ထပ်ဆင့်အကယ်ဒမီမေသန်းနု ထောင်ကပြန်လွတ်လာ

ထပ်ဆင့်အကယ်ဒမီမေသန်းနု ထောင်ကပြန်လွတ်လာ
ဓာတ်ပုံ  - မင်းသန့်မောင်မောင်

ဇူလိုင် ၁

ငွေကြေးလိမ်လည်မှုနှင့် ထောင်ဒဏ်တစ်နှစ်ချမှတ်ခံထားရသည့် ထပ်ဆင့်အကယ်ဒမီမေသန်းနုမှာ ထောင်ကနေ ဇူလိုင်၁ရက်က ပြန်လည်လွတ်မြောက်လာကြောင်းသိရသည်။

သူမ၏ ခင်ပွန်းဟောင်းဖြစ်သူ ဒါရိုက်တာဇင်ရော်မောင်မောင်က သူ၏ဖေ့ဘုတ်အကောင့်တွင် “မဆင့်လွတ်လာ ပါပြီခင်ဗျ”ဟု ရေးသားထားသည်။

ဒေါ်စန်းစန်းမြင့် တရားလိုပြုလုပ်ပြီး ငွေကြေးလိမ်လည်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၀ဖြင့် ဇန်နဝါရီလ၂ရက်က ရန်ကင်းမြို့နယ်တရားရုံးက ထောင်ဒဏ်တစ်နှစ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး အင်းစိန်အကျဉ်းထောင်မှာ ‌ခြောက်လအကျဉ်းကျခံခဲ့ရကာပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

တရားလို ဒေါ်စန်းစန်းမြင့်ကပင် သရုပ်ဆောင်မေသန်းနုကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ပုဒ်မ ၄၂၀ ဖြင့် ထပ်မံတရားစွဲထားပြီး အချုပ်လွတ်ဖြင့် ဆက်လက်အမှုရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။

သရုပ်ဆောင်မေသန်းနု ပြန်လည်လွတ်မြောက်လာသည့်အပေါ် အနုပညာအသိုင်းအဝိုင်းက လူမှုကွန်ယက်စာမျက်နှာတွင်ဝမ်းသာသည့် post များ တင်နေကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly