ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ကစထမှူးအဖြစ် ရာထူးတိုး

ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ကစထမှူးအဖြစ် ရာထူးတိုး
ပုံ-ဗိုလ်ချုပ်သက်ပုံ  COVID -19 ကာအတွင်း အောင်သပြေစစ်ကြေရေးမှ လာရောက်စဉ် (ကိုသူရ)

ဇူလိုင် ၂

ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်သက်ပုံသည် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းက  ဒုတိယဗိုလ်ချုပ်ကြီး ရာထူးအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ဆင်ရေး အထူးအဖွဲ့မှူး (၅) သို့ရောက် ရှိသွားကြောင်း ကို ရန်ကုန်တိုင်းစစ်ဌာန ချုပ်မှ ဗိုလ်မှူးကြီး သန်းထူးဇော် က မဇ္ဈိမသတင်းဌာနကိုအတည်ပြုပြောကြားခဲ့သည်။

“ (ဇွန်) ၂၉ ရက်နေ့က တိုးသွားတာပါ။ နေပြည်တော်မှာတာဝန်ထမ်းဆောင်ရမှာပါ။ “ ဟုဗိုလ်မှူးကြီးသန်းထူးဇော် က ပြောသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)  အမှတ်(၅)ကစထမှူး  ၏ တာဝန်တွင် လုံခြုံရေးပိုင်ဆိုင်ရာ ကြီးကြပ်ကွပ်ကဲ ရေး အပိုင်းများလုပ်ဆောင်ရမည်ဖြစ်သည်။ ကစထ (၅) ၏ လက်အောက်ခံတိုင်းသည် ရန်ကုန်တိုင်းဖြစ်သည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် ဗိုလ်ချုပ်သက်ပုံ တိုင်းမှူးတာဝန်ကို ထမ်းဆောင်ခြင်းမတိုင်ခင်က ကစထမှူး (၅) ဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်သည် အရန်တပ်ရင်းသို့ ပြောင်းရွှေ့လိုက်သည်ဟု သိရသည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် အသစ်တာဝန်ထမ်းဆောင်မည့်သူမှာ မုံရွာအခြေစိုက် အနောက်တောင် တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် ညွှန်ဝင်းဆွေ ဖြစ်သည်။

ယခု ကစထ(၅) ဖြစ်လာသော ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံသည်လည်း ၂၀၁၇ ခုနှစ် မေလတွင်း အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးမှသည် ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးဖြစ်လာခဲ့သည်။

ရန်ကုန်တိုင်း တိုင်းမှူးသစ် ဗိုလ်ချုပ် ညွှန့်ဝင်းဆွေမှာ စစ်တက္ကသိုလ် အပတ်စဉ် (၃၆)  ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly