲ့ခြင်းဖြစ်သည်။

“အဲဒါက တကယ့်ကို အသိအမှတ်ပြုလက်ခံထားကြတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့တယ်၊ ကျွန်မတို့ အားလုံးဟာလည်း ကျွန်မတို့ရဲ့ လေးနက်တဲ့ အားထုတ်မှုတွေကို ထည့်ပြီး လုပ်ချင်တဲ့ ဆန္ဒတွေရှိခဲ့ကြတယ်၊ အဲဒီအချိန်မှာပဲ ကျွန်မဟာ လိုင်း စီမံခန့်ခွဲမှု၊ ဌာန ဒုမန်နေဂျာအလုပ်ကနေ ၂၀၁၄ ခုနှစ်မှာ မားစ် ဟယ်လီကော်ပတာ ပရောဂျက်ကို ပြောင်းရွှေ့ ဦးဆောင်ခဲ့ပါတယ်၊ အဲဒီမှာပဲ ကျွန်မ ရဲ့ တကယ့်နေရာတစ်ခုအဖြစ် အဆုံးသတ်ရှိနေခဲ့တာဖြစ်ပါတယ်၊ အဲဒါက ၂၀၁၄ တုန်းက ဖြစ်ပါတယ်၊ ကျွန်မဟာ ဌာန ဒုမန်နေဂျာအဖြစ်ကနေ လုံးလုံးလျားလျား ပြောင်းလဲပြီး မားစ် ဟယ်လီကော်ပတာ ပရောဂျက်ကို ဦးဆောင်ခဲ့တာဖြစ်ပါတယ်၊ ကျွန်မ မှန်းကြည့်ရရင်တော့ ကျန်တာကတော့ သမိုင်းပါပဲ၊ ပြောရရင် ကျွန်မ ၂၀၁၄ ကတည်းက အဲဒီမှာ ရှိနေခဲ့တာပါ၊ ခု ကျွန်မတို့ ဒီမှာရှိနေတာပေါ့” ဟု ဒေါ်မိမိအောင်က ပြောသည်။

အင်္ဂါဂြိုဟ်ပေါ်တွင် ပထမဆုံး ရဟတ်ယာဉ် rotorcraft ပျံသန်းမှုက ပထမဦးဆုံးသော နည်းပညာ ထုတ်ဖော်ပြသမှုဖြစ်သည်။ ယင်းက ဂြိုဟ်ကို စူးစမ်းလေ့လာခြင်းနှင့် သတင်းအချက်အလက် စုဆောင်းခြင်းတို့ကို ပိုမိုလုပ်နိုင်ရန် အသုံးပြုနိုင်မည့် ပိုမိုအဆင့်မြင့်သော ရဟတ်ယာဉ်များ ဒီဇိုင်း ရေးဆွဲ ဖန်တီးတီထွင်မှုဆီကို ဦးတည်စေမည်ဖြစ်သည်။

“အဲဒီမှာ ပျံသန်းဖို့ ဖြစ်နိုင်တယ်ဆိုတာကို ပြသဖို့နဲ့ အနာဂတ် မစ်ရှင်တွေပါ ဖြစ်ပေါ်လာစေဖို့အတွက် ကျွန်မတို့ရဲ့ နည်းပညာကို ကျွန်မတို့ ထုတ်ဖော်ပြသတာဖြစ်ပါတယ်၊ ကျွန်မတို့ဟာ အနာဂတ် rotorcraft တွေအတွက် ရှေ့ဆောင်လမ်းပြတွေဖြစ်ပါတယ်” ဟု ဒေါ်မိမိအောင်က ပြောသည်။

ပျံသန်းမှု စမ်းသပ်မှုများအတွက် အင်္ဂါဂြိုဟ် ၃၀ ရက် အစီအစဉ်က သူမတို့ကို သူမတို့၏ အချိန်ကို ငွေကြေးထောက်ပံ့ခွင့် ရခဲ့ကြောင်း သူမက ပြောသည်။ သို့သော် Perseverance က မစ်ရှင်အတွက် အဓိကကျသည့် သိပ္ပံဆိုင်ရာလေ့လာမှုပိုင်းကို လုပ်ဆောင်မည်ဖြစ်သည်။ ယင်းက ကျောက်တုံးနမူနာများကို ယူမည်ဖြစ်သလို ယင်းက နောက်ဆုံးတွင် ဆယ်နှစ်အတွင်း ကမ္ဘာမြေသို့ ပြန်လည် ပျံသန်းလာမည်ဖြစ်သည်။ ယင်းက ဂြိုဟ်ပေါ်တွင် ယခင်က ရှိခဲ့သည့် အဏုဇီဝရုပ် သက်ရှိဘဝကို ရှာဖွေမည် ဖြစ်သည်။ ယင်းအပြင် လူနေထိုင်ရန် သင့်တော်သော ပတ်ဝန်းကျင်များကို ရှာဖွေမည်ဖြစ်သည်။ ဤအကြောင်းရင်းအတွက် မစ်ရှင် ဘတ်ဂျက် အများစုသည် စူးစမ်းလေ့လာရေးယာဉ် rover ၏ အလုပ်အတွက် ခွဲဝေထားခဲ့သည်။

သူမတို့သည် ရဟတ်ယာဉ်အတွက် စီစဉ်ခဲ့သော ပျံသန်းမှု အကြိမ်အရေအတွက် ငါးခုအထိ ရှိသည်ဟု ဒေါ်မိမိအောင်က ပြောသည်။ ပျံသန်းမှုတစ်ခုစီတိုင်းသည် နှစ်ဆတိုး ပိုမို ခက်ခဲပြီး ယင်းအတွက်ကြောင့်လည်း ကမ္ဘာမြေတွင် ယင်း ဟယ်လီကော်ပတာက လုပ်ဆောင်ထားခဲ့သည့် စံပုံစံများမှ ဒေတာများအားလုံးကို ၎င်းတို့အနေဖြင့် သေချာ ဂရုတစိုက် အတည်ပြုနိုင်သလို ယင်းက အင်္ဂါဂြိုဟ်ပေါ်တွင် မည်သို့မည်ပုံ စွမ်းဆောင်နိုင်မည်လဲ ဆိုသည်ကို တိုက်ဆိုင်စစ်ဆေးနိုင်သည်။

ရဟတ်ယာဉ်သည် ပထမဆုံးအနေဖြင့် သုံးမီတာခန့်အထိ သမားရိုးကျအတိုင်း ပျံသန်းမည်ဖြစ်ပြီး ယင်းနောက် နှစ်မီတာကို သမားရိုးကျမဟုတ်သည့် ပျံသန်းမှု၊ ဆင်းသက်မှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း ဒေါ်မိမိအောင်က ပြောသည်။ ယင်းနောက် ကမ္ဘာမြေပေါ်ရှိ ချိန်ဘာများတွင် တကယ့်ခွင်အတိုင်း တုပဖန်တီးထားသည့် စက်ဖြင့် အင်္ဂါဂြိုဟ် စမ်းသပ် ပျံသန်းမှုများတွင် လုပ်ဆောင်ထားသည့်အတိုင်း ထပ်ကာ ပျံသန်းမည်ဖြစ်သည်။

“ကျွန်မတို့ရဲ့ ပထမဆုံး ပျံသန်းမှုက အရေးအကြီးဆုံး ဖြစ်ပါတယ်၊ ပြီးတော့ အဲဒါက ကျွန်မတို့ရဲ့ စံနှုန်းတွေအနက် အများစုကို ကျေနပ်အားရမှု ရစေပါလိမ့်မယ်၊ အဲဒါက ကျွန်မတို့ ကမ္ဘာမြေပေါ်မှာ ကျွန်မတို့ တွေ့မြင်ထားတဲ့ ကျွန်မတို့ရဲ့ စမ်းသပ်မှုတွေက ပျံသန်းမှု စွမ်းဆောင်မှုတွေနဲ့ ကျွန်မတို့ရဲ့ မော်ဒယ်တွေကို တကယ် တိုက်ဆိုင်စစ်ဆေးသွားဖို့ ဖြစ်ပါတယ်၊ အင်္ဂါဂြိုဟ်က အရေးကြီးဆုံးသော ပထမဆုံး ပျံသန်းမှုဖြစ်တယ်ဆိုတာကို အတည်ပြုပြီးသားလည်း ဖြစ်တာပေါ့၊ အဲဒီကနေ ဒေတာတွေ ကျွန်မတို့မှာ ရှိလာတာနဲ့တပြိုင်နက် ကျွန်မတို့ဟာ ပိုမို ရဲရင့်သထက် ရဲရင့်လာမှာဖြစ်ပါတယ်၊ ကျွန်မတို့ဟာ ပိုပြီးမြင့်တဲ့နေရာကို သွားနေတာပါ၊ သုံးမီတာကနေ ကျွန်မတို့ဟာ ပိုမြင့်တဲ့ ငါးမီတာကို သွားပါမယ်၊ ပြီးတော့ ကျွန်မတို့ရဲ့ အနာဂတ်ဆီ ဆက်သွားပါမယ်၊ ကျွန်မတို့ ပျံသန်းနေသလို ပျံသန်းမှုတွေရဲ့ အမြင့်နဲ့ အမြင့်ပေကလည်း ပြောင်းလဲသွားပါမယ်၊ အဆုံးစွန်မှာတော့ ကျွန်မတို့ဟာ အသွားအပြန် ၁၅၀ မီတာအထိ သွားချင်ပြီး ခရီးတစ်ပတ် ၃၀၀ မီတာအထိ ဖြစ်ချင်ပါတယ်” ဟု ဒေါ်မိမိအောင်က ပြောသည်။

မားစ် ဟယ်လီကော်ပတာကို ခြောက်နှစ်ကြာ တီထွင်ခဲ့ပြီးနောက် ယင်းက ဂြိုဟ်နီတွင် ပျံသန်းမှုအတွက် လွှတ်တင်မည့် နေ့ နီးကပ်လာသည်နှင့်အမျှ ဒေါ်မိမိအောင်သည်လည်း အလွန် စိတ်လှုပ်ရှားနေလျက်ရှိသည်။ သို့သော် အထူးသဖြင့် ယင်း၏ မစ်ရှင်ပြည့်မြောက်သည်ကို မြင်တွေ့ချင်စိတ် ပြင်းပြနေခြင်း ဖြစ်သည်။

“ဒီ ပြီးခဲ့တဲ့ ခြောက်နှစ်တာလုံးမှာ ကျွန်မရဲ့ ခံစားမှုအားလုံးက ကျွန်မတို့အဖွဲ့ဟာ တစုတစည်းတည်းရှိတဲ့ ရည်မှန်းချက်ပန်းတိုင်တစ်ခုနဲ့အတူ သာမန်ထက် ပိုတဲ့ အကျပ်အတည်းတစ်ခုမှာ ရှိနေခဲ့တယ်လို့ ထင်ပါတယ်၊ ကြိုးစားနိုင်မယ့် အခွင့်အရေးရဖို့၊ အခြား ဂြိုဟ်တစ်ခုပေါ် နဲ့ အင်္ဂါဂြိုဟ်ပေါ်မှာ ပထမဆုံးသော rotorcraft ပျံသန်းမှုကို စိုက်ထူလုပ်ဆောင်ဖို့ပေါ့၊ အဲဒီတော့ ဒီဇိုင်းပိုင်းဆိုင်ရာ ကြိုးပမ်းမှုတွေ၊ စမ်းသပ်မှုတွေ၊ အရာအားလုံးနဲ့ပတ်သက်လို့ ကျွန်မတို့ ဆွေးနွေးခဲ့ကြတယ်၊ ကျွန်မတို့ လုပ်ခဲ့တဲ့ ဆွေးနွေးမှုအားလုံးမှာ သတိပေးမှုတွေနဲ့ပတ်သက်လို့ ရှိခဲ့တယ်၊ ရှေ့ဆက်သွားဖို့ ဘာကို ရွေးချယ်မလဲ ဆိုတာတွေ ရှိခဲ့တယ်၊ အရာအားလုံးကို ရှင်တို့ မြင်ယောင်ကြည့်နိုင်တယ်၊ ကျွန်မတို့ဟာ ဒါကို အရမ်းကို မြန်မြန်ဆန်ဆန် လုပ်ခဲ့ကြတာပါ၊ ဒီတော့ ကျွန်မတို့ဟာ တကယ့်ကို အကျပ်အတည်းတစ်ခုမှာ ရှိခဲ့ပါတယ်၊ ကျွန်မတို့ လုပ်ခဲ့သမျှ ၊ ကျွန်မတို့ နစ်မြုှပ်စူးစိုက်ခဲ့သမျှ အရာအားလုံးဟာ အင်္ဂါဂြိုဟ်ပေါ်မှာ အလုပ်ဖြစ်သွားစေဖို့အတွက်ပဲ ဖြစ်ပါတယ်၊ ဒီတော့ ဆုံးဖြတ်ချက်တိုင်းဟာ လေဟာနယ်ထဲမှာ ဘယ်လို အလုပ်ဖြစ်ခဲ့သလဲ ဆိုတာပဲဖြစ်ပါတယ်၊ အိုကေ၊ အဲဒါက ဒီနည်းလမ်းအတိုင်းပဲ ဒီဇိုင်းဖန်တီးဖို့ လိုပါတယ်” ဟု ဒေါ်မိမိအောင်က ပြောသည်။

“ အင်္ဂါဂြိုဟ် ပတ်ဝန်းကျင်၊ အင်္ဂါဂြိုဟ် မြေအနေအထားနဲ့ အဲဒီ ပတ်ဝန်းကျင်မှာ ထိုင်နေရုံနဲ့ ထိတွေ့မှုပေါ့၊ ဒါက ကျွန်မတို့ ဘယ်လိုဘယ်ပုံ ဒီဇိုင်းထုတ်ခဲ့တယ်ဆိုတာပါပဲ၊ ဒီတော့ အဲဒါက နောက်ဆုံးမှာ ကျွန်မတို့ရဲ့ ရင်သွေးလေးလို့ပဲ ခံစားမိပါတယ်၊ အဲဒါက ကျွန်မတို့ ဒီနှစ်တွေအားလုံးအတွက်  ဒီဇိုင်းထုတ်ထားခဲ့တဲ့ ပတ်ဝန်းကျင်ကို သွားပါတော့မယ်၊ ဂရုတစိုက်နဲ့ လက်သပ်မွေးခဲ့တယ်၊ ဒီဇိုင်းဆွဲခဲ့တယ်၊ စမ်းသပ်ခဲ့တယ်၊ ပြန်စမ်းသပ်ခဲ့တယ်၊ ဒါတွေကြောင့်လည်း အဲဒါက ဘာကြောင့် အလုပ်ဖြစ်သင့်သလဲ ဆိုတာနဲ့ပတ်သက်လို့ ကျွန်မတို့ကို ယုံကြည်စေပါတယ်၊ ပြီးတော့ ကျွန်မတို့ဟာ မော်ဒယ် ပုံစံအားလုံးအပေါ်မှာ အခိုင်အမာ ယုံကြည်မှု ရှိပါတယ်၊ ခုကတော့ အဲဒီအတွက် ရည်ရွယ်ထားတဲ့ ပတ်ဝန်းကျင်တစ်ခုကို လွှတ်ရမယ့်အချိန်ရောက်ပါပြီ၊ ဒါကနေတဆင့် ကျွန်မတို့ သင်ယူသွားရပါမယ်၊ စစ်ဆေးရမယ့် အရာတွေလည်း အများကြီးရှိပါတယ်၊ ကျွန်မတို့ အရင် မသိခဲ့တဲ့ အရာတွေပေါ့၊ ကျွန်မတို့ဟာ ကမ္ဘာမြေပေါ်မှာ ကျွန်မတို့ လုပ်နိုင်သမျှ အရာတိုင်းကို လုပ်ထားခဲ့ပြီးပါပြီ၊ ဒီတော့ ခုချိန်က ကျွန်မတို့ ရင်သွေးလေးကို အဲဒီကို ပို့ဖို့ အချိန်ရောက်ပါပြီ၊ ဒီတော့ အဲဒီအတွက် ကျွန်မတို့ ရည်ရွယ်ဒီဇိုင်းဆွဲထားတဲ့ ပတ်ဝန်းကျင်တစ်ခုထဲမှာ အဲဒါက တကယ်တမ်း လည်ပတ်လုပ်ဆောင်တာကနေတဆင့် ကျွန်မတို့ သင်ယူသွားရပါမယ်” ဟု ဒေါ်မိမိအောင်က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required