စွန့်ပစ် mask အပါအဝင် ကွာရန်တင်းစင်တာမှ စွန့်ပစ်ပစ္စည်းများကို သီးသန့်မီးရှို့ဖျက်ဆီး

စွန့်ပစ် mask အပါအဝင် ကွာရန်တင်းစင်တာမှ စွန့်ပစ်ပစ္စည်းများကို သီးသန့်မီးရှို့ဖျက်ဆီး
ဓာတ်ပုံ - သက်ကို / မဇ္ဈိမ

ဇွန် ၂၀

ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ကပ်ရောဂါကာလအတွင်း နေ့စဉ်အသုံးပြုပြီးနောက် စွန့်ပစ်သည့် Maskများနှင့် Quaratine Center များမှ စွန့်ပစ်ပစ္စည်းများကို ရွှေပြည်သာမြို့နယ်၊တော်ကျောင်းကလေးသုဿန် နှင့် ထိန်ပင်ရှိ အမှိုက်မီးရှို့စက်ကြီးတွင် နေ့စဉ်မီးရှို့ဖျက်ဆီးနေကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော် မတီဝင် ဒေါ်သန်းမြင့်အောင်က မဇ္ဈိမသတင်းဌာနသို့ ပြောသည်။

ထို့ပြင် ၎င်းစွန့်ပစ်ပစ္စည်းများ များပြားလာပါက ဖောင်ကြီးတွင် တည်ဆောက်ထားသည့် ဆေးရုံ၊ဆေးခန်းသုံး ပစ္စည်းများ မီးရှို့စက်တွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

“ရွှေပြည်သာက အမှိုက်မီးရှို့စက်က တစ်နေ့တန်၆၀ ရှို့လို့ရတယ်။ထိန်ပင်မှလည်း ရှို့တယ်။ ဒီထက်များ လာရင်ရှို့ဖို့အတွက် ဖောင်ကြီးမှာလည်း မီးရှို့စက်တစ်ခုထပ်တည်ထားတယ်။ ဆေးရုံဆေးခန်း မီးရှို့စက်က သူဟာနဲ့သူ အမြဲလည်ပတ်နေတာ။ ဒီ COVID-19 ကာလမှကြ ရွှေပြည်သာမှရှို့တာများတယ်။ Mask တွေ၊ သံသာယရှိလူနာ တွေ စွန့်ပစ်ထားတဲ့အမှိုက်တွေ ၊ကွာရန်တင်း နေရာက အမှိုက်အကုန်လုံးကို  ရွှေပြည်သာ မီးရှို့စက်မှ မီးရှို့ပါတယ် “ ဟု ဒေါ်သန်းမြင့်အောင်က ပြောဆိုသည်။

နေ့စဉ်နှင့်အမျှ လူတိုင်းနီးပါး Mask တပ်ပြီး သွားလာနေကြချိန်တွင် စည်ပင်သာယာရေးကော်မတီ အနေဖြင့် ယင်းကဲ့သို့ စွန့်ပစ် Mask များအပါအဝင် ကွာရန်တင်းစင်တာများမှ အမှိုက်များသိမ်းဆည်းရန်အတွက် သီးသန့် အမှိုက်သိမ်းသည့် ယာဉ်များ နှင့် အမှိုက်သိမ်းဝန်ထမ်းများကို သီးသန့်ထားရှိထားကြောင်း ၎င်းကဆိုသည်။

ထို့ပြင် ၎င်းအမှိုက်များသိမ်းဆည်းလုပ်ကိုင်မည့် ဝန်ထမ်းများကိုကွာရန်တင်းထားရှိခြင်းအပြင် မိသားစုနှင့်အတူ နေထိုင်ခြင်းမပြုထားကြောင်းလည်း သိရသည်။

 “ဝေဘာဂီဆေးရုံ မှာတင် ဝန်ထမ်းတွေကို ကွာရန်တင်း ထားထားတာရှိတယ်။ အဲဆေးရုံက အမှိုက်တွေကို သိမ်းတာပါ။ ဆေးရုံးဝန်းထဲက အမှိုက်တွေကို သိမ်းတဲ့လူရှိတယ်။ အပြင်ကိုသွားသယ်တဲ့လူရှိတယ်။ အပြင်က နေမှ အမှိုက်မီးရှို့စက်ကို သယ်သွားတဲ့လူတွေရှိတယ်။ အမှိုက်မီးရှို့စက်မှာ မီးရှို့တဲ့လူတွေရှိတယ်။ အမှိုက်က ၃ခုပေါ့ ၊ ဝန်ထမ်းက ၃မျိုး ၃စား ဖြစ်နေတာပေါ့ ။ဆေးရုံမှာသိမ်းတဲ့လူက တစ်ယောက်၊ ဆေးရုံကနေ့မီးရှို့ စက် ကို ပို့တာ တစ်ယောက် ၊ မီးရှို့စက်မှာက တစ်ယောက် ဆိုတော့ ၊ ဆေးရုံထဲကလူကို ဆေးရုံထဲမှာပါ Quaratine ထားထားပါတယ်။ အဲဒီကနေ့လုံခြုံအောင်ထုတ်ပြီးပေးလိုက္တာပါ။ “  ဟု ဒေါ်သန်းမြင့်အောင်က ပြောကြားသည်။

ယင်းအသုံးအဆောင်ပစ္စည်းများကို  သိမ်းဆည်းပြီး မီးရှို့ဖျက်ဆီးရာတွင် သွားရောက်သိမ်းဆည်းသူ လူများကို ခရိုင်လေးခုခွဲထားပြီး ခရိုင်လေးခုအတွင်းရှိ သီးသန့်နေရာများတွင် ထားရှိထားကြောင်း နှင့် မီးရှို့ဖျက်ဆီးရသည့် ဝန်ထမ်းများကိုမူ ယင်းနေရာအနီးမှာသာ Quaratine ထားရှိထားကြောင်း သိရသည်။

ရန်ကုန်မြို့တွင် တစ်နေ့လျှင် အမှိုက် တန်ချိန် ၂၀၀၀ ကျော်ခန့် ထွက်ရှိလျက်ရှိပြီး ထားဝယ်ချောင်သုသာန်နှင့် ထိန်ပင်သုသာန်တို့ တွင် မီးရှို့ဖျက်ဆီးလျက်ရှိ ပြီး ရွှေပြည်ရှိ အမှိုက်မီးရှို့စက်အသစ် တွင် အဓိကထား ပြီး မီးရှို့ဖျက်ဆီးလေ့ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly