အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ၂၀၂၂ သို့ ရွှေ့ဆိုင်း၊ အမျိုးသမီးပြိုင်ပွဲကို ဖျက်သိမ်း

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ၂၀၂၂ သို့ ရွှေ့ဆိုင်း၊ အမျိုးသမီးပြိုင်ပွဲကို ဖျက်သိမ်း

၂၀၂၁ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်ကပ်ရောဂါကြောင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလသို့ ရွှေ့ဆိုင်းလိုက်တယ်လို့ အာဖရိကဘောလုံးအဖွဲ့ချုပ် (Caf) က ကြေညာခဲ့ပြီး အမျိုးသမီးဘောလုံးပြိုင်ပွဲကိုလည်း ဖျက်သိမ်းလိုက်တယ်လို့ အတည်ပြုခဲ့ပါတယ်။

အဆိုပါအမျိုးသားဘောလုံးပြိုင်ပွဲကို လာမည့်နှစ် ဇန်နဝါရီလမှာ ကျင်းပဖို့ သတ်မှတ်ထားတာပါ။

ပြည်တွင်းကစားသမားတွေနဲ့ နှစ်နှစ်တစ်ကြိမ်ကျင်းပတဲ့ အာဖရိကနိုင်ငံများချန်ပီယံရှစ် (Chan)ဟာလည်း ၂၀၂၀ ဧပြီလမှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် ယခုအခါ ၂၀၂၁ ဇန်နဝါရီလမှှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ကင်မရွန်းနိုင်ငံဟာ အဆိုပါပြိုင်ပွဲနှစ်ခုလုံးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ရှိပါတယ်။

"ကျန်းမာရေးဟာ ကျနော်တို့ရဲ့ နံပါတ်တစ် ဦးစားပေးဖြစ်ပါတယ်။ ကျနော်တို့ဟာ ဖြစ်နိုင်ချေရှိတဲ့ အန္တရာယ် ဒါမှမဟုတ် အခက်အခဲတွေကို ဂရုစိုက်စောင့်ကြည်နေရပါမယ်။"လို့ အာဖရိကဘောလုံးအဖွဲ့ချုပ် (Caf) ဥက္ကဋ္ဌ အာမတ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အယ်လ်ဂျီးရီးယာဟာ လက်ရှိ အာဖရိကနိုင်ငံများဖလားချန်ပီယံဖြစ်ပြီး ကိုင်ရိုမြို့မှာ ကျင်းပခဲ့တဲ့ ၂၀၁၉ ဗိုလ်လုပွဲမှာ ဆီနီဂေါကို ၁-၀ နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly