ထိုင်းနိုင်ငံ၌ အရေးပေါ်အမိန့် တစ်လထပ်တိုး

ဇွန် ၂၉

ထိုင်းနိုင်ငံ၌ တနင်္လာနေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ခုနစ်ဦး ထပ်မံတွေ့ရှိကြောင်း အစိုးရက ထုတ်ပြန်လိုက်ပြီး ဇန်နဝါရီလမှစ၍ နိုင်ငံတွင်း စုစုပေါင်း ကူးစက်ခံရသူ ၃၁၆၉ ဦးနှင့် သေဆုံးသူ ၅၈ ဦးရှိပြီဖြစ်သည်။

ရောဂါကူးစက်ခံရသူအားလုံးသည် အိန္ဒိယပြန်ကွာရန်တင်းဝင်နေသော ထိုင်းနိုင်ငံသားများဖြစ်ကြသည်။ ထိုင်းနိုင်ငံတွင် ဒေသတွင်းကူးစက်မှု မရှိသည်မှာ ၃၅ ရက်မျှ ရှိပြီဖြစ်သည်။

ကိုဗစ်-၁၉ အခြေအနေစီမံခန့်ခွဲရေးစင်တာက အင်္ဂါနေ့တွင် သက်တမ်းကုန်ဆုံးမည့်အရေးပေါ်အမိန့်ကို ဇူလိုင်လကုန်ထိ တစ်လ ထပ်မံတိုးချဲ့လိုက်သည်။

ကျောင်းများအားလုံးသည် ဗုဒ္ဓဟူးနေ့တွင် ပြန်ဖွင့်ရန် လျာထားပြီး နိုင်ငံတွင်း စီးပွားရေးများ ပြန်လည်ဖွင့်လှစ်ကာ ခရီးသွားလာမှု ခွင့်ပြုတော့မည်ဖြစ်သောကြောင့် အရေးပေါ်အမိန့်ကို ရက်ထပ်မံတိုးချဲ့လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကြီးမှူးသော အစည်းအဝေးတွင် အရေးပေါ်အမိန့် တစ်လထပ်မံတိုးသည့် ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly