ရုပ်သံ live လွှင့်နေသည့် မင်းသမီးကို စင်ပေါ်တက် လက်ထပ်ခွင့်တောင်းသူ အဖမ်းခံရ

ရုပ်သံ live လွှင့်နေသည့် မင်းသမီးကို စင်ပေါ်တက် လက်ထပ်ခွင့်တောင်းသူ အဖမ်းခံရ

ဇွန် ၉

တရုတ်နိုင်ငံက အမျိုးသားတစ်ဦးသည် ရုပ်မြင်သံကြား၌ တိုက်ရိုက်ထုတ်လွှင့်မှု live လွှင့်နေသည့် နာမည်ကြီး မင်းသမီးကို စင်ပေါ်အတင်းတက်ပြီး လက်ထပ်ခွင့်တောင်းရာမှ အဖမ်းခံရသည်။

Hunan TV ၏ တနင်္ဂနွေနေ့ ညနေခင်း live အစီအစဉ် ထုတ်လွှင့်ချိန်၌ တရုတ်နိုင်ငံမှ နာမည်အကြီးဆုံး မင်းသမီး ဒဲလ်ရာဘာဒဲလ်မူရတ်အား ယင်းအမျိုးသားက အလွန်ကို အရေးမလှသော၊ လက်ခံကြိုဆိုမှု မရှိသော လက်ထပ်ခွင့်တောင်းခြင်းကြောင့် အုတ်အော်သောင်းတင်းဖြစ်ခဲ့ရသည်။

အဆိုပါ အမျိုးသားသည် စင်ပေါ်အတင်းပြေးတက်လာပြီး မင်းသမီး ဒဲလ်ရာဘာ ရှေ့တွင် ဒူးထောက်ကာ စိန်လက်စွပ်ကို ကမ်းလှမ်းခဲ့သည်။

သို့သော်လည်း အစီအစဉ်တင်ဆက်သူ ဝန်ဟန်က ချက်ချင်းပင် ၎င်းတို့ နှစ်ဦးကြား ကြားဝင်ရပ်လိုက်သည်။ ယင်းနောက်၌ အမှုထမ်းများက ၎င်းအမျိုးသားကို စင်ပေါ်မှ ဆွဲခေါ်သွားတော့သည်။ ၎င်း အမျိုးသားသည် ဝန်ထမ်းဖြတ်သန်းခွင့် ချိတ်ဆွဲထားပုံရှိသည်။

အဆိုပါ အမျိုးသားသည် မင်းသမီးအား အနှောင့်အယှက်ပေးနေခဲ့သည်မှာ နှစ်ဝက်မက ရှိနေခဲ့သည်ဟု တနင်္လာနေ့၌ ဒဲလ်ရာဘာ၏ တရားဝင်  fan club မှနေ၍ ထုတ်ပြန်ခဲ့သည်။ ယင်း အမျိုးသားသည် မင်းသမီး၏ ရှုတင်သုံး နောက်တွဲယာဉ်ထဲ တစ်ကြိမ်မကပိုကာ ခိုးဝင်ခဲ့ခြင်းအပါအဝင် အနှောင့်အယှက်ပေးနေခြင်း ဖြစ်သည်ဟု ဆိုသည်။

ယခု လက်ထပ်ခွင့်တောင်းခြင်းသည်လည်း ပထမဆုံးအကြိမ်မဟုတ်ကြောင်း သိရသည်။ ၎င်းအမျိုးသားသည် တရုတ်မင်းသမီးတစ်ဦးဖြစ်သည့် ဝန်လော်တန်အားလည်းပဲ လက်ထပ်ခွင့်တောင်းဖူးသည်ဟု ဆိုသည်။

၎င်းကို ရဲစခန်းတွင် ချုပ်နှောင်ထားပြီဖြစ်သည်ဟု fan club က ထပ်လောင်းဖော်ပြပြီး ရုပ်သံစတီဒီယိုကိုလည်း လုံခြုံရေးတိုးမြှင့်ချထားရန် တောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly