မဲပေးခွင့် ဆုံးရှုံးမည့် အလားအလာရှိနေ မကျေနပ်မှုများ ဖြစ်လာနိုင်ဟု NLD သတိပေးချက် ထုတ်ပြန်

မဲပေးခွင့် ဆုံးရှုံးမည့် အလားအလာရှိနေ မကျေနပ်မှုများ ဖြစ်လာနိုင်ဟု NLD သတိပေးချက် ထုတ်ပြန်

ရွေးကောက်ပွဲတွင် မဲပေးခွင့် အခွင့်အလမ်းများ ဆုံးရှုံးနိုင်သည့် အလားအလာများ မြင်တွေ့နေရပြီး မကျေနပ်များဖြစ်လာနိုင်ခြင်းကြောင့် မတုန့်ပြန်ကြရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က နိုဝင်ဘာ ၆ ရက်တွင် သတိပေးချက် ထုတ်ပြန်လိုက်သည်။

“မဲစာရင်းများ မှားဆဲမှားလျက်ရှိနေကြောင်းတွေ့ရပါသည်။ အချို့သော နိုင်ငံသားများအတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သတ်မှတ်ထားသော နိုင်ငံသားတိုင်း မဲပေးခွင့်ရမည့် အခွင့်အရေး ဆုံးရှုံးမည့် အလားအလာကို တွေ့ရပါသည်” ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“ထို ဖြစ်ရပ်များ ကြုံလာသည့်အခါ ဒေါသအလျောက် တုန့်ပြန်ကြမည့်ကိုလည်း ကြိုတင်မှန်းဆမိပါသည်။ ထိုမကျေနပ်ချက်များကို အခြေခံ၍ ဖြစ်ပေါ်လာသော စိတ်လှုပ်ရှားမှုများကြောင့် စိတ်လိုက်မာန်ပါ ပြောဆို တုန့်ပြန်ခြင်းများ ဖြစ်လာနိုင်သည်” ဟု ထုတ်ပြန်ချက်တွင် သတိပေးထားသည်။

အဆိုပါ အခြေအနေများကို ပုဂ္ဂိုလ်အချို့နှင့် အဖွဲ့အစည်းအချို့က လိုလားနေသည်ဟုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့ကြောင့် ထိုအခြေအနေများကို ရှောင်ကြရန်နှင့် မဲပေးခွင့်သည် ကော်မရှင် အသီးသီး၏ တာဝန်ဖြစ်ပြီး ထိုတာဝန် ပျက်ကွက်ပါက အရေးယူ ဆောင်ရွက်နိုင်ကြောင်း အသိပေးသည်ဟုလည်း ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags