လီဗာပူးလ်ကို ဂုဏ်ပြုလိုက်တဲ့ ဂွာဒီယိုလာ၊ လမ်းပတ်

လီဗာပူးလ်ကို ဂုဏ်ပြုလိုက်တဲ့ ဂွာဒီယိုလာ၊ လမ်းပတ်
Photos: EPA

မန်ချက်စတာစီးတီးနည်းပြ ပက် ဂွာဒီယိုလာဟာ လီဗာပူးလ်အသင်းကို သူတို့ရဲ့ ချန်ပီယံဆုအတွက် ဂုဏ်ပြုလိုက်ပြီး ချယ်လ်ဆီးရဲ့ ဖရန့်လမ်းပတ်ကလည်း ရာသီတစ်လျှောက်လုံး ကြိုးကြာနီတို့ရဲ့ တည်ငြိမ်မှုကို ချီးကျူးလိုက်ပါတယ်။

ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချယ်လ်ဆီးကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်သွားပြီးနောက် ချန်ပီယံဆုကို လီဗာပူးလ်အသင်းဆီ လွှဲပြောင်းပေးခဲ့ရပါတယ်။

လမ်းပတ်က "လီဗာပူးလ်ကို ဂုဏ်ပြုလိုပါတယ်။ တကယ်တော့ ဒီကနေ့ပွဲဟာ ဒီရာသီချန်ပီယံဆုကို အဆုံးအဖြတ်ပေးခဲ့တယ်လို့ ကျနော် မထင်ပါဘူး။ လီဗာပူးလ်အသင်းရဲ့ တည်ငြိမ်မှု၊ စွမ်းဆောင်ရည်တွေနဲ့ နိုင်ပွဲတွေကပဲ အချိန်ကြာကြီးကတည်းက သူတို့ကို ချန်ပီယံဖြစ်ဖို့ အဆုံးအဖြတ်ဖြစ်စေခဲ့တာပါ။ ဟုတ်ပါတယ်။ သူတို့အတွက်လည်း မျှတပါတယ်။ သူတို့ကို အပြည့်အဝ အသိအမှတ်ပြုရမှာပါ။ သူတို့ ဒီချန်ပီယံဆုကို ဆွတ်ခူးဖို့ ထိုက်တန်ပါတယ်။ ကြီးကျယ်တဲ့ ကစားသမားတွေအတွက်ရော မန်နေဂျာအတွက်ရောပေါ့။

"ဒါက ပရီးမီးယားလိဂ်ပါ။ ပြီးခဲ့တဲ့ ၃ ရာသီမှာ လီဗာပူးလ်ကိုယ်တိုင်ရော၊ စီးတီးပါ သူတို့ရဲ့ ကိုယ်ပိုင်နည်းလမ်းတွေနဲ့ အကောင်းဆုံးလုပ်နိုင်ခဲ့တယ်။ ကျနော်ပြောခဲ့တဲ့အတိုင်း ဂွာဒီယိုလာနဲ့ ကလော့တို့ဆီကနေ အလုပ်တွေအများကြီးပေါ့။ ဒီပရောဂျက်အတွက် သူတို့ ဘယ်လိုအလုပ်လဲဆိုရင် ကစားသမားတွေ သူတို့ ခေါ်ယူခဲ့တယ်။ သူတို့က ဂရိတ်နည်းပြတွေပါ။ ထပ်ပြီး လီဗာပူးလ်ကို ချီးကျူးလိုပါတယ်။ သူတို့ အရမ်းကောင်းကောင်း လုပ်ခဲ့ပါတယ်။"လို့ ပြောပါတယ်။

လီဗာပူးလ်အသင်းဟာ အင်္ဂလန်အမှတ်ပေးချန်ပီယံဆုကို ၁၉၈၉-၉၀ ရာသီက နောက်ဆုံးရယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်လို့ နာမည်ပြောင်းလဲပြီးနောက်ပိုင်း ချန်ပီယံဆု ရယူနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် လီဗာပူးလ်တို့ နှစ်ပေါင်း ၃၀ ကြာ စောင့်ဆိုင်းနေခဲ့ရတဲ့ ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဆုကို ဒီရာသီမှာ အောင်ပွဲခံနိုင်ခဲ့ပြီဖြစ်ပါတယ်။

"လီဗာပူးလ်ပရိသတ်တွေ၊ နည်းပြ၊ ကစားသမားတွေကို ဂုဏ်ပြုပါတယ်။ သူတို့ဟာ ချန်ပီယံဆုနဲ့ တကယ့်ကို ထိုက်တန်လို့ပါ။"လို့ ဂွာဒီယိုကလည်း ပြောပါတယ်။

"ဒါက အမှန်တရားပါ။ ကျနော်တို့ဟာ သူတို့ရဲ့နောက် ခပ်ဝေးဝေးမှာ ကျန်ခဲ့ပေမယ့် တခြား ၁၈ သင်းတွေကလည်း ပိုလို့တောင် ဝေးနေပါတယ်။ လီဗာပူးလ်အသင်းက ပြီးခဲ့တဲ့ နှစ်ရာသီမှာ ကျနော်တို့ လုပ်ခဲ့သလို သူတို့ရဲ့ တည်ငြိမ်မှုကို ရှာဖွေတွေ့ရှိမှုကြောင့် စိတ်လှုပ်ရှားစရာကောင်းခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ ဒီနှစ်ဘောလုံးရာသီ စတင်ချိန်ကတည်းက ရမှတ်တွေ လျော့ခဲ့ရတာ၊ မျှတမှုတချို့ မရခဲ့တာ၊ ကျနော်တို့ ဒီကနေ့လိုမျိုး အမှားတွေပြုလုပ်ခဲ့တာတွေကြောင့်ပါ။ ပြီးတော့ လီဗာပူးလ်က ရမှတ်မဆုံးရှုံးခဲ့ဘူးလေ။"

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly