ဗိုလ်တထောင် တပ်နှင့် ဌာနဆိုင်ရာမှ ကြိုတင်မဲ ရ၇၇ ဦးထိပေးပြီးဟုဆို

ဗိုလ်တထောင် တပ်နှင့် ဌာနဆိုင်ရာမှ ကြိုတင်မဲ ရ၇၇ ဦးထိပေးပြီးဟုဆို
ဓာတ်ပုံ- ဟိန်းကိုစိုး

ရန်ကုန်၊ နိုဝင်ဘာ ၇ ။             ။ ဗိုလ်တစ်ထောင်မြို့နယ်အတွင်းရှိ၊ တပ်စခန်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ ကြိုတင်မဲ ၇၇၇ ဦးထိပေးခဲ့ပြီးပြီဟု ယင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်   ပြည်သူ့လွှတ်တော်အမတ်လောင်း ဒေါ်မေစိုးက နိုဝင်ဘာ ၇ရက်တွင် ပြောသည်။

ယင်း ၇၇၇ဦးသည် ဌာနဆိုင်ရာနှင့် တပ်စခန်းများမှဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမှ ကြိုတင်မဲပေးသူများလည်း ဖြစ်သည်။

ဌာနဆိုင်ရာ၊ တပ်မတော်အပါအဝင် အရပ်သားများမှ ပေးသည့် ကြိုတင်မဲအရေအတွက်အားလုံး စုစုပေါင်းကို မသိရသေးဘူးဟုလည်း ဒေါ်မေစိုးကပြောသည်။

"တပ်သုံးခုရှိတယ်။ အဲဒီထဲကမှ နိုဝင်ဘာ ၅ရက်ထိ ကြိုတင်မဲပေးထားတာပါ။ ကျန်တဲ့ ၆ရက်နဲ့ ၇ရက်ကတော့ မသိရသေးဘူး။ ဗိုလ်တစ်ထောင်မှာက တပ်က မဲပေးမယ့်သူ သုံးထောင်ငါးရာလောက် ရှိတယ်ဆိုပေမယ့် ကျန်တဲ့မဲရဲ့ သုံးပုံနှစ်ပုံတော့ ကျွန်မရမယ်လို့ ယုံကြည်တယ်။" ဟု ဒေါ်မေစိုးကပြောသည်။

ဗိုလ်တစ်ထောင်မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၉၇၈၆ဦးထိ ရှိသည်ဟု မြို့နယ်ကော်မရှင်မှသိရသည်။ ယင်းအရေအတွက်သည် ဗိုလ်တစ်ထောင်မြို့နယ်အတွင်း ဧရာဝတီရေတပ်စခန်း ရ/ခ ၊ လလခ ၆၅၆ နှင့်၊ တပ်မတော် အင်ဂျင်နီယာတပ် စသည့် တပ်မတော်အခြေစိုက် တပ်စခန်း ၃ခုမှတပ်တွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၄၆၂ဦးအထိ ပါဝင်သည်။

တပ်အခြေစိုက်စခန်း ၃ခုအတွင်း မဲရုံ ၃ရုံထားရှိကာ ယင်းအပါအဝင် ဗိုလ်တထောင်မြို့နယ်အတွင်း မဲရုံပေါင်း ၄၁ရုံအထိရှိသည်။ ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာ ၈ရက်တွင် ဗိုလ်တစ်ထောင်မြို့နယ်အတွင်းရှိ မဲရုံတစ်ရုံ၌ မဲဆန္ဒရှင် ၁၅၀၀ ကျော်ထိမဲပေးနိုင်ရေး လက်ခံဆောင်ရွက်ရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly