ရုံးပိုင် ဘတ်ငွေ ၃၃ သန်း အလွဲသုံးစားလုပ်သည့် ထိုင်းအမျိုးသမီး အဖမ်းခံရ

ရုံးပိုင် ဘတ်ငွေ ၃၃ သန်း အလွဲသုံးစားလုပ်သည့် ထိုင်းအမျိုးသမီး အဖမ်းခံရ

ဇွန် ၂၃

ထိုင်းနိုင်ငံ Prachuap Khiri Khan ပြည်နယ်အုပ်ချုပ်ရေးမှူးရုံး၏ ဘဏ္ဍာရေးနှင့်စာရင်းအင်းဌာနမှ အမျိုးသမီးအရာရှိတစ်ဦးသည် ပြီးခဲ့သည့်နှစ်အတွင်း ရုံးမှ ဘတ်ငွေ ၃၃ သန်းခိုးယူမှုအတွက် အဖမ်းခံလိုက်ရကြောင်း ဒေသခံမီဒီယာများတွင် ဖော်ပြခဲ့သည်။

ငွေအလွဲသုံးစားလုပ်မှုကို စုံစမ်းသိရှိပြီးနောက် ပြည်နယ်အုပ်ချုပ်ရေးမှူး Panlop Singhaseni က  Muang ရဲဌာနသို့တိုင်ကြားရန် အုပ်ချုပ်ရေးမှူးရုံးအကြီးအကဲ Dalaya Nil-on အားညွှန်ကြားသည့်အမိန့်ကို လက်မှတ်ရေးထိုးခဲ့သည်။

Prachuap Khiri Khan ပြည်နယ်တရားရုံးက ဇွန်လ ၂၀ ရက်တွင် ဖမ်းဝရမ်းထုတ်ပြီးနောက် ရဲများသည် တနင်္လာနေ့က ဘဏ္ဍာရေးနှင့်စာရင်းအင်းဌာနမှ Kanitha Hoythong (၂၈ နှစ်) ကို ဖမ်းဆီးခဲ့ပြီး စစ်ဆေးမေးမြန်းရန် ရဲစခန်းသို့ခေါ်ဆောင်သွားခဲ့သည်။ ကနဦးအနေဖြင့် သူမအား ငွေအလွဲသုံးစားလုပ်မှုနှင့်လိမ်လည်မှုတို့ဖြင့် တရားစွဲဆိုထားသည်။

Ms. Kanitha သည် နှစ်,နှစ်တစ်ကြိမ်သက်တမ်းတိုးနိုင်သော စာချုပ်ဖြင့် အဆိုပါရုံး၌ အလုပ်လုပ်နေခြင်းဖြစ်သည်။

စုံစမ်းမေးမြန်းမှုတွင် Ms. Kanitha က  ရုံးမှ ဘတ်ငွေစုစုပေါင်း ၃၃ သန်းကို ခိုးယူခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။ သူမအနေဖြင့် တစ်ဦးတည်းကျူးလွန်ခဲ့ကြောင်းနှင့် လုပ်ပိုင်ခွင့်ရှိသည့်ငွေပေးချေသူများ၏လက်မှတ်များကို အတုပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ခိုးယူခဲ့သောငွေအချို့ကို အွန်လိုင်းလောင်းကစားပွဲတွင် သုံးခဲ့ကြောင်း ဝန်ခံခဲ့သည်။

Ms. Kanitha သည် ၂၀၁၉ ဇွန်လမှစ၍ ကွန်ထရက်တာများက အပ်နှံထားသောငွေများနှင့်မိုးခေါင်ရေရှားကယ်ဆယ်ရေးအတွက် လျာထားသောငွေများကို ဆွေမျိုးများ၏ ဘဏ်အကောင့်များဆီသို့ လွှဲခဲ့သည်ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly