သုံးစွဲသူ ၁၃သန်းကျော်ရှိနေပြီဖြစ်သည့် C series ထုတ်ကုန်သစ် realme C11 နှင့် မျိုးဆက်သစ် TWS ဖြစ်သည့် realme Buds Q တို့ကို တရားဝင်မိတ်ဆက်ပေးသွားမည်

သုံးစွဲသူ ၁၃သန်းကျော်ရှိနေပြီဖြစ်သည့် C series ထုတ်ကုန်သစ် realme C11 နှင့် မျိုးဆက်သစ် TWS ဖြစ်သည့် realme Buds Q တို့ကို တရားဝင်မိတ်ဆက်ပေးသွားမည်
Photo - realme C11 and realme Buds Q (2)

(Promotion)

မြန်မာပြည်မိုဘိုင်းဈေးကွက်အတွက် လူငယ်သုံးစွဲသူများပိုမိုသဘောကျနှစ်သက်စေမည့် realme C series ထုတ်ကုန်သစ်တစ်ခုနှင့် နောက်ထပ်မျိုးဆက်သစ်ဒီဇိုင်း TWS (Ture Wireless Earphone) တစ်လုံးတို့ကို လာမည့် ဇူလိုင်လ (၂၃) ရက်တွင် realme Facebook Page မှတစ်ဆင့် တရားဝင်မိတ်ဆက်ပေးသွားမည်ဖြစ်သည်။ realme က အစောပိုင်းမိတ်ဆက်ပေးခဲ့ realme C1, realme C2, realme C3 ထုတ်ကုန်များထက် ပိုမိုဆွဲဆောင်မှုရှိပြီး ထူးခြားသည့် Geometric Design ကိုအခြေခံဖန်တီးထားသော realme C11 စမတ်ဖုန်းသစ်ကို ချပြပေးသွားမည်ဖြစ်သလို လက်ရှိတွင်လည်း တစ်ကမ္ဘာလုံးအတိုင်းအတာအရ realme C series ထုတ်ကုန်များကိုအသုံးပြုနေကြသည့် လူငယ်သုံးစွဲသူပေါင်း ၁၃ သန်းကျော်အထိရှိနေပြီဖြစ်သည်။ ယခု အသစ်မိတ်ဆက်ပေးမည့် realme C11 ထုတ်ကုန်သစ်နှင့်အတူ ပိုမိုများပြားသည့် လူငယ်သုံးစွဲသူများ တိုးတက်လာမည်ဟုလည်း realme က ယုံကြည်ထားသည်။

Photo - realme C11 and realme Buds Q (2)

realme C11 တွင် ကြီးမားသည့် 6.5-inch မျက်နှာပြင်နှင့်အတူ 13+2 MP နောက်ဘက်ကင်မရာ ၂လုံးနှင့် 5MP ရှေ့ဘက်ကင်မရာတို့ပါဝင်ပြီး C series ထုတ်ကုန်များတွင် တစ်ခါမျှပါဝင်ထားဖူးခြင်းမရှိသည့် Nightscape Mode ကိုအသုံးပြုကာ အလင်းရောင်နည်းပါးသည့်အချိန်တွင် ပိုမိုပြတ်သားထင်ရှားသော ဓာတ်ပုံများကို ဖမ်တီးရယူနိုင်စေမည်ဖြစ်သည်။ realme C11 တွင် အသုံးပြုထားသည့် 5000 mAh battery မှာ ဖုန်းအသုံးပြုမှု  အချိန်ကို ပိုမိုကြာရှည်စေရန်ထောက်ပံ့ပေးထားမည်ဖြစ်ပြီး Stand-by အဖြစ်ထားရှိပါက ရက်ပေါင်း ၄ဝ အထိ ထားရှိနိုင်မည်ဖြစ်သည်။ နောက်ကျောဘက် Geometric Design တွင် လူငယ်တစ်ယောက် အနေဖြင့် ပိုမိုဆွဲဆောင်မှုရှိစေမည့်အသွင်အဖြစ်မြင်တွေ့ရမည်ဖြစ်သလို လက်ဗွေယာအလွယ်တကူ မထင်စေမည့် Anti-fingerprint ပုံစံအဖြစ် ဖန်တီးပေးထားသည်။ ပထမဆုံးပြောင်းလဲပေးလိုက်သည့် နောက်ဘက်ကင်မရာ Set-up design ကိုလည်း လူငယ်များနှစ်သက်လိမ့်မည်ဟု realme က ယုံကြည်မျှော်လင့်ထားသည်။ realme C11 အတွက် 2GB RAM နှင့် 32GB ROM version ကို အဓိကရောင်းချပေးသွားရန်ပြင်ဆင်ထားသည်။

realme ဖုန်းသုံးစွဲသူများအတွက် နောက်ထပ် Audio Device တစ်ခုအဖြစ် realme Buds Q (True Wireless Earphone) တစ်ခုကိုပါ မိတ်ဆက်ပေးသွားမည်ဖြစ်ပြီး ယခု ထုတ်ကုန်အတွက် နာမည်ကြီးပြင်သစ်ဒီဇိုင်နာ Jose Levy ကဖန်တီးပုံဖော်ပေးထားခြင်းဖြစ်ကာ  ကောင်းမွန်းသည့် အသံအရည်အသွေးနှင့်အတူ လွယ်ကူအဆင်ပြေစေမည့် Touch Control စနစ်များဖြင့် ထိန်းချုပ်အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် လိုအပ်သည့်ချိန် ညှိပြောင်းလဲမှုများကို realme  Link App မှတစ်ဆင့်လည်း ဝင်ရောက်လုပ်ဆောင်နိုင်စေမည်ဖြစ်သည်။ realme Buds Q ၏ battery life အတွက် နာရီ ၂ဝ ကြာအထိ ဆက်တိုက်နားထောင်နိုင်စေပြီး 10mm Bass Boost Driver ကြောင့် အသံထွက်ပိုင်းကောင်းမွန်စေသည့်အပြင် ဂိမ်းကစားခြင်းအတွက်လည်း Gaming Mode ကိုပါထည့်သွင်းပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly