မန္တလေးလေဆိပ်မှာ E 190 လေယာဉ် ရှေ့ဘီးချမရဖြစ်ခြင်း ပြုပြင်ထိန်းသိမ်းမှုလျော့ရဲမှုဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ပြော

By Flight Global
19 June 2020
မန္တလေးလေဆိပ်မှာ E 190 လေယာဉ် ရှေ့ဘီးချမရဖြစ်ခြင်း ပြုပြင်ထိန်းသိမ်းမှုလျော့ရဲမှုဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ပြော

ဇွန် ၁၉

ပြီးခဲ့သည့်နှစ် မေလ ၁၂ ရက်က မန္တလေးအပြည်ပြည်ဆိုင်ရာ တံတားဦးလေဆိပ်တွင် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ Embraer 190 လေယာဉ်ဆင်းသက်စဉ် ရှေ့ဘီးမကျခဲ့မှုသည် ပြုပြင်ထိန်းသိမ်းမှုမလျော်ကန်ခြင်းကြောင့်ဟု စုံစမ်းစစ်ဆေးသူများက ယုံကြည်ထားကြသည်။

ရန်ကုန်မှထွက်ခွါလာသော လေယာဉ်အမှတ် XY-AGQ သည် မန္တလေးလေယာဉ်ပြေးလမ်း ၁၇ တွင် ရှေ့ဘီးမကျဘဲဆင်းသက်ခဲ့ရမှုကြောင့် လေယာဉ်ကိုယ်အောက်ပိုင်း၊ ရှေ့ဘီးတံခါးနဲ့ တခြားစနစ်များ ပျက်စီးမှုရှိခဲ့သည်။ လေယာဉ်ပေါ်လိုက်ပါလာသော အမှုထမ်းနှင့်ခရီးသည် ၈၉ ယောက်သည် ထိခိုက်ဒဏ်ရာမရရှိခဲ့ပေ။

လေယာဉ်ပျံသန်းမှုမှတ်တမ်းအချက်အလက်စစ်ဆေးမှုအရ main landing gear နှင့် nose-gear (ရှေ့ဘီး) ပေါ်တွင်ရှိသည့် weight-off-wheels sensor များသည် လေယာဉ်ရန်ကုန်မှအထွက်တွင် မှန်မှန်ကန်ကန် မှတ်တမ်းတင်နိုင်ခဲ့သည်ကို ပြသနေသည်။

Landing-gear ပြန်သိမ်းရန် ညွှန်ကြားပြီးခဏအကြာတွင် ရှေ့ဘီးခလုတ်အချက်ပြသည် false ဟု အချက်ပြနေခဲ့သည်။ မြန်မာနိုင်ငံ လေယာဉ်မတော်တဆမှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဗျူရိုက ပြောကြားရာတွင် ရှေ့ဘီးသည် ၎င်း၏ဗဟိုအနေအထားမှချော်ထွက်နေပြီး ၂၀ ဒီဂရီလှည့်နေသည်ဟု ဆိုသည်။ လေယာဉ်ဘီးခန်းအတွင်း ရှေ့ဘီးသည် ရှစ်ဒီဂရီထက်ပိုမိုလှည့်နေပါက landing-gear ထုတ်သည့်အချိန်တွင် ဘီးခန်းအတွင်းမှ ရှောရှောရှူရှူမထွက်နိုင်တော့ပေ။

ထို့ကြောင့် လေယာဉ်မှူးက လေဆိပ်အရောက် landing-gear ချရန်ကြိုးစားရာတွင် ရှေ့ဘီးမှာ ညပ်နေခဲ့ခြင်းဖြစ်သည်။

ယခင်လေယာဉ်ခရီးစဉ် ၂၃ ခုနှစ်တွင်လည်း အလားတူ အဖြစ်မျိုးရှိကြောင်း လေယာဉ်မှတ်တမ်းတင်အချက်အလက်များအရ သိရသည်။

လေယာဉ်များအားလုံး ထူးခြားချက်တစ်စုံတစ်ရာမရှိဘဲ ပျံသန်းချိန်တွင် ရှေ့ဘီးတာယာများလည်ထွက်ပြီး ဘီးတွင်ညပ်နေသည့် အန္တရာယ်ရှိခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြောသည်။

Weight-on- wheels စနစ်နှင့်ပတ်သက်သော ပြဿနာကို ပြုပြင်ရာတွင် မကြာသေးမီက ရှေ့ဘီးဝန်ဆောင်မှုပိုင်းများပြုလုပ်ထားကြောင်း ထိုအချက်များက ညွှန်ပြသည်။ ၎င်းပြဿနာသည် မတော်တဆမှုမဖြစ်ပွားမီ လေးရက်အလို မေလ ၈ ရက်က ရန်ကုန်-မန္တလေးခရီးစဉ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရန်ကုန်သို့ပြန်ရောက်ပြီးနောက် ရှေ့ဘီး sensor များပြုပြင်ထိန်းသိမ်းပြီးနောက် ပြန်လည်ပြေးဆွဲခဲ့သည်။

မေလ ၁၁ ရက်က တခြား ရန်ကုန်-စစ်တွေ လေယာဉ်ခရီးစဉ်တွင်လည်း လေယာဉ်မှူးသည် လေယာဉ်တက်ချိန်နှင့်ဂီယာသိမ်းစဉ်အတွင်း ရှေ့ဘီးများတုန်ခါနေမှုကို  ခံစားခဲ့ရသည်ဟုဆိုသည်။ လေယာဉ်ကို တစ်ညလုံး နောက်ထပ်ပြုပြင်ထိန်းသိမ်းမှုများ လုပ်ပေးခဲ့ရသည်။

ပထမလေယာဉ်မတော်တဆဖြစ်မှုသည်လည်း ပြုပြင်ထိန်းသိမ်းပြီးနောက် ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly