မြန်မာနိုင်ငံအနှံ့ မဲပေးမှုကို SKY Net ရုပ်သံလိုင်း ၁၀ခုက တိုက်ရိုက်ပြသမည်

မြန်မာနိုင်ငံအနှံ့ မဲပေးမှုကို SKY Net ရုပ်သံလိုင်း ၁၀ခုက တိုက်ရိုက်ပြသမည်

နိုဝင်ဘာ(၈)ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ် နှင့် တိုင်းဒေသကြီး အသီးသီးက မဲဆန္ဒရှင်ပြည်သူများ၏ မဲပေးမှု မြင်ကွင်းများ ကို Sky Net ရုပ်သံလိုင်းများကတစ်ဆင့် တိုက်ရိုက် ထုတ်လွှင့်မည်ဟု Sky Net Technicalဌာနမှ Executive Technical Officer ဦးမင်းမင်းက ပြောသည်။

 

Sky Net ၏ အနယ်နယ်အရပ်ရပ်သတင်းများ တိုက်ရိုက် ထုတ်လွှင့်မှုမှာ နေရာ ၇ခုကို အဓိက ထားပြီး Sky Netရုပ်သံလိုင်း(၁၀)လိုင်းမှ တိုက်ရိုက်ပြသမည်ဟု ဦးမင်းမင်းက ပြောသည်။ 

 

SKY Net ၏ Up to Date ၊ Myanmar National TV ၊ လွှတ်တော်ရုပ်သံလိုင်းတို့က တစ်နိုင်ငံလုံးမှမဲပေးမှုများကို ထုတ်လွှင့်မည်ဖြစ်ပြီး Sky Net Channel One ရုပ်သံလိုင်းမှာရန်ကုန်တိုင်းဒေသကြီး၊Tine Yin Tharရုပ်သံလိုင်းတို့က တင်္နသာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့် မွန်ပြည်နယ်၊ Police ရုပ်သံလိုင်းမှ ရှမ်းပြည်နယ်၊Health ရုပ်သံလိုင်းမှ ကရင်ပြည်နယ် နှင့် ကယားပြည်နယ်၊ MBiz ရုပ်သံလိုင်းမှ မန္တလေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊Education ရုပ်သံလိုင်းမ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ်၊ ALFC ရုပ်သံမှ ကချင်ပြည်နယ် နှင့် ချင်းပြည်နယ်က မဲဆန္ဒရှင်များ မဲပေးကြပုံကို တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည်ဟု သိရသည်။ 

 

ယင်းအပြင် မဇ္ဈိမက ထုတ်လုပ်သည့် Mizzima Dialogue ဆွေးနွေးခန်းကိုလည်း Sky Net၏ Global Net Channel မှ နိုဝင်ဘာ ၈ရက် နှင့် ၉ရက်တွင် တိုက်ရိုက် ထုတ်လွှင့်မည်ဖြစ်သည်။ ယင်းအပြင် နိုဝင်ဘာ ၂၈ ရက် နှင့် ၂၉ရက်တွင် တစ်ဆင့် ပြန်လည် ထုတ်လွှင့်မည်ဖြစ်သည်။ 

 

ထုတ်လွင့်မည့် Mizzima Dialogue ဆွေးနွေးပွဲများမှာ အောက်ပါအတိုင်း ဖြစ်သည်။

 

Mizzima Dialogue (Myanmar)

နိုဝင်ဘာ ၈ ရက် နေ့လည် ၁ နာရီ ၂၀ မိနစ် မှ ၃ နာရီ

ဆွေးနွေးမည့်သူများ

 

ဆရာ သရဝဏ် (ပြည်)၊ နိုင်ငံရေးဆောင်းပါးရှင်

ဆရာ ကောင်းဆက်နိုင်၊ နိုင်ငံရေးဆောင်းပါးရှင်

ဆရာ သဲအောင်၊ အယ်ဒီတာချုပ်၊ Politics Journal

ဦးဆောင်ဆွေးနွေးမည့်သူမှာ၊ ဝါရင့်သတင်းစာဆရာ ဦးသီဟစော

 

05:15 pm to 7 pm, November 8, 2015

 

Mizzima Dialogue (English)

U Thiha Saw, Veteran Journalist

Jorge Valladres, International IDEA

Frederick Rawski, Carter Center

 

 

နိုဝင်ဘာ ၉ ရက် နေ့လည် ၁ နာရီ ၂၀ မိနစ် မှ ၃ နာရီ

ဆွေးနွေးမည့်သူများ

 

ဆရာ သရဝဏ် (ပြည်)၊ နိုင်ငံရေးဆောင်းပါးရှင်

ဆရာ ကောင်းဆက်နိုင်၊ နိုင်ငံရေးဆောင်းပါးရှင်

ဆရာ ကျော်ဝင်း၊ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ

ပွင့်လင်ါ်လူ့အဖွဲ့အစည်းမှကိုယ်စားလှယ်တစ်ဦး

ဦးဆောင်ဆွေးနွေးမည့်သူမှာ၊ ဝါရင့်သတင်းစာဆရာ ဦးသီဟစော

 

05:15 pm to 7 pm, November 8, 2015

 

Mizzima Dialogue (English)

U Thiha Saw, Veteran Journalist

Sean Turnell, Myanmar Economics Specialist

Andrew Lee, GE Myanmar Representative

Sherpa Hoissainy, Editor In-Charge, Myanmar Business Today

Vicky Bowman, Myanmar Centre for Responsible Business

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly