ဂုတ်တွင်းလမ်းမှာ ခရီးသည်တင်ကားတစ်စီးချောက်ထဲထိုးကျ သုံးဦးသေဆုံး

ဂုတ်တွင်းလမ်းမှာ ခရီးသည်တင်ကားတစ်စီးချောက်ထဲထိုးကျ သုံးဦးသေဆုံး
Photo - Myanmar Fire Services Department

ဇွန် ၁၇

ရှမ်းပြည်နယ် နောင်ချိုမြို့နယ်အတွင်းက ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဂုတ်တွင်းလမ်းတွင် ခရီးသည်တင်ကားတစ်စီး ချောက်ထဲထိုးကျပြီး သုံးဦးသေဆုံးသွားကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

Photo - Myanmar Fire Services Department

ဇွန်လ ၁၇ရက် နံနက် ၃နာရီဝန်းကျင်က နောက်ချိုဘက်ခြမ်း မိုင်တိုင်အမှတ် (၈၃)၊ (၈၄)ကြားရှိကုလားမကွေ့ အရောက်တွင် ချောက်ထဲကို ထိုးကျသွားခြင်းဖြစ်ကာ အခင်းဖြစ်ရာနေရာတွင် နှစ်ဦးနှင့် နောင်ချိုဆေးရုံတွင် တစ်ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။

Photo - Myanmar Fire Services Department

ကမ်းလင့်လက်များ ပရဟိတအဖွဲ့အတွင်းရေးမှူး ဦးနေအောင်က “ ဒီနေ့ မနက် ၃နာရီ၁၅လောက်ကပါ။ Expressကားပါ။ အခုကတော့ ပြင်လွင်ဦးဆေးရုံကို ထပ်လွဲလို့ ဒဏ်ရာရသူတွေကို အခုလိုက်ပို့ပေးနေပါတယ်။” ဟု မဇ္ဈိမသို့ ပြောသည်။

Photo - Myanmar Fire Services Department

အဆိုပါ ချောက်ထဲထိုးကျသွားသည့်ကားမှာ မကွေးဘက်မှ လားရှိုးသို့ လာသည့် ခရီးသည်တင်ကားဖြစ်ပြီး ကားပေါ်တွင် လိုက်ပါလာသူ ၁၆ဦးရှိကြောင်း သိရသည်။ 

ခရီးသည်များထဲတွင်သုံးဦးသေဆုံးကာ ဒဏ်ရာရသူ ၁၃ ဦးအနက်အရိုးကျိုးသွားသည့် လူနာ ငါးဦးကိုတော့ နောင်ချိုဆေးရုံမှ ပြင်ဦးလွင်ဆေးရုံသို့ ဆေးကုသမှုဆက်လက်ခံယူရန် အတွက် ပရဟိတကားများက လိုက်လံပို့ဆောင်ပေးနေကြောင်း သိရသည်။ 

Photo - Myanmar Fire Services Department

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်မှာတော့ ချောက်ထဲထိုးကျသွားသည့်ကားမှာ ဘရိတ်ပေါက်ပြီး ထိုးကျသွားခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly