ကျောက်တန်းမြို့နယ်မှာ မဲနှစ်ခါပေးသူများကို နေရာသုံးနေရာတွင်တွေရှိ့၊ အမှုဖွင့်မည်ဟုဆို

ကျောက်တန်းမြို့နယ်မှာ မဲနှစ်ခါပေးသူများကို နေရာသုံးနေရာတွင်တွေရှိ့၊ အမှုဖွင့်မည်ဟုဆို
ကျောက်တန်းမြို့နယ်၊ ပါဒကြီးစံပြကျေးရွာအတွင်းရှိ မဲရုံအမှတ် ၁တွင် မဲပေးရန်လာရောက် တန်းစီစောင့်ဆိုင်းနေသည့် ပြည်သူများကိုတွေ့ရစဉ်။ ဓါတ်ပုံ၊ ဟိန်းကိုစိုး။

ရန်ကုန်၊ နိုဝင်ဘာ ၈  ။            ။ ကျောက်တန်းမြို့နယ်အတွင်း မဲနှစ်ခါပေးသူများကို နေရာသုံးနေရာတွင် တွေ့ရှိရမိသဖြင့် အမှုဖွင့်တိုင်ကြားရန် ပြင်ဆင်နေပြီဟု၊ ယင်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲချုပ်၊ ပြည်သူ့လွှတ်တော်အမတ်လောင်း ဒေါ်အေးမြမြမျိုးက နိုဝင်ဘာ ၈ရက်နေ့လည်ပိုင်းတွင် မဇ္ဈိမကိုပြောသည်။

"ကျွန်မအခု အမှုဖွင့်ဖို့သွားတယ်၊ ကဒ္ဒပနရယ်၊ ကမာကလုတ်ရယ်၊ တံတားမြို့ရယ်အဲဒီမှာ မဲပေးပြီးသားလက်မှာ မှင်အမှတ်အသားရှိပြီးသူတွေကမဲလာထပ်ပေးတယ်။ နောက်တစ်ခုက ဆန္ဒမဲလက်မှတ်နှစ်ခုမှာ နာမည်တစ်မျိုး တည်းနဲ့လာပေးတယ်။ မဲရုံက ကျွန်မကိုယ်စားလှယ်လောင်းတွေကတွေ့ခဲ့တာပါ" ဟု သူမကပြောသည်။

ကျောက်တန်းမြို့နယ်အတွင်း၊ ကျေးရွာပေါင်း ၈၀ခန့်တွင် မဲစာရင်းမပါသဖြင့် မဲမပေးရသူများစွာရှိနေသည့်အပြင် ယခုကဲ့သို့ မဲနှစ်ခါပေးသည့် ဖြစ်စဉ်လည်း ယခုဖြစ်ပေါ်ခဲ့ခြင်းဖြစ် သည်ဟု ဒေါ်အေးမြမြမျိုးကဆိုသည်။

ကျောက်တန်းမြို့နယ်တွင် မွေးရေ/ကျေးလက် ဝန်ကြီးဦးအုန်းမြင့်သည် ပြည်ခိုင်ဖြိုးပါတီ၏ ပြည်သူ့လွှတ်တော် အမတ်လောင်း အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ပြီး မဲပေးခွင့်ရှိသူ ၁၂၇၄၇၃ဦး၊ မဲရုံပေါင်း ၁၉၁ရုံထိရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly