ခရီးသွားကဏ္ဍ ပြန်လည်ဦးမော့ရန်အတွက် အချိန်ယူရမည်

ခရီးသွားကဏ္ဍ ပြန်လည်ဦးမော့ရန်အတွက် အချိန်ယူရမည်
Photo - AFP

ဇွန် ၂၃ရက်

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ၂၀၂၀ခုနှစ်၊ဇွန်လအတွင်း ထုတ်ပြန်သည့် COVID-19ကြောင့် မြန်မာနိုင်ငံ၏ခရီးသွားကဏ္ဍသည် ပြန်လည်ဦးမော့ရန်အတွက် အချိန်ယူရဦးမည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင် အချို့က ဆိုသည်။

လက်ရှိတွင် COVID-19 ကပ်ရောဂါကြောင့်  မြန်မာ့ခရီးသွားလုပ်ငန်း၏ စီးပွားရေးကျဆင်းမှုသည် ပိုမိုကျဆင်းသွား ရန်ရှိကြောင်းလည်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ စစ်တမ်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ခရီးသွားကဏ္ဍသည် ၂၀၂၀ခုနှစ်၊ဇန်နဝါရီလ မှ မေလအထိ၊ပထမ ၅လအတွင်းရရှိသည့် ဝင်ငွေသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ထက် ၅၄ ရာခိုင်နှုန်းကျဆင်းသွားကြောင်းလည်း ဝန်ကြီးဌာန၏က ဖော်ပြထားသည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ဇန်နဝါရီလမှ မေလအတွင်း မြန်မာနိုင်ငံသို့ဝင်ရောက်လာသော နိုင်ငံခြားခရီးသွား ဧည့်သည်များ၏ ဈေးဝယ်ခြင်းကြောင့် ရရှိသောဝင်ငွေသည် ကန်ဒေါ်လာ ၇၉.၈၅၉ သန်းရှိပြီး  ယခု၂၀၂၀ခုနှစ် ဇန်နဝါရီလမှ မေလ အတွင်းရရှိသည့် ဝင်ငွေသည် ကန်ဒေါ်လာ ၃၇.၂၅၇ သန်းထိ ကျဆင်းသွားခဲ့သည်။
တခြားသော ခရီးသွားကဏ္ဍနှင့်ဆက်စပ်နေသောလုပ်ငန်းများအနေဖြင့်လည်း ဝင်ငွေကျဆင်းမှုများဖြစ်ပေါ်နေသည် ဟု ဖော်ပြထားသည်။

သို့သော် လာမည့်နှစ် ယခုလိုအချိန်တွင်မူ ခရီးသွားလုပ်ငန်းသည် အရှိန်ပြန်ရနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီး သွားလုပ်ငန်းမြှင့်တင်ရေးအသင်း၏ အကြံပေးပုဂ္ဂိုလ် ဦးဖြိုးဝေရာဇာက မဇ္ဈိမကို ပြောဆိုသည်။

Photo - AFP

“ရှေ့လျောက်ရပ်တည်ဖို့ကတော့ အခုအစ်ကိုတို့မှာ ရှိတဲ့ဝန်ထမ်းတွေကို ထမင်းစားရုံလောက်ဘဲ လစာပေးထားနိုင်ပြီး ၊ အလုပ်လဲမရှိဘူး ။အဲ့တော့သူတို့တွေကို အိမ်ကနေဘဲအလုပ်လုပ်ခိုင်းထားတယ်။ အခုလာမယ့်ပွင့်လင်းရာသီမှာ လေယာဉ်ပျံတွေစပျံမယ်ဆိုရင်တောင်မှဘဲ ဧည့်သည်တွေကလာဖို့ချက်ချင်းစဉ်းစားမှာမဟုတ်ဘူး။အဓိကကတော့ ကိုဗစ်ကို ကာကွယ်ဆေးပေါ်တဲ့ အချိန်ကျမှဘဲခရီးသွား လုပ်ငန်းကပြန်ပြီး အရှိန်ရမှာ။ အဲ့တာကလည်းနောက်နှစ် ဒီလိုအချိန်လောက်ကျမှဖြစ်လိမ့်မယ်လို့ခန့်မှန်းတယ်” ဟု  မြန်မာနိုင်ငံခရီးသွားလုပ်ငန်းမြှင့်တင်ရေးအသင်း၏ အကြံ ပေးပုဂ္ဂိုလ် ဦးဖြိုးဝေရာဇာ မဇ္ဈိမကိုပြောဆိုခဲ့သည်။

လက်ရှိအချိန်သည် ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍနှင့်ဆက်စပ်နေသောလုပ်ငန်းများတွင် ကြီးမားသော သက်ရောက်မှုရှိနိုင်မည်ဖြစ်ခြင်းကြောင့် ယင်းလုပ်ငန်းများအပေါ် အခွန်သက်သာခွင့်နှင့် ချေးငွေထုတ်ပေးခြင်းစ သည့် ကိစ္စရပ်များကို ဆောင်ရွက်သင့်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက ဆိုသည်။

သို့သော် ဟိုတယ်နှင့်ခရီးသွားလာမှု ညွန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှုချုပ် ဦးအောင်အေးဟန် ကမူ အခွန် နှင့်လိုင်စင်ကြေးများကို ဖြေလျော့ပေးထားကြောင်း ဆိုသည်။

 “ Survival ကာလမှာ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာလုပ်ငန်းတွေအတွက်ကို အခွန်တွေ လိုင်စင်ကြေးတွေ ဌားရမ်း ခတွေဖြည်လျော့ပေးတာပေါ့ဗျာ။အခုဆိုလို့ရှိရင် ကျွန်တော်တို့ဆီမှာ လိုင်စင်ရယူထားတဲ့ ဟော်တယ်တွေ၊ တည်းခို ရိပ်သာတွေ၊ ဧည့်လမ်းညွှန်တွေ၊ ခရီးသွားကုမ္ပဏီတွေဆိုရင် ကျွန်တော်တို့ ၁နှစ်တိတိ လုံးဝ လိုင်စင်ကြေးမယူပါ ဘူး။ဖြည်လျော့ပေးလိုက်ပါပြီ” ဟု ဟိုတယ်နှင့်ခရီးသွားလာမှု ညွှန်ကြားမှုဦးစီးဌာန မှ ဒုတိယညွှန်ကြား ရေးမှုချုပ် ဦးအောင်အေးဟန်က မဇ္ဈိမကို ပြောသည်။

လက်ရှိ ကိုဗစ်ကပ်ရောဂါကာလကြောင့်လည်း ခရီးသွားလုပ်ငန်းကဏ္ဍမှ လုပ်ငန်းများ၏ တိုးတက်မှု၊ကျဆင်းမှုသည် သုံးသပ်ရခက်ခဲသည့် အခြေအနေတွင်ရှိကြောင်း ခရီးသွား ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly