ကိုဗစ်ဂယက်ကြောင့် မြန်မာ့စီးပွားရေးအပေါ် ပြင်းထန်သည့် သက်ရောက်မှုရှိမည်ဟု ကမ္ဘာ့ဘဏ်သုံးသပ်

ကိုဗစ်ဂယက်ကြောင့် မြန်မာ့စီးပွားရေးအပေါ် ပြင်းထန်သည့် သက်ရောက်မှုရှိမည်ဟု ကမ္ဘာ့ဘဏ်သုံးသပ်

ကိုဗစ် ၁၉ ဂယက်‌ကြောင့် မြန်မာ့စီးပွားရေးအပေါ်ပြင်းထန်တဲ့ သက်ရောက်မှုရှိမယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါဆက်လက်ဖြစ်ပွားမယ်ဆိုရင် ဒီ၂ဝ၁၉/၂ဝ၂ဝ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ၂.၅ ရာခိုင်နှုန်းအထိ ကျုံ့သွားနိုင်ပြီး စီးပွားရေးတိုးတက်မှုနှုန်းနှေးလာခြင်းဟာ ဆင်းရဲတဲ့ အိမ်ထောင်စုတွေအတွက် ပိုပြီးဆင်းရဲတွင်းနက်နိုင်တယ်လို့လည်း ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဘတ်ဂျက်လေ့လာသူ၊ စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်းက‌ေတာ့ အစိုးရအနေနဲ့ ပုံမှန်ဝင်ငွေမရှိတဲ့ သူတွေကို လက်ရှိထောက်ပံ့နေတာဟာ ခဏတဖြုတ်သာ လုပ်ဆောင်ပေးနိုင်တဲ့ အခြေအနေအမျိုးဖြစ်တာကြောင့် သူတို့အတွက် ဈေးကွက်နဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ဖို့ လိုအပ်တယ်လို့ အကြံပြုပါတယ်။

တည်းဖြတ် / တင်ဆက် - ဖူးအိအိနွယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly