‘ဒီ*ဗိုင်းရပ်ကြီးပြီးသွားရင် ကျနော်တို့အားလုံး ပါတီအတူ ဆင်နွှဲကြမယ်’လို့ လီဗာပူးလ်ပရိသတ်တွေနဲ့အတူ ဆုဖလားအောင်ပွဲခံဖို့ ကတိပေးလိုက်တဲ့ ကလော့ပ်

‘ဒီ*ဗိုင်းရပ်ကြီးပြီးသွားရင် ကျနော်တို့အားလုံး ပါတီအတူ ဆင်နွှဲကြမယ်’လို့ လီဗာပူးလ်ပရိသတ်တွေနဲ့အတူ ဆုဖလားအောင်ပွဲခံဖို့ ကတိပေးလိုက်တဲ့ ကလော့ပ်
Photos: EPA

ယာဂန် ကလော့ပ်က Social distancing (သီးခြားနေထိုင်ခြင်း) ကန့်သတ်ချက်တွေ ရုပ်သိမ်းလိုက်တဲ့အချိန်ကျရင် ပါတီအတူ ဆင်နွှဲဖို့ ပြင်ဆင်ထားကြပါ"လို့ လီဗာပူးလ်ပရိသတ်တွေကို ပြောခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဖလားဆွတ်ခူးဖို့အတွက် ကြိုးကြာနီတို့ရဲ့ နှစ် ၃၀ ကြာ စောင့်စားခဲ့ရတာဟာ ယခုရာသီမှာ အဆုံးသတ်နိုင်ခဲ့ပြီး ဗုဒ္ဓဟူးနေ့က အန်ဖီးလ်မှာ ချယ်လ်ဆီးကို ၅-၃ ဂိုးနဲ့ အနိုင်ရပြီးနောက် ကစားသမားတွေကို ဆုဖလား ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

ကိုဗစ်-၁၉ ပြန့်ပွားမှုကို တားဆီးဖို့အတွက် ကန့်သတ်ချက်တွေ ထားရှိတာကြောင့် ပရိသတ်မပါဘဲ အောင်ပွဲခံခဲ့ရပေမယ့် ကလော့ပ်က လုံခြုံစိတ်ချရတဲ့အခါ တကယ့်ပါတီပွဲ ဆင်နွှဲကြမယ်လို့ ကတိပြုခဲ့ပါတယ်။

"ခင်ဗျားတို့အတွက် ကျနော်တို့ လုပ်ပေးတာကို ခင်ဗျားတို့ မမြင်ရဘူးဆိုရင်လည်း ကျနော် တကယ်ကူညီလို့ မရပါဘူး။"လို့ သူက Sky Sports နဲ့ အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။

"သံသယဖြစ်နေသူတွေကနေ ယုံကြည်သူတွေအဖြစ်ကို ပြောင်းလဲဖို့ လွန်ခဲ့တဲ့ ငါးနှစ်က ခင်ဗျားတို့ကို ကျနော် တောင်းဆိုခဲ့တယ်။ ကျနော် တောင်းဆိုခဲ့ပြီး ခင်ဗျာတို့ အဲ့ဒီအတိုင်း လုပ်ပေးခဲ့တယ်။ ခင်ဗျားတို့ကြောင့် ကျနော်တို့ ချန်ပီယံဖြစ်လာတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။"

"ကျနော်တို့ အားလုံး အောင်ပွဲခံသင့်ပါတယ်။ ခင်ဗျားတို့ သောက်ချင်တာ သောက်ကြပါ။ ဒါပေမယ့် ဒီ(သောက်) ဗိုင်းရပ်စ်ကြီး ပြီးသွားတဲ့အခါကျရင် ပါတီလုပ်ဖို့အတွက် ပြင်ဆင်ထားကြပါ။ အဲ့ဒီနောက် ကျနော်တို့ အားလုံး ပါတီအတူ လုပ်ကြတာပေါ့။ ဆိုတော့ အဆင်သင့်ဖြစ်အောင် လုပ်ကြထားရအောင်။"

သူက "ကျနော်တို့က ချန်ပီယံပါ။ ချန်ပီယံအစစ်ပါ။ ဖလား လေးလုံး ရခဲ့ပြီး အားလုံးက အကြီးကြီးတွေပါ။ အဲ့ဒီအတွက် ကျနော် ဂုဏ်ယူလို့ မဆုံးပါဘူး။ ပုံမှန်အားဖြင့် ကျနော်ဟာ တစ်ခုခုနဲ့အတူ ပုံတွေ မလိုပေမယ့် ဖလားလေးလုံးနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံ ကျနော့်ဆီမှာ ရှိပါတယ်။ ဒါက မကြာခဏ ဖြစ်လေ့ရှိတာတော့ မဟုတ်ပါဘူး။"လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly