ကြီးမားသည့် ကိစ္စရပ်များ အမျိုးသမီးများ မဆုံးဖြတ်သင့် သမ္မတ အထက် ဘယ်သူရှိမလဲလို့ ကြံ့ခိုင်ရေး ပြော

ကြီးမားသည့် ကိစ္စရပ်များ အမျိုးသမီးများ မဆုံးဖြတ်သင့် သမ္မတ အထက် ဘယ်သူရှိမလဲလို့ ကြံ့ခိုင်ရေး ပြော

အိမ်ထောင်တစ်ခုတွင် ကြီးမားသည့်ဆုံးဖြတ်ချက်ကို အမျိုးသမီးများကို မဆုံးဖြတ် ခိုင်းသင့်ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးနန္ဒကျော်စွာက နိုဝင်ဘာ ၆ရက်၊ သင်္ကန်းကျွန်း၊ သုဝဏ္ဏမြို့ဦးစေတီ ဘုရားကွင်း၌ ပြုလုပ်သည့် ရန်ကုန်တိုင်း လူထုတွေ့ဆုံပွဲတွင် ပြောခဲ့သည်

"အိမ်တစ်အိမ်မှာ အိမ်ထောင်ဦးစီးက အိမ်ဦးနတ်ပါ။ ကြီးမားတဲ့ကိစ္စကို ခင်ပွန်းသည်က ဆုံးဖြတ်ပါတယ်။ သေးငယ်တဲ့ကိစစ္စကိုတော့ ဇနီးသည်ကဆုံးဖြတ်ပါတယ်။ အဲဒီကိစ္စက ကြီးသလား ငယ်သလားမသိတာကို မိန်းမကဆုံးဖြတ်မယ်ဆိုရင်။ သင့်မသင့် စဉ်းစားပေးကြပါ။" ဟု ၎င်းကဆိုသည်။

ပြည်ခိုင်ဖြိုးက ယင်းနေရာတွင်ပြင် အောက်တိုဘာ ၁၀ရက်က လူထုတွေ့ဆုံ ပွဲပြုလုပ်ခဲ့သေးသည်။ နိုဝင်ဘာ ၆ရက်တွင် ပြုလုပ်သည့် ပြည်ခိုင်ဖြိုး လူထုတွေ့ဆုံပွဲတွင် ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီ တစ်သောင်းခန့် (ကွင်းတစ်ဝက်နီးပါး၊ ခန့်မှန်းအင်အား) တက်ရောက်ခဲ့သည်။

ကြီးမားသည့်ကိစ္စများကို အမျိုးသမီးများက မဆုံးဖြတ်ခိုင်းသင့်ဟု ဝေဖန်မှုအပြင်၊ နိုင်ငံတော် ဥသျှောင်သည် သမ္မတ ဖြစ်ပြီး၊ သမ္မတအပေါ်တွင်မည်သူက ရှိနိုင်မည်နည်း ဟုလည်း မေးခွန်းထုတ်ဝေဖန်ခဲ့သေးသည်။

"နိုင်ငံတစ်နိုင်ငံမှာလည်း ဘုရင်၊ သမ္မတကနိုင်ငံရဲ့ ဥသျောင်ဖြစ်ပါတယ်။ ဖွဲ့မှာလည်း နိုင်ငံတော် အကြီးအကဲဟာ သမ္မတဖြစ်ပါတယ်။ အုပ်ချုပ်ရေးကိုလည်း သမ္မတက ဦးဆောင်ပါတယ်။ အရာရာကို သမ္မတက ဦးဆောင်ပြီး ဆောင်ရွက်တာပါ။ အခုတော့ သမ္မတရဲ့အထက်မှာ ဘယ်သူများရှိပါဦးမလဲမသိဘူးဗျာ။" ဟုလည်း ဦးနန္ဒကျော်စွာက ဝေဖန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags