စည်းမျဉ်းသစ်များနှင့် ဘန်ကောက် ပြည့်တန်ဆာတန်းများ ပြန်လည် ဖွင့်လှစ်

စည်းမျဉ်းသစ်များနှင့် ဘန်ကောက် ပြည့်တန်ဆာတန်းများ ပြန်လည် ဖွင့်လှစ်

ဇူလိုင် ၃

နှာခေါင်းစည်း နှင့် ဘီကီနီဝတ် ဖျော်ဖြေတင်ဆက်သူများဖြင့် ဘန်ကောက်မြို့ရှိ ပြည့်တန်ဆာတန်းများကို ပြီးခဲ့သည့် ဇူလိုင် ၁ ရက်က ပြန်လည် ဖွင့်လှစ်ခဲ့ပြီ ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီးကာကွယ်ရန် သုံးလကျော်ကြာ ပိတ်ထားခဲ့ရပြီးနောက် ယခုအခါ အဆိုပါ ပြည့်တန်ဆာတန်းများကို ပြန်လည်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

ဘားများ၊ ကာရာအိုကေခန်းများနှင့် အနှိပ်ခန်းများသည် ယင်းနိုင်ငံတွင်  ယခုနောက်ဆုံး ပြန်လည်ဖွင့်လှစ်ခွင့်ပြုလိုက်သည့် စီးပွားရေးလုပ်ငန်းများ ဖြစ်သည်။

ထိုင်းနိုင်ငံသည် ယခုအခါ ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်း ကူးစက်မှု မရှိသည်မှာ ရက်ပေါင်း ၃၇ ရက်ကြာ ရှိသွားပြီ ဖြစ်သည်။

ယင်းအတွက်ကြောင့် ဘဝရပ်တည်ရန် ရုန်းကန်နေရသည့် ညပိုင်းလုပ်ငန်းခွင်ထဲရှိ လူပေါင်းသောင်းချီအနက် တချို့အတွက် လုပ်ငန်းခွင်ကို ပြန်လည် ဝင်ရောက်လာခြင်းလည်း ဖြစ်သည်။

“ပြီးခဲ့တဲ့ကာလမှာ ဝင်ငွေတစ်ပြားမှ မရှိဘဲ ဖြစ်ခဲ့တယ်၊ ခုလို ကျွန်မ ကျွမ်းကျင်ပိုင်နိုင်တဲ့ အလုပ်ကို ပြန်လာရတဲ့အတွက် ဝမ်းသာမိပါတယ်၊ နှာခေါင်းစည်းနဲ့ ဆိုပေမယ့်လည်း အဆင်ပြေပါတယ်၊ ဒါက ကြိုတင်ကာကွယ်မှုတစ်ခုပဲလေ” ဟု အသက် ၂၇ နှစ်အရွယ် အကမယ်တစ်ဦးဖြစ်သည့် Bee က ပြောသွားသည်။

ဖောက်သည်အားလုံးအနေဖြင့် ကိုယ်အပူချိန် တိုင်းတာရမည် ဖြစ်သည်။ ၎င်းတို့အနေဖြင့် နာမည်နှင့် ဖုန်းနံပတ် ပေးရမည်ဖြစ်သည်။ အတွင်းထဲ၌လည်း လူတိုင်း အနည်းဆုံး တစ်မီတာ ခြားပြီး ထိုင်ရမည်ဖြစ်သလို စတိတ်စင်မှ နှစ်မီတာ အကွာတွင် ရှိရမည်ဖြစ်သည်။

ထိုင်းအစိုးရအနေဖြင့် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အများပြည်သူဆိုင်ရာ နေရာများကို ပြန်လည်ဖွင့်လှစ်ခြင်းများကို လုပ်ဆောင်နေလျက် ရှိသည်။

ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၃,၁၇၃ ဦးနှင့်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၈ ဦး ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly