"ဘောလခဲမြို့နယ်စစ်တပ် ကြိုတင်မဲလုံခြံုမှုမရှိ"

"ဘောလခဲမြို့နယ်စစ်တပ် ကြိုတင်မဲလုံခြံုမှုမရှိ"

ဘောလခဲမြို့နယ်မဲဆန္ဒနယ်တွင် စစ်တပ်မှ လာပို့သည့်ကြိုတင်မဲများ လုံခြုံမှုမရှိကြောင်း ဘောလခဲမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် ၁ တွင် ဝင်ပြိုင်မည့်ကိုယ်စားလှယ်လောင်း ကယားလူမျိုးစုပါတီမှ ဦးစောနီနီ ကပြောသည်။

၎င်းက “ ကြိုတင်မဲတွေကို ပလက်စတစ် အိတ်တွေနဲ့ထည့်လာတယ်။ အဝေးရောက်က တပ်ကနေ မြို့နယ်ကော်မရှင်ကို စာအိတ်ထည့်မပါဘဲ ကျွတ်ကျွတ်အိတ်နဲ့ ထားထားတယ်။
ကော်မရှင်ရုံးရောက်မှ စာအိတ်ထည့်တာ။” ဟု ပြောသည်။

ဘော်လခဲမြို့နယ်အတွင်းတွင် စစ်ဗျူဟာ ၆၁၅ ၊ ခမရ ၄၂၉ နှင့် နယ်ခြားစောင့်တပ် ၃၅၄ တပ်တို့ရှိကြပြီး ၎င်းစစ်တပ် ၃ တပ်တွင် မဲဆန္ဒရှင်စာရင်းစုစုပေါင်း ၁၁၉၄ ဦးရှိကာ ကြိုတင်မဲစာရင်း ၆၇၅ ဦးရှိသည်။

ဒီးမော့ဆိုမြို့နယ်အတွင်းရှိ တပ်ကြိုတင်မဲစာရင်းများအရ ခမရ ၁၀၂ တွင် ၁၆၂ ဦး ၊ ခမရ ၄၂၇ တွင် ၁၅၀ ဦး ၊ ခမရ ၃၆၀ တွင် ၆၅ ဦးပေးထားသည်ဟု သိရပြီး နိုဝင်ဘာလ ၇ ရက်နေ့တွင်  မြို့နယ်ကော်မရှင်ရုံးသို့ လာရောက်ပို့ဆောင် ထားပြီးဖြစ်သည်။

လက်ရှိတပ်တွင်း မဲဆန္ဒရှင်စာရင်းများတွင် ကြိုတင်မဲထည့်သူများက ပိုများနေသည့်အတွက် စိုးရိမ်ရသည်ဟု လူမျိုးပေါင်းစုံဒီမိုကရေစီပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမီရယ်ရဲအောင်က   ပြောသည်။

“တခြားတော့ဘာမှမတွေ့ရဘူးဆိုပေမယ့် ကြိုတင်မဲရှေ့တန်းထွက်တဲ့သူတွေစာရင်းက အရမ်းများနေတယ်။” ဟု ဦးမီရယ်ရဲအောင်က ပြောသည်။

၁၀၂ တပ်ရင်းကြိုတင်မဲစာရင်းများတွင်လည်း အမျိုးသမီးများလည်းပါရှိနေသည်ကို ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအုပ်စု ကောမရှင် စာရင်းအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly