COVID-19 ထိန်းချုပ်ရန် တရုတ်နိုင်ငံ ဟယ်ပေပြည်နယ်၌ လူပေါင်း သန်းဝက်ခန့်ကို လော့ခ်ဒေါင်း ချ

COVID-19 ထိန်းချုပ်ရန် တရုတ်နိုင်ငံ ဟယ်ပေပြည်နယ်၌ လူပေါင်း သန်းဝက်ခန့်ကို လော့ခ်ဒေါင်း ချ

ဇွန် ၂၉

အသစ်ပေါ်ပေါက်သည့် COVID-19 အစုအဝေးပုံစံ ကူးစက်မှုကို ထိန်းချုပ်ဟန့်တားရန်အတွက် တရုတ်နိုင်ငံ ဟယ်ပေပြည်နယ်၌ ဇွန်လ ၂၈ ရက်တွင် လူပေါင်း ငါးသိန်းနီးပါးကို တင်းကျပ်သည့် လော့ခ်ဒေါင်းတစ်ရပ် ချမှတ်ထားကြောင်း သိရသည်။

နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုက ကြီးလေးပြင်းထန်ပြီး ခက်ခဲရှုပ်ထွေးနေဆဲ ဖြစ်ကြောင်း အာဏာပိုင်များက သတိပေးခဲ့သည်။

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို အတော်များများ ထိန်းချုပ်ထားနိုင်ခဲ့ပြီးနောက်ပိုင်း ပြီးခဲ့သည့် သီတင်းပတ်များအတွင်း မြို့တော် ပေကျင်း၌ လူပေါင်းရာနှင့်ချီ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသလို အနီးအနားရှိ ဟယ်ပေပြည်နယ်တွင်လည်း ကူးစက်မှုဖြစ်စဉ်များ ပေါ်ထွက်ခဲ့သည်။

ယခုအခါ ပေကျင်းမြို့မှ ၁၅၀ ကီလိုမီတာအကွာတွင် ရှိသည့် Anxin ကောင်တီတွင် အပြည့်အဝ ကန့်သတ်ပိတ်ဆို့ထိန်းချုပ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ဇွန်လ ၂၈ ရက်တွင် ပြောသည်။

ယခုနှစ်အစောပိုင်း ဝူဟန်မြို့၌ ဗိုင်းရပ်စ် ကူးစက်မှု ကာလအတွင်း အလားတူ တူညီသော တင်းကျပ်သည့် အစီအမံများ ချမှတ်ထားခဲ့သည်။

ယခုအခါ ဟယ်ပေပြည်နယ်ရှိ မိသားစုတိုင်းမှ လူတစ်ဦးတည်းသာလျင် အစားအသောက်နှင့် ဆေးဝါးကဲ့သို့ အခြေခံလိုအပ်သည့် အရာများ ဝယ်ယူရန် တစ်နေ့လျင်တစ်ကြိမ် အပြင်ထွက်ခွင့်ရမည်ဖြစ်ကြောင်း ကောင်တီ၏ ကပ်ရောဂါ ကာကွယ်ရေး အထူးအဖွဲ့က ထုတ်ပြန်သည်။

ပေကျင်းတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကူးစက်မှုအသစ် ၁၄ ခု ထပ်တွေ့ပြီးနောက် အဆိုပါ လုပ်ဆောင်ချက်ပေါ်ထွက်လာခြင်းြဖစ်သည်။

ပေကျင်းတွင် ဇွန်လလယ်နောက်ပိုင်း တွေ့ရှိသည့် ကူးစက်မှုအရေအတွက်သည် ၃၁၁ ဦးအထိ ရှိလာခဲ့ပြီးနောက် မြို့တွင် နေထိုင်သူ သန်းနှင့်ချီတို့ကို ဗိုင်းရပ်စ် စစ်ဆေးမှုများ လုပ်ဆောင်ထားခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly