ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော်သားများ မဲရုံလေးခုတွင် မဲပေးမည်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော်သားများ မဲရုံလေးခုတွင် မဲပေးမည်

နေပြည်တော်၊ နိုဝင်ဘာ ၇ ။             ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော်သားများသည် နေပြည်တော် ဥတ္တရခရိုင် ပုဗ္ဗသီရိမြို့၊ ဘုရင့်နောင်ရပ်ကွက်က မဲရုံလေးခုတွင် နိုဝင်ဘာ ၈ရက်၌ မဲပေးကြမည် ဖြစ်သည်။

နေပြည်တော်တိုင်း စစ်ဌာနချုပ် စခန်းရုံးထဲ၌ မဲရုံ ၁ တည်ရှိမည်ဖြစ်ပြီး တိုင်းစစ်ဌာနချုပ်၊ ခြေမြန်တပ်ရင်း အမှတ် ၄၀၁၊ ၄၁၂၊ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့၊ အဆင့်မြင့် ဆက်သွယ်မှု ယန္တယားတပ်၊ စစ်ကြောရေးတပ်၊ အမှတ် ၉၄၈ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲတို့က တပ်မတော်များ ပေးရမည်ဖြစ်သည်။

မဲရုံ ၂မှာမူ အမှတ် ၂ မော်တော်ယာဉ်တပ်ရင်းအတွင်း တည်ရှိပြီး မော်တော်ယာဉ်တပ်ရင်း၊ တပ်ထိန်း တပ်ခွဲစတာတွေအပြင် တပ်ရင်း နဲ့ တပ်ခွဲ ငါးခုက မဲပေးရမည်ဖြစ်သည်။

မဲရုံ ၃က တပ်မတော် ဂုဏ်ပြုတပ်ခွဲ နှင့် စစ်တီးဝိုင်းတပ်ထဲမှာ တည်ရှိမည်ဖြစ်ပြီး တပ်မတော် ဂုဏ်ပြုတပ်ခွဲ နှင့် စစ်တီးဝိုင်းတပ်၊ မြဝတီ သတင်းစာတိုက် အပါအဝင် ဌာန ၅ခုက မဲဆန္ဒရှင်များ မဲပေးရမည်ဖြစ်ပြီး မဲရုံ ၄ကမှာမူ ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးမှူးရုံးအတွင်း၌ တည်ရှိပြီး ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံး၊ လုံခြုံရေး နှင့် ဆိုင်သော ပုံနှိပ်လုပ်ငန်းများ ညွှန်ကြားရေးမှူးရုံး၊ ကာကွယ်ရေးဝန်ကြီးဌာန ငွေစာရင်းရုံး နှင့် ပစ္စည်းဝယ်ယူရေး ညန်ကြားရေးမှူးရုံးတို့က မဲဆန္ဒရှငများ မဲပေးရမည်ဟု သိရသည်။

တပ်မတော်ရပ်ကွက်တွင် ကြိုတင်မဲ လက်မှတ် ထုတ်ယူမှုမှာ ၉၆၄စောင်ရှိပြီး ၈စောင် ပြန်အပ်ငသည့် အတွက် ကြိုတင်မဲကို တပ်မတော်သား နှင့် တပ်မတော်သား မိသားစု ၉၅၆ယောက်က ပေးထားတဲ့ သဘောရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly