အာဇာနည်နေ့တွင် အထိမ်းအမှတ်နေရာများ အများပြည်သူဝင်ရောက်ခွင့်ပြုမည်မဟုတ်

အာဇာနည်နေ့တွင် အထိမ်းအမှတ်နေရာများ အများပြည်သူဝင်ရောက်ခွင့်ပြုမည်မဟုတ်
ဓာတ်ပုံ - သက်ကို / မဇ္ဈိမ

ဇွန်လ ၄

၇၃ နှစ်မြောက်အာဇာနည်နေ့တွင် အာဇာနည်ကုန်းတစ်နေရာတွင်သာ မိသားစုဝင်များနှင့်ဌာနအဖွဲ့အစည်းများကိုသာ  အရေအတွက်ကန့်သတ်ချက်ဖြင့်Social Distancing အရ ကျင်းပမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်ဒေါ်သန်းမြင့်အောင်က မဇ္ဈိမသတင်းဌာနကို ပြောသည်။

ဒေါ်သန်းမြင့်အောင်က“အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့မိသားစုတွေက မိသားစုတစ်စုကို လေးယောက်ပါ။များတဲ့မိသားစုတွေဆို တစ်ယောက်၊နှစ်ယောက်လျော့ရမယ်။ မိသားစုတွေကအလှည့်ကျနဲ့လုပ်ဆောင်သွားမှာပါ။ နိုင်ငံရေးပါတီများ နဲ့အရပ်ဖက်အဖွဲ့အစည်း၊သံရုံးများ ကလည်းခါတိုင်းလို့ ပန်းခွေချအလေးပြုပါမယ်။ဒါပေမယ့် တစ်ဖွဲ့ကိုနှစ်ယောက်ပဲ သတ်မှတ်ထားပါတယ်” ဟု ပြောသည်။

ဓာတ်ပုံ - သက်ကို / မဇ္ဈိမ

COVID-19 ကူးဆက်မြန်ရောဂါကြောင့် ယခင်နှစ်တွေက ပြည်သူလူထုသွားရောက်လေ့လာခွင့်ပြုခဲ့သော အတွင်းဝန်ရုံးနေရာ ၊ ဗိုလ်ချုပ်အောင်ဆန်း‌နေအိမ်ပြတိုက်တို့ကို ဝင်ရောက်လေ့လာခွင့်ပေးမည်မဟုတ်ဘဲ လူမူကွန်ရက်များနှင့် နိုင်ငံပိုင်ရုပ်သံများတွင်ထုတ်လွှင့်ပြသွားမည်ဟု သိရသည်။

စုပေါင်းယာဉ်များ စီးနင်းရာတွင် လည်း ယာဉ်ပေါ်၌ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သတ်မှတ်ထားသော Social Distancing အတိုင်း လိုက်နာစီးနင်းရေး အတွက်လည်း ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ် သည်။ဇူလိုင် လ ၁၉ ရက်နေ့ ခေါင်းဆောင်ကြီးများ ကျဆုံးချိန် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် အသိပေးဥဩသံ ထုတ်လွှင့်ခြင်းကိုလည်း အစဉ်အလာတစ်ရပ် အနေဖြင့် ထုတ်လွှင့် သွားမည်ဟုသိရသည်။

 

ဓာတ်ပုံ - သက်ကို / မဇ္ဈိမ

“အာဇာနည်နေ့ဆို လူတွေက စိတ်လှုပ်ရှားပါတယ်။သွားချင်တယ်။လာချင်တယ်။ ကြည့်ချင်တယ်။ ကိုယ်တိုင်ဆောင်ရွက်ချင်တယ်။ သို့သော်ရင်ထဲမှာအာဇာနည်ခေါင်းဆောင်ကြီးများဆိုတာ အမြဲတမ်းရှိနေကြတာပါ။ လူမူကွန်ယက်ကနေပြီးတော့ စောင့်ပြီးကြည့်ကြပါ။ တစ်ချို့အရာတွေလည်း တိုက်ရိုက် ရိုက်ကူးပြပါလိမ့်မယ်။ ဒီကပ်ရောဂါကြီး အတွင်းမှာလိုက်နာခြင်းအားဖြင့် လူတွေအားလုံးရဲ့ကျန်းမာရေး ၊မိမိကျန်းမာရေး ၊အများ ကျန်းမာရေး အတွက်ထိန်းချုပ်ရတယ်လို့ပဲ အားလုံး သဘောထားပေးပါ “ ဟု ဒေါ်သန်းမြင့်အောင်က ထပ်မံဖြေကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီကလည်း ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည့်နေအခမ်းအနား ကျင်းပပြုလုပ်မည် ဖြစ်တာကြောင့် နံနက် ၄ နာရီ အချိန်မှာ စတင်ပြီး အနောက် ရွှေဂုံတိုင် လမ်း နှင့် လင့်လမ်းဆုံ ၊ ဓမ္မစေတီလမ်းနှင့် အားယားလမ်းဆုံ ၊ဓမ္မစေတီလမ်း နှင့်ဦးဝိစာရလမ်းဆုံ ၊ အနောက်ရွေဂုံတိုင်လမ်း နှင့် ဦးဝိစာရလမ်းဆုံ တို့ကို အခမ်းအနားပြီးဆုံးချိန်အထိ ပိတ်ထားမည် ဖြစ်ကာ အာဇာနည်လမ်း ၊ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်၊ရွှေတိဂုံဘုရားအနောက်ဘက်မုခ်၊ ရွှေတိဂုံဘုရားတောင်ဘက်မုခ်(အာဇာနည်လမ်းထိပ်) ၊ ရွှေတိဂုံဘုရား မြောက်ဘက်မုခ် (သွေးဆေးကန်)လမ်းတို့ကို ခေတ္တပိတ်ထားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေငြာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly