ဂုတ်တွင်းလမ်းမှာ ခရီးသည်တင်ကားတစ်စီးချောက်ထဲထိုးကျ သုံးဦးသေဆုံး

17 June 2020
ဂုတ်တွင်းလမ်းမှာ ခရီးသည်တင်ကားတစ်စီးချောက်ထဲထိုးကျ သုံးဦးသေဆုံး

ရှမ်းပြည်နယ် ကျောက်မဲခရိုင် နောင်ချိုမြို့နယ် မန္တလေး-လားရှိုးသွားကားလမ်း ပြည်ထောင်စုလမ်းမကြီးရဲ့ ဂုတ်တွင်းလမ်းပိုင်း မိုင်တိုင်အမှတ် ၈၃နဲ့ ၈၄ ကြားကုလားမကွေ့ ခရီးသည်ကားတစ်စီး ချောက်ထဲထိုးကျခဲ့လို့ လူသုံးဦးသေဆုံးခဲ့ပါတယ်။

ဇွန်လ ၁၇ရက် နံနက် ၃နာရီခြဲ ဝန်းကျင်က ကားဘရိတ်ပေါက်ကာ ထိုးကျသွားတဲ့ဖြစ်စဉ်မှာ ဒရိုက်ဘာအပါအဝင် အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီး(၁) ဦးသေဆုံးခဲ့တာပါ။

တည်းဖြတ် /တင်ဆက် - ချမ်းငြိမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly