မြန်မာနိုင်ငံအပေါ် မဲဆန္ဒရှင်များ အကောင်းမြင်မှု တစ်နှစ်အတွင်း ၂၆ ရာခိုင်နှုန်းကျဆင်း

မြန်မာနိုင်ငံအပေါ် မဲဆန္ဒရှင်များ အကောင်းမြင်မှု တစ်နှစ်အတွင်း ၂၆ ရာခိုင်နှုန်းကျဆင်း

နေပြည်တော်၊ နိုဝင်ဘာ ၇ ။               ။ မြန်မာမဲဆန္ဒရှင်တွေ နိုင်ငံအပေါ် အကောင်းမြင်မှုဟာ ၂၀၁၄ ခုနှစ်ကထက် ၂၆ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း စစ်တမ်းတစ်ခုက ဖော်ပြနေသည်။

ယင်းစစ်တမ်းကို မဇ္ဈိမမီဒီယာက ဦးဆောင်ကာ မလေးရှား Merdeka Center for Opinion Research က နည်းပညာ အကြံပေးခဲ့သည်။ စစ်တမ်းကို Myanmar Survey Research (MSR)က အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။

၂၀၁၅ အောက်တိုဘာ ၁၄ရက်မှ ၃၁ရက်အတွင်း ပြုလုပ်ခဲ့သည့် ယင်းစစ်တမ်းတွင် နိုင်ငံသည် လားရာဘက်ကို သွားနေသည်ဟု ဖြေဆိုသူ ၆၂ ရာခိုင်နှုန်းက ယုံကြည်ကြသည်။ အပြုသဘောဆောင်သည့် အမြင်များကို လူထုလူတန်းစား အသီးသီးတွင် တွေ့မြင်နိုင်သည်။

အပြုသဘောဆောင်သောအမြင်၏နောက်တွင် ထိန်းချုပ်ထားသည့် အချက်များစွာရှိနေသည်ဟုလည်း ဆိုသည်။ အဓိကအချက်များတွင် စီးပွားရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု(၄၂ရာခိုင်နှုန်း)၊ ပိုမိုကြီးမားလာသည့် ဒီမိုကရေစီနေရာ (၁၆ရာခိုင်နှုန်း)၊ ပညာရေးတိုးတက်လာမှု(၉ရာခိုင်နှုန်း)၊ ကောင်းမွန်သောအုပ်ချုပ်မှု(၈ရာခိုင်နှုန်း)၊ ပြုပြင်ပြောင်းလဲမှုများ(၇ရာခိုင်နှုန်း) နှင့် အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိလာမှု(၄ရာခိုင်နှုန်း)တို့ပါဝင်သည်။

အပြုသဘောဆောင်သည့် အမြင်များသည် ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလက ပြုလုပ်ခဲ့သည့် စစ်တမ်းနှင့် ယှဉ်လျင် အားနည်းနေပြီး ထိုစဉ်က ဖြေကြားသူ ၈၈ရာခိုင်နှုန်းက အကောင်မြင်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံအပေါ် ယေဘုယျအမြင်နှင့် ပတ်သက်၍ ဖြေဆိုသူအချို့က သတိရှိနေသည်ကို ပြသခဲ့ကြပြီး ဖြေဆိုသူ ၄၄ရာခိုင်နှုန်းက ၎င်းတို့၏ အိမ်ထောင်စုဝင်ငွေသည် လွန်ခဲ့သည့်နှစ်နှစ်ကနှင့် အတူတူပင်ဖြစ်ကြောင်း ဖြေဆိုခဲ့ပြီး ၂၁ရာခိုင်နှုန်းကမူ အဆိုးဆုံးဟု ဖြေကြားသည်။ ၃၄ ရာခိုင်နှုန်းကသာ ၎င်းတို့၏ အိမ်ထောင်စုဝင်ငွေ အကောင်းဆုံးဟု ဖြေကြားခဲ့သည်။

စစ်တမ်းအတွက် မေးမြန်းရာတွင် ဖြေဆိုသူ အများစုက နိုင်ငံရေးသိမြင်မှု မရှိသည်ကိုလည်း တွေ့မြင်ရသည်။

ဖြေဆိုသူအများစုသည် ရွေးကောက်ပွဲတွင် ၎င်းတို့ ဒေသတွင် ဝင်ရောက် အရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းထက် နိုင်ငံရေးပါတီကိုသာ သိရှိကြသည်။ မေးမြန်းသူ၏ ၂၉ ရာခိုင်နှုန်းကသာ ၎င်းတို့နယ်မြေတွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်ကို သိကျွမ်းခဲ့ကြပြီး ၄၃ရာခိုင်နှုန်းက နိုင်ငံရေးပါတီများကိုသာ သိကျွမ်းကြသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် စံချိန်တင် ကိုယ်စားလှယ်လောင်း ၆,၀၇၄ ဦးက ဝင်ရောက်ယှဉ်ပြိုင်အရွေးခံကြမည်ဖြစ်သည်။ ယခုကဲ့သို့ များပြားလှသည့်ကိန်းဂဏန်းများက ၎င်းတို့၏ သက်ဆိုင်ရာကိုယ်စားလှယ်လောင်းအသီးသီးကို သိရှိရေးမှာ ဖြေဆိုသူမဲဆန္ဒရှင်များအတွက် ကြီးမားသည့် စိန်ခေါ်မှုဖြစ်နိုင်သည်ဟု စစ်တမ်းက သုံးသပ်ထားသည်။

အဆိုပါ စစ်တမ်းကို အရွယ်ရောက်ပြီးသူ မြန်မာနိုင်ငံသား ၁၂၀၀ထံ သွားရောက်မေးမြန်းထားခြင်း ဖြစ်ပြီး ချင်းပြည်နယ်မှ လွဲ၍ ကျန်ပြည်နယ် နှင့် တိုင်းအားလုံးတွင် မေးမြန်းထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly