မားကပ် ရက်ရှ်ဖို့ဒ်ဟာ ပီအက်စ်ဂျီအသင်းရဲ့ ကိုင်လီယန် အမ်ဘာပေလိုပဲ အရည်အသွေးအားဖြင့် တူညီတဲ့ အဆင့်တန်းတစ်ခုမှာ ရှိနေတယ်လို့ မန်ချက်စတာတိုက်စစ်မှူးဟောင်း လူးဝစ် ဆာဟာအရ သိရပါတယ်။
အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ နောက်ကျဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ပြီးနောက် တနင်္ဂနွေနေ့က တော့တင်ဟမ်ကို ၁-၁ ဂိုးနဲ့ သရေကျတဲ့ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ မန်ယူအသင်းအတွက် ၃၂ ပွဲပါဝင်ကစားကာ ၁၉ ဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပါတယ်။
တချိန်တည်းမှာပဲ အမ်ဘာပေဟာ ကမ္ဘာ့ဘောလုံးလောကမှာ အရည်အသွေးအမြင့်ဆုံးကစားသမားတွေက တစ်ယောက်ဖြစ်ပြီး အသက် ၂၁ နှစ်သာ ရှိသေးပေမယ့် ကမ္ဘာ့ဖလားနဲ့ လီဂူး-၁ အမှတ်ပေးဖလား ၄ ကြိမ် ရရှိထားပြီးဖြစ်ပါတယ်။
ပီအက်စ်ဂျီတိုက်စစ်မှူးဟာ တစ်ဦချင်း ထူးချွန်ဂုဏ်ပြုဆုတွေနဲ့အတူ ဆုဖလားတွေ ဆွတ်ခူးခဲ့ပေမယ့် ရက်ရှ်ဖို့ဒ်ကတော့ အက်ဖ်အေဖလား ၁ ကြိမ်၊ လိဂ်ဖလား ၁ ကြိမ်နဲ့ ယူရိုပါလိဂ်ဖလား ၁ ကြိမ်သာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ရက်ရှ်ဖို့ဒ်အနေနဲ့ အမ်ဘာပေနဲ့တူညီတဲ့ ခြေစွမ်းတစ်ခုမှာ ရှိနေမလားလို့ မေးမြန်းတဲ့အပေါ် ဆာဟာက "ဟုတ်ပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ အလွန်လျင်မြန်တဲ့ ကစားသမားတွေဖြစ်ပြီး နောက်တန်းကစားသမား နှစ်ယောက် ဒါမှမဟုတ် သုံးယောက်လောက်ကို ကျော်ဖြတ်နိုင်ကာ နည်းစနစ်ပိုင်းစွမ်းရည်ရှိသူတွေလည်း ဖြစ်ပါတယ်။
"တိုက်စစ်ကစားပုံနေရာတွေအရလည်း မားကပ်နဲ့ ကိုင်လီယန်ဟာ အတော်လေးတူညီပါတယ်။ သူတို့ဟာ တောင်ပံထွက်ကစားရတာကို နှစ်သက်ကြပြီး ဗဟိုတိုက်စစ်ကစားသမားတွေအဖြစ်လည်း ကစားနိုင်ကြပါတယ်။"လို့ ပြောဆိုခဲ့ပါတယ်။
Ref; Metro