အင်ဂျင်ချို့ယွင်းမှုကြောင့် ရုရှလေယာဉ် ပျက်ကျခြင်းမဟုတ်ဟု ပြင်သစ်ပြော

အင်ဂျင်ချို့ယွင်းမှုကြောင့် ရုရှလေယာဉ် ပျက်ကျခြင်းမဟုတ်ဟု ပြင်သစ်ပြော

အီဂျစ် ဆိုင်နိုင်းကျွန်းဆွယ်တွင် ပျက်ကျသည့် ရုရှလေယာဉ်သည် နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ပျက်ကျခြင်းမဟုတ်ကြောင်း စုံစမ်းစစ်ဆေးမှုတွင် ပါသည့် ပြင်သစ်တာဝန်ရှိသူများက ဘီဘီစီသို့ ပြောကြားသည်။

လေယာဉ်မှ အချက်အလပ်မှတ်တမ်းကိရိယာကို စစ်ဆေးမှုအရ ရုတ်တရက်ပေါက်ကွဲမှုတစ်ခုဖြစ်၍ လေယာဉ်ပျက်ကျခြင်းဖြစ်သည်ဟုလည်း အခြားပြင်သစ် တာဝန်ရှိသူများက ပြောသည်။    လေယာဉ်ပျက်ကျမှုကြောင့် ယဉ်ပေါ်လိုက်ပါသူ ၂၂၄ ဦးစလုံး သေဆုံးခဲ့သည်။

အိုင်အက်စ်အဖွဲ့နှင့် ချိတ်ဆက်သည့် စစ်သွေးကြွအုပ်စုတစ်စုက ယင်းလေယာဉ်ကို ပစ်ချခြင်းဖြစ်သည်ဟု ကြေညာထားသည်။

ယင်းလေယာဉ်သည် ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်က အီဂျစ်နိုင်ငံ ရှမ်အယ်ရှိတ်မှ စိန့်ပီတာစဘတ်သို့ ပျံသန်းစဉ် ပျံတက်ပြီးမကြာမီ ပျက်ကျခဲ့ခြင်းဖြစ်သည်။ ယာဉ်ပေါ်လိုက်ပါသူအများစုမှာ ရုရှနိုင်ငံသားများဖြစ်ကြသည်။

ဆိုင်နိုင်းတွင် ကျက်စားသည့် စစ်သွေးကြွများကမူ ယင်းလေယာဉ်ကို ပစ်ချခဲ့ခြင်းမရှိကြောင်း ဆိုသည်။ အိုင်အက်စ်တို့က ဆီးရီးယားတွင် စစ်ဆင်နေသည့် ရုရှနှင့် အမေရိကန်နှစ်နိုင်ငံစလုံးကို စစ်ရေးဖြင့် တိုက်ခိုက်သွားမည်ဟု ကြွေးကြော်ထားသည်။

Ref ; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly