ပူတင်၏လက်ထောက်ဟောင်း အမေရိကန်ဟိုတယ်တစ်လုံးတွင် သေဆုံးလျက်တွေ့

ပူတင်၏လက်ထောက်ဟောင်း အမေရိကန်ဟိုတယ်တစ်လုံးတွင် သေဆုံးလျက်တွေ့

ရုရှသမ္မတ ဗလာဒီမာပူတင်၏ လက်ထောက်ဟောင်းဖြစ်သူအား အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ဟိုတယ်တစ်လုံးတွင် သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း ရုရှနိုင်ငံပိုင်မီဒီယာက ဖောြ်ပသည်။

အသက် ၅၇ နှစ်ရှိ ရုရှပြန်ကြားရေးဝန်ကြီးဟောင်း မစ်ဟေးလီစင်၏ ရုပ်အလောင်းကို နိုဝင်ဘာ ၇ ရက်က တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

မီဟေးတွင် နှလုံးရောဂါရှိသည်ဟု သူ၏ မိသားစုဝင်များပြောကြားချက်အရ သိရသည်။

Dupont Circle ဟိုတယ်ရှိ အခန်းတစ်ခန်းတွင် မီဟေးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဝါရှင်တန်ပို့စ် သတင်းတွင်လည်း ဖော်ပြသည်။

သေဆုံးရခြင်းအကြောင်းအား ရဲက စုံစမ်းလျက်ရှိဆဲဖြစ်ကြောင်းလည်း ဝါရှင်တန်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

မီဟေးအား ပြည်သူ့ဝန်ထမ်းတစ်ဦးအဖြစ် တာဝန်ထမ်းခဲ့သည့် အငြိမ်းစားတစ်ဦးအနေဖြင့် မိသားစုအတွက် လော့အိန်ဂျလိစ်တွင် အမေရိကန်ဒေါ်လာ ၂၈ သန်း စုထားပိုင်ဆိုင်ခြင်းနှင့် ပတ်သက်ကာ ပြီးခဲ့သည့်နှစ်က မစ္စစ္စပီလွှတ်တော်အမတ် ရော်ဂျာဝစ်ကာက စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုထားခံရသူတစ်ဦးဖြစ်ကြောင်း သိရသည်။

Ref ; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly