ဇွန်လအတွက် အိမ်သုံးမီတာသုံးစွဲခွင့် ယူနစ်၁၅၀ လျော့ပေါ့ပေး

ဇွန်လအတွက် အိမ်သုံးမီတာသုံးစွဲခွင့် ယူနစ်၁၅၀ လျော့ပေါ့ပေး

ဇူလိုင် ၃

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အိမ်းသုံးမီတာ သုံးစွဲသူများအတွက် ဇွန်လတစ်လုံး လျှပ်စစ်သုံးစွဲခကို ယူနစ်၁၅၀ အခမဲ့ သုံးစွဲခွင့်ပြုကြောင်း ဇူလိုင်လ၂ရက် ညပိုင်းက ကြေညာခဲ့သည်။

မူလက ဇွန်လ၁ရက်မှ ၁၅ရက်အထိ အိမ်သုံးမီတာသုံးစွဲခွင့်ကို ၇၅ယူနစ်သာ အခမဲ့သုံး စွဲခွင့်ပြုခြင်းဖြစ်ပြီး COVID-19 ကာကွယ်ထိန်းချုပ်တားဆီးရေးအတွက် ရက်တိုးသတ်မှတ်ခဲ့ခြင်းဖြစ်သည့်အတွက် ဇွန်လ၁၆ရက်မှဇွန်လ၃၀ရက်အထိ ၇၅ယူနစ်ထပ်မံအခမဲ့ သုံးစွဲခွင့် ပြု ခြင်းဖြစ်သည်။

၁၅၁ယူနစ်အထက်သုံးစွဲသူများအနေဖြင့် ယူနစ်၁၅၀အတွက် ကျပ်၁၁၅၅၀ကျပ်ကို အခမဲ့ရရှိမည်ဖြစ်သည်။

အခမဲ့သုံးစွဲခွင့်ပြုရာတွင် နိုင်ငံတကာအဖွဲ့အစည်းများ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် သံရုံးများမပါဝင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly