‘ပရီးမီးယားလိဂ်သွင်းဂိုး ၂၀၀ ပြည့်အောင် သွင်းယူလိုတယ်’ - ဟယ်ရီကိန်း

‘ပရီးမီးယားလိဂ်သွင်းဂိုး ၂၀၀ ပြည့်အောင် သွင်းယူလိုတယ်’ - ဟယ်ရီကိန်း
Photo: EPA

တော့တင်ဟမ် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ အင်္ဂါနေ့က ဝက်စ်ဟမ်းကို ၂-၀ ဂိုးနဲ့ အနိုင်ရတဲ့ ပွဲမှာ ဂိုးသွင်းယူပြီးနောက် ပရီးမီးယားလိဂ်သွင်းဂိုး ၂၀၀ ပြည့် တတိယမြောက်ကစားသမားဖြစ်လာဖို့ ရည်မှန်းထားပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ကလပ်အသင်းအတွက် သူ့ရဲ့ပွဲ ၂၀၀ မြောက်မှာ စပါးအသင်းအတွက် ၁၃၇ ဂိုးသွင်းယူနိုင်ခဲ့တာပါ။

အလန်ရှီးယားနဲ့ ဝိန်းရွန်နီတို့ဟာ ပရီးမီးယားလိဂ်ဂိုး ၂၀၀ ပြည့်မြောက်ခဲ့ကြတဲ့ ကစားသမားတွေဖြစ်ပါတယ်။

"ကျနော် အသက် ၂၆ နှစ်ပဲရှိပါသေးတယ်။ ဒါ့ကြောင့် ဒီဂိုး ၂၀၀ ပြည့်မှတ်တိုင်ကို ဒီကနေစလို့ နောက်ကျတာထက် စောပြီး ရောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။"လို့ ကိန်းက ပြောပါတယ်။

"ဂိုးသွင်းနေရတာဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးခံစားချက်ပါပဲ။"လို့ သူက Sky Sports ကို ပြောကြားခဲ့ပါတယ်။

ကိန်းဟာ ဒဏ်ရာကြောင့် ၆ လကြာ အနားယူခဲ့ရပြီး ဒီမတိုင်ခင် သူနောက်ဆုံးဂိုးသွင်းခဲ့တာက ဒီဇင်ဘာလဖြစ်ပါတယ်။ အခုဆိုရင်တော့ သူဟာ ဒီရာသီအတွက် ၁၂ ဂိုးသွင်းယူထားပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly