ရီးယဲလ်မက်ဒရစ်ကို စွန့်ခွာပြီး အင်တာမီလန်ကို ဟာကီမီ ပြောင်းရွှေ့ခဲ့ရတဲ့ အကြောင်းရင်းကို ထုတ်ဖော်ပြောဆိုခဲ့တဲ့ အေးဂျင့်

ရီးယဲလ်မက်ဒရစ်ကို စွန့်ခွာပြီး အင်တာမီလန်ကို ဟာကီမီ ပြောင်းရွှေ့ခဲ့ရတဲ့ အကြောင်းရင်းကို ထုတ်ဖော်ပြောဆိုခဲ့တဲ့ အေးဂျင့်

ဟာကီမီဟာ ရီးယဲလ်မက်ဒရစ်ကို စွန့်ခွာပြီး အင်တာမီလန်အသင်းဆီ ပြောင်းရွှေ့ခဲ့တာက နည်းပြ ဇီဒန်းကြောင့်ဖြစ်တယ်လို့ ကစားသမားရဲ့ အေးဂျင့် ကာမာနိုက ဆိုပါတယ်။

မော်ရိုကိုလက်ရွေးစင်ဟာ ဒေါ့မွန်အသင်းမှာ နှစ်ရာသီအငှားနဲ့ သွားရောက်ကစားခဲ့ရာကနေ အင်တာအသင်းဆီ ပြောင်းရွှေ့ကြေး ယူရိုသန်း ၄၀ နဲ့ ပြောင်းရွှေ့ရောက်ရှိခဲ့တာပါ။

ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ ကာမာနိုက ညာနောက်ခံကစားသမားဟာ ဘာကြောင့် ပြောင်းရွှေ့ခဲ့ရတယ်ဆိုတာ ရှင်းပြခဲ့ပြီး ချန်ပီယံလိဂ် ၃ ကြိမ်ရ နည်းပြ ဇီဒန်းဟာ ပါဝင်ပတ်သက်မှုရှိခဲ့တယ်လို့ အရိပ်မြွက်ပြောပါတယ်။

အေးဂျင့်ဖြစ်သူက "အင်တာဆီ ဟာကီမီပြောင်းရွှေ့ခဲ့ရခြင်းရဲ့ အကြောင်းပြချက်တစ်ခုက ဇီဒန်းပါ။ ဘာကြောင့် ဟာကီမီပြောင်းခဲ့သလဲဆိုတာကို သူ့အနေနဲ့ ဖြေရှင်းရပါမယ်။"လို့ ပြောပါတယ်။

ဒါပေမယ့် ဂျူဗင်တပ်စ်နဲ့ ချယ်လ်ဆီးတို့နဲ့အတူ အောင်မြင်မှုရခဲ့တဲ့ အန်တိုနီယို ကွန်တီဟာ ဟာကီမီအတွက် ဆွဲဆောင်နိုင်တဲ့ အချက်တစ်ချက်ဖြစ်နေပါတယ်။

"သူ(ကွန်တီ)နဲ့ ဟာကီမီနဲ့က အမြဲဆက်သွယ်မှုတွေရှိခဲ့ပါတယ်။ သူ့အနေနဲ့ ကလပ်အသင်းရဲ့ အနာဂတ်အစီအစဉ်တွေအကြောင်း သူ့ကို ပြောဆိုခဲ့ပါတယ်။ ဒါ့ကြောင့် ကျနော်တို့ အင်တာဆီ ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။"လို့ ကာမာနိုက ပြောဆိုသွားပါတယ်။

ဟာကီမီဟာ ရီးယဲလ်ရဲ့ ငယ်မွေးခြံပေါက်ကစားသမားဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ပရိုဖက်ရှင်နယ်ကစားသမားအဖြစ် စာချုပ်ခဲ့ပါတယ်။ သူဟာ တစ်နှစ်အကြာမှ ပထမအသင်းကြီးအတွက် ပွဲထွက်ကစားခွင့်ရပြီး ဇီဒန်းရဲ့ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၇ ပွဲသာကစားခဲ့သူဖြစ်ပါတယ်။

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly