COVID-19 အချက်အလက်များကို ဟက်ကာခိုးယူမှုဖြင့် တရုတ်နိုင်ငံသားနှစ်ဦးကို အမေရိကန် စွဲချက်တင်

COVID-19 အချက်အလက်များကို ဟက်ကာခိုးယူမှုဖြင့် တရုတ်နိုင်ငံသားနှစ်ဦးကို အမေရိကန် စွဲချက်တင်

ဇူလိုင် ၂၂

အမေရိကန် တရားရေးဝန်ကြီးဌာနသည် တရုတ်နိုင်ငံသားနှစ်ဦးအား ဆိုင်ဘာသူလျှိုမှုများဖြင့် အင်္ဂါနေ့က စွဲချက်တင်သည်။

ကာကွယ်ရေးကန်ထရိုက်တာများ၊ COVID သုတေသီများနှင့် ကမ္ဘာတစ်ဝန်းရှိ အခြားအရေးပါသူ ရာပေါင်းများစွာကို ကာလကြာရှည် ဆိုင်ဘာသူလျှိုလုပ်မှုဖြင့် ဝန်ကြီးဌာနက စွဲချက်တင်ခြင်းဖြစ်သည်။

လီရှောက်ယုနှင့် တုံကျားရှီတို့ နှစ်ဦးသည် လက်နက်ဒီဇိုင်းများ၊ ဆေးဝါးသတင်းအချက်အလက်များ၊ ဆော့ဖ်ဝဲရင်းမြစ်ကုဒ်များနှင့် အစိုးရနှင့် သဘောထားကွဲလွဲသူများနှင့် တရုတ်အား ဆန့်ကျင်သူများအပါအဝင် ပစ်မှတ်ထားသော ပုဂ္ဂိုလ်များ၏ ကိုယ်ရေးအချက်အလက်များကို ခိုးယူခဲ့သည်ဟု အမေရိကန်အာဏာပိုင်များက ပြောသည်။

၎င်းတို့နှစ်ဦးသည် တင်းပြည့်သူလျှိုများဆိုသည်ထက် တရုတ်အစိုးရအတွက် စာချုပ်ဖြင့် လုပ်ကိုင်ပေးနေသူများဖြစ်သည်ဟု အမေရိကန် တာဝန်ရှိသူများက ပြောသည်။

ယခု ဟက်ကာခိုးယူမှုသည် တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ နယ်မြေအတွင်း ရာဇဝတ်မှုမြောက်သည် ဟက်ကာများ၏ ခြေသွက်လက်သွက် လှုပ်ရှားနေခြင်းကို မျက်ကွယ်ပြုထားသည့် ဆန္ဒသဘောထားကို ပြသနေကြောင်း အမျိုးသားလုံခြုံရေးဆိုင်ရာ လက်ထောက်ရှေ့နေချုပ် ဂျွန်ဒီးမားက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“ဒီ ဖြစ်စဉ်အရ တရုတ်ဟာ ရုရှ၊ အီရန်နဲ့ မြောက်ကိုရီးယားတို့လိုပဲ ဟက်ကာထွင်းဖောက်မှုတွေမှာ ပါဝင်နေတယ်။ နိုင်ငံတွေဟာ ရှက်ဖွယ်ရာ အုပ်စုပဲ ဖြစ်တယ်။ နိုင်ငံရဲ့ အကျိုးစီးပွားအတွက် အဲဒီ ရာဇဝတ်သား ဟက်ကာတွေကို ဆိုင်ဘာရာဇဝတ်မှုတွေအတွက် လုံခြုံမှုပေးရာ နိုင်ငံတွေပဲ ဖြစ်တယ်။”ဟု ၎င်းက ပြောသည်။

လီရှောက်ယု၏ ဒီဂျစ်တယ် နာမည်တုဖြင့် ဖွင့်ထားသော အကောင့်အချို့မှ မက်ဆေ့ချ်များ ချက်ချင်း ပြန်ကြားခြင်း မရှိတော့သကဲ့သို့ တုံကျားရှီ၏ ဆက်သွယ်မှုအသေးစိတ်ကိုလည်း ချက်ချင်း ပြတ်တောက်သွားသည်။

မကြာသေးမီက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထင်မြင်ချက်ကို ရည်ညွှန်းပြီး ဝါရှင်တန်ရှိ တရုတ်သံရုံးက “တရုတ်နိုင်ငံသည် ဆိုင်ဘာခိုးယူမှုများနှင့် တိုက်ခိုက်မှုများ၏ အဓိက သားကောင်ဖြစ်နေသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း။” ထုတ်ပြန်ပြီး ယင်းကဲ့သို့သော ဟက်ကာထွင်းဖောက်မှုများကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး တိုက်ဖျက်နေကြောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly