တရုတ်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူအသစ် ၃၂ ဦး ထပ်တွေ့၊ ၂၅ ဦးသည် ပေကျင်းမြို့မှ ဖြစ်

တရုတ်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူအသစ် ၃၂ ဦး ထပ်တွေ့၊ ၂၅ ဦးသည် ပေကျင်းမြို့မှ ဖြစ်

ဇွန် ၁၉

တရုတ်ပြည်မကြီးတွင် ဇွန်လ ၁၈ ရက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၃၂ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ၂၅ ဦးသည် မြို့တော် ပေကျင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်း တရုတ် အမျိုးသား ကျန်းမာရေး ကော်မရှင်က ဇွန်လ ၁၉ ရက်တွင် ထုတ်ပြန်သည်။

ယင်းမတိုင်မီ အစောပိုင်းတစ်ရက်ကလည်း ပေကျင်းမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၁ ဦးအပါအဝင် တရုတ်ပြည်မကြီးတွင် ကူးစက်ခံရသူ ၂၈ ဦးကို တွေ့ရှိထားခဲ့သည်။

ယခုအခါ မြို့တော် ပေကျင်း၌ ပြည်သူများ၏ သွားလာလှုပ်ရှားမှုများကို အာဏာပိုင်များက ကန့်သတ်ပိတ်ပင်မှုများ လုပ်ဆောင်လျက်ရှိသည်။

ထို့ပြင် ပြည်တွင်းကူးစက်မှု ဖြစ်စဉ်များ ဆက်တိုက်တွေ့ရှိပြီးနောက် ဗိုင်းရပ်စ် ထပ်မံ ကူးစက်ခြင်းကနေ တားဆီးကာကွယ်ရန် အခြားသော အစီအမံများကို သက်ဆိုင်ရာ အာဏာပိုင်များဘက်က အရှိန်မြှင့်တင်လုပ်ဆောင်လျက် ရှိသည်။

အလားတူ ဗိုင်းရပ်စ် ကူးစက်ခံရပြီး ရောဂါလက္ခဏာမပြသူ နောက်ထပ် COVID-19 လူနာငါးဦး တွေ့ရှိကြောင်း ဇွန်လ ၁၈ ရက်တွင် တာဝန်ရှိသူများက ထုတ်ပြန်သည်။ ယင်းမတိုင်မီ တစ်ရက်ကလည်း အဆိုပါကဲ့သို့ လူနာ ရှစ်ဦးကို တွေ့ရှိထားခဲ့သည်။

တရုတ်တွင် ဗိုင်းရပ်စ် ကူးစက်ခံရပြီး ရောဂါလက္ခဏာမပြသည့် လူနာများကို အတည်ပြုကူးစက်မှုဖြစ်စဉ်များအဖြစ် ထည့်သွင်း မရေတွက်ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly