မဆင်မခြင် မောင်းနှင်တဲ့ မြေသယ်ယာဉ်ကျောက်သယ်ယာဉ်တွေ ယာဉ်စည်းကမ်းလိုက်နာဖို့ အသိပညာပေး

14 July 2020
မဆင်မခြင် မောင်းနှင်တဲ့ မြေသယ်ယာဉ်ကျောက်သယ်ယာဉ်တွေ ယာဉ်စည်းကမ်းလိုက်နာဖို့ အသိပညာပေး

ပုသိမ်ကြီးမြို့နယ် မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းမှာ မြေသယ်ယာဉ် ကျောက်သယ်ယာဉ်တွေ မဆင်မခြင် မောင်နှင်နေတဲ့အတွက် မကြာခဏ ယာဉ်မတော်တဆမှုတွေ ဖြစ်နေပါတယ်။အဲဒီ မြေသယ်ယာဉ် ကျောက်သယ်ယာဉ်တွေဟာ သတ်မှတ်စည်းကမ်းချက်တွေကို လိုက်နာမှုမရှိဘဲ စည်းကမ်းမဲ့ မောင်နှင်နေတာကြောင့် ယာဉ်မတော်တဆမှုတွေ ဖြစ်နေတာပါ။ဒါကြောင့် ယာဉ်မတော်တဆမှုတွေ လျှော့နည်းဖို့အတွက် ပုသိမ်ကြီးမြို့နယ်အမှတ် ၈၆ ယာဉ်ထိန်းရဲတပ်ဖွဲ့စုကနေ အသိပညာပေးဟောပြောတာတွေ လုပ်နေတာလည်း ဖြစ်ပါတယ်။

ရိုက်ကူး/တည်းဖြတ် -အောင်ကိုဦး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly