Starbucks နှင့် Pepsi ကုမ္ပဏီများ ကြော်ငြာဆိုင်းငံ့ခြင်းဖြင့် ဖေ့ဘွတ်ခ်ကို သပိတ်မှောက်

Starbucks နှင့် Pepsi ကုမ္ပဏီများ ကြော်ငြာဆိုင်းငံ့ခြင်းဖြင့် ဖေ့ဘွတ်ခ်ကို သပိတ်မှောက်

ဇွန် ၂၉

အမေရိကန်များသည်  အွန်လိုင်းပေါ်၌ အမုန်းစကားတိုက်ဖျက်ရေးအတွက် အားပေးထောက်ခံလာချိန်တွင် ကမ္ဘာကျော်ကော်ဖီအမှတ်တံဆိပ် Starbucks ကုမ္ပဏီသည် လူမှုမီဒီယာများပေါ် ကြော်ငြာခြင်းကို ဆိုင်းငံ့လိုက်ပြီး အချိုရည် Pepsi ကုမ္ပဏီသည်လည်း ဖေ့ဘွတ်ခ်ကို သပိတ်မှောက်မှုတွင် ပါဝင်လာခဲ့သည်။

ဆီအက်တဲအခြေစိုက် Starbucks ကော်ပိုရေးရှင်းက အမုန်းစကားပြန့်ပွားမှုကိုတားဆီးရန် လူမှုမီဒီယာပလက်ဖောင်းများပေါ်၌ ၎င်းကုန်ပစ္စည်းကြော်ငြာခြင်းကို ရပ်တန့်မည်ဖြစ်ကြောင်းနှင့် မိတ်ဖက်မီဒီယာများ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း တနင်္ဂနွေနေ့ က ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ CNBC သတင်းအရ လူမှုမီဒီယာအသုံးပြုကြော်ငြာခြင်း ရပ်ဆိုင်းမှုတွင် Alphabet Inc’s Google ကုမ္ပဏီပိုင် Youtube မပါဝင်ဟု ဆိုသည်။

အလားတူ အချိုရည်ကုမ္ပဏီ Pepsi သည်လည်း ဖေ့ဘွတ်ခ်၌ ဇူလိုင်နှင့်ဩဂုတ်လများတွင် ကြော်ငြာထည့်သွင်းခြင်းမပြုတော့ဟု ဆိုသည်။

Verizon ဆကျသှယျရေးကုမ်ပဏီနှငျ့ အစားအသောကျနှငျ့လူသုံးကုနျပစ်စည်းထုတ်လုပ်သည့် Unilever အပါအဝင် ကုမ္ပဏီပေါင်း ၁၆၀ ကျော်တို့ကလည်း ကမ္ဘာ့အကြီးဆုံးလူမှုမီဒီယာပလက်ဖောင်းဖြစ်သည့် ဖေ့ဘွတ်ခ်ပေါ်၌ ကြော်ငြာခြင်းကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း လက်မှတ်ရေးထိုးခဲ့ကြသည်။

Coca-Cola ကုမ္ပဏီက ‘ကမ္ဘာပေါ်မှာ လူမျိုးရေးခွဲခြားမှုအတွက် နေရာမရှိ၊ ဆိုရှယ်မီဒီယာပေါ်မှာ လူမျိုးရေးခွဲခြားမှုအတွက် နေရာမရှိ’ ဟု ဆိုကာ အခကြေးငွေပေးရသည့်ကြော်ငြာမှုများကို ရက် ၃၀ ရပ်တန့်မည်ဟု ကြေညာခဲ့သည်။ Unilever ကုမ္ပဏီကလည်း ကျန်သည့်တစ်နှစ်ပတ်လုံးအတွက် ဖေ့ဘွတ်ခ်၌ ငွေကြေးအကုန်ကျခံကြော်ငြာခြင်းမပြုတော့ကြောင်း ပြောသည်။

ဖေ့ဘွတ်ခ်သည် ၎င်းပလက်ဖောင်းပေါ်၌ပျံ့နှံ့နေသော အမုန်းစကားများကို တိုက်ဖျက်ရန် ကြော်ငြာရှင်များ၏ အကြီးအကျယ်ဖိအားပေးမှုကို ရင်ဆိုင်နေရပြီး ရှယ်ယာများလည်း ကျဆင်းခဲ့သည်။

Dove ၊ Honda နှင့် Ben & Jerry အပါအဝင် ကုမ္ပဏီအများအပြားသည် ‘အကျိုးအမြတ်အတွက်အမုန်းစကားတွေရပ်’ ဆိုသည့် လှုပ်ရှားမှုကို ထောက်ခံကာ သောကြာနေ့က ဖေ့ဘွတ်ခ်၌ကြော်ငြာခြင်းကို ရပ်တန့်လိုက်ပြီးနောက် ထိုသို့ ရှယ်ယာများကျဆင်းခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly