Quaratine ဝင်မည့် ပြည်တော်ပြန်များကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွင် ဆက်လက် လက်မခံမည်မဟုတ်

Quaratine ဝင်မည့် ပြည်တော်ပြန်များကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွင် ဆက်လက် လက်မခံမည်မဟုတ်
ပုံ - MFF

ဇွန် ၂၂ရက်

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့်ဧရာဝတီဖောင်းဒေးရှင်းတို့ မှပူးပေါင်းလုပ်ဆောင်နေသည့် ပြည်တော်ပြန်များအား Quaratine ထားရှိရာ အမျိုးသားဘောလုံး အကယ်မီနှင့် သုဝဏ္ဏဘောလုံးကွင်း အမျိုးသားအိပ်ဆောင်တို့တွင် ထပ်မံလက်ခံမည်မဟုတ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်ထံမှာ သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အမျိုးသားဘောလုံး အကယ်ဒမီနှင့် သုဝဏ္ဏဘောလုံးကွင်း အမျိုးသားအိပ်ဆောင်တို့တွင် လူဦးရေ ၁၂၀ ကိုလက်ခံထားရန်စီစဉ် ထားခြင်းဖြစ်သည်။

လက်ရှိတွင် လူဦးရေ ၈၀ ဦးကို လက်ခံပြီးပြီဖြစ်သည့်အတွက် နောက်ထပ်လူဦးရေ ၄၀ ဦးကို ဆက်လက် လက်ခံပြီးနောက်တွင် ထပ်မံလက်ခံတော့မည်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဖြစ်သူ ဦး ကိုကိုသိန်း ကဆိုသည်။

ယခုကဲ့သို့ Quaratine ဝင်မည့် ပြည်တော်ပြန်များကို ထပ်မံလက်မခံခြင်းသည် လက်ရွေးစင်အသင်းများမှ အား ကစားသမားများနှင့်အကယ်ဒမီ ကစားသမားများကို Quaratine ၂၁ရက်ထားရှိမည်ဖြစ်သည့်အတွက် လက်မခံခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဖြစ်သူ ဦးကိုကိုသိန်းက ပြော သည်။

“အဖွဲ့ချုပ်က ကွာရန်တင်းစင်တာထားတာ  တတိယအကြိမ်မြောက်ပါ။အခု ၂၁ ရက်နေ့ ပြီးတာနောက် နောက်ထပ်မံထားရှိသွားမှမဟုတ်တော့ပါဘူး။ ဒီဘက်မှ လက်ရွေးစင်အသင်းတွေ စခန်းသွင်းလေ့ ကျင့်ရတော့မယ်။ အကယ်ဒမီကစားသမားတွေကို ပြန်လည်ထားရှိ သွားမှပါ “  ဟု ဦးကိုကိုသိန်းက ပြောသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုများအတိုင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သုဝဏ္ဏ ဘောလုံးကွင်းအတွင်းရှိ အမျိုးသားအိပ်ဆောင်နှင့် အမျိုးသားဘောလုံးအကယ်ဒီ(ရန်ကုန်)တို့တွင် ပြည်တော်ပြန်များအတွက် Quaratine ထားရှိရန် ပြီးခဲ့သည့် မတ်လကတည်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

 မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ Quaratine  Center များတွင် ပထမအကြိမ်၌ ပြည်တော်ပြန် ၁၂၀ကျော်နှင့် ဒုတိယအကြိမ်တွင်  ပြည်တော်ပြန် ၁၃ ဝကျော်တို့ကို လက်ခံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly