ချယ်လ်ဆီးမှာ ‘ထပ်လာမယ့် အရာတွေ အများကြီးရှိတယ်’ - ဖရန့် လမ်းပတ်

ချယ်လ်ဆီးမှာ ‘ထပ်လာမယ့် အရာတွေ အများကြီးရှိတယ်’ - ဖရန့် လမ်းပတ်
Photos: EPA

ချယ်လ်ဆီးမန်နေဂျာ ဖရန့် လမ်းပတ်က အာဆင်နယ်နှင့် ရင်ဆိုင်ရမယ့် အက်ဖ်အေဖလားဗိုလ်ပွဲတစ်နေရာကို ရယူအပြီးမှာတော့ အပြောင်းအရွှေ့စျေးကွက်မှာ လှုပ်ရှားမှုတွေ စီစဉ်ထားတဲ့ သူ့ရဲ့အသင်းဆီကနေ "ထပ်လာမယ့် အရာတွေ အများကြီးရှိတယ်"လို့ ပြောပါတယ်။

ဒီဂီယာဆီက ဆိုးရွားတဲ့ လက်စွမ်းတွေကြောင့် အိုလီဗီယာနဲ့ မေဆင်မောင့်တို့က ဂိုးသွင်းယူခဲ့ပေမယ့် ချယ်လ်ဆီးဟာ မန်ချက်စတာယူနိုက်တက်ကို ၃-၁ ဂိုးနဲ့ သူတို့ရဲ့ နိုင်ပွဲက ထိုက်တန်ခဲ့ပါတယ်။

"နွေရာသီအပြောင်းအရွှေ့မှာ ကျနော်တို့ လုပ်မယ့်အရာတွေကနေ ထပ်လာမယ့် အရာတွေ အများကြီးရှိလိမ့်မယ်။"လို့ လမ်းပတ်က ပြောပါတယ်။

"ဗိုလ်လုပွဲမှာ ကျနော်တို့ အနိုင်ရချင်တယ်။ အမှတ်ပေးဇယားမှာလည်း ကွာဟချကို ကျဉ်မြောင်းချင်တယ်။"

ချယ်လ်ဆီးဟာ အေဂျက်အသင်းမှ ဟာကင်မ် ဇီယက်ကို ပေါင် ၃၆ သန်းနဲ့ ခေါ်ယူထားခဲ့ပြီးဖြစ်သလို လာမယ့်ရာသီအတွက် လိုင်ပ်ဇစ်အသင်းမှ တီမိုဝါနားကိုလည်း ပေါင် ၄၅ သန်းနဲ့ ခေါ်ယူထားပါတယ်။

သူတို့ဟာ လီဗာပူးလ်နဲ့ နောက်ဆုံးပွဲစဉ်၊ ယခုတစ်ပတ်ကစားမယ့် ဝုဗ်အသင်းနဲ့ ပွဲစဉ်တို့ကနေ ရမှတ် ၄ ရမယ်ဆိုရင် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာအတွက် စိတ်ချရမှာဖြစ်ပေမယ့် ယာဂန် ကလော့ပ်ရဲ့ ချန်ပီယံအသင်းရဲ့နောက် အမှတ် ၃၀ ထိ ကွာဟနေဆဲဖြစ်ပါတယ်။

"ကျနော်တို့ တစ်ခုခုဆီ ဦးတည် လုပ်ဆောင်နေပါတယ်။"လို့ လမ်းပတ်က ပြောပါတယ်။ "ဒါဟာ မလွယ်ကူပါဘူး။ ကျနော်တို့ဟာ မကြာသေးခင်နှစ်တွေအတွင်း တခြားအသင်းတွေနဲ့ တွေ့ခဲ့ဖူးပါတယ်။"

"'ဒါဟာ တစ်ဆင့်ပြီး တစ်ဆင့်ပေါ့။ ဒီနှစ်မှာ ကျနော်တို့ဟာ ကောင်းမွန်တဲ့အရာတွေ အများကြီး ပြသခဲ့ပြီးပါပြီ။ ဒါပေမယ့် နောက်ဆုံး သုံးပွဲဖြစ်တဲ့ လိဂ်ပွဲ နှစ်ပွဲနဲ့ အာဆင်နယ်နဲ့ အက်ဖ်အေဖလားပွဲစဉ်အပေါ် ကျနော်တို့ အာရုံစိုက်ရမှာဖြစ်ပါတယ်။

"လက်ကျန် သုံးပွဲဟာ ကျနော်တို့ရဲ့ တိုးတက်မှုလို့ မသတ်မှတ်နိုင်ပေမယ့် ကျနော်တို့ဟာ ရာသီအဆုံးသတ်ကို ရောက်ရှိနေပါပြီ။"

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly