အမြဲဝယ်နေသည့် ဆိုင်ပိတ်ထား၍ ဆိုင်ပြောင်းဝယ်ရာမှ ထီဆုပေါက်

အမြဲဝယ်နေသည့် ဆိုင်ပိတ်ထား၍ ဆိုင်ပြောင်းဝယ်ရာမှ ထီဆုပေါက်

ဇွန် ၇

မြောက်ကယ်ရိုလိုင်းနားက အမျိုးသားတစ်ဦးသည် အားပေးနေကျ စတိုးဆိုင် ပိတ်ထားခြင်းက သူ့အတွက် ကံကောင်းမှုတစ်ရပ်ဖြစ်သွားပြီး အမေရိကန်ဒေါ်လာ တစ်သိန်းခွဲတန် ထီဆု ပေါက်သွားခဲ့သည်။

ဘာလင်တန်အရပ်က လန့်စ်ဖို့ဒ်ဆိုသူက သူ ဝယ်နေကျ ထီဆိုင်သည် အစောပိုင်း ပိတ်ထားတာ မြင်ပြီးနောက် Dave’s Mini Mart စတိုးသို့ လာရောက်ဝယ်ယူခဲ့မိခြင်းဖြစ်သည်ဟု North Corolina Education Lottery ထီရုံးမှ တာဝန်ရှိသူများကို ပြောသည်။

ထို စတိုးဆိုင်ထဲ ရောက်ချိန်တွင် စိတ်ခံစားမှု တစ်မျိုးဖြစ်ပြီး ငါးဒေါ်လာတန် Extra Play Cashword ထီလက်မှတ် ငါးစောင်ဝယ်ယူရန် ဆုံးဖြတ်မိခြင်းဖြစ်သည်ဟု လန့်စ်ဖို့ဒ်က ပြောသည်။

အိမ်အရောက်၌ ထီလက်မှတ်များကို ခြစ်ကြည့်ရာ လေးစောင်မြောက်တွင် ဒေါ်လာ တစ်သိန်းခွဲ ထီဆုပေါက်သည်ကို သိလိုက်ရခြင်းပဲ ဖြစ်သည်။

“စာလုံး ရှစ်လုံး၊ ကိုးလုံးမြောက်လောက်မှာပဲ ကျွန်တော် သိလိုက်ပြီ။ ထီလက်မှတ်ကို အပြီး မတိုက်ရသေးခင်မှာဘဲ အမေ့ကို ပြေးပြမိတယ်။”ဟု လန့်စ်ဖို့ဒ်က ပြောသည်။

“ဆုငွေက ဘယ်လောက်တောင် များမလဲဆိုပြီး ကျွန်တော် စဉ်းစားရင် အော်နေမိတယ်။ ကျွန်တော် စိတ်အရမ်း လှုပ်ရှားနေခဲ့တယ်။”ဟု ၎င်းက ပြောသည်။

ထီလက်မှတ်ကို အကုန် ခြစ်ပြီးချိန်တွင် အလွန်ကံကောင်းသူအဖြစ် ခံစားလိုက်ရသည်ဟု လန့်စ်ဖို့ဒ်က ပြောသည်။

“ကျွန်တော် အွန်လိုင်းမှာ ရှာကြည့်တော့ ဒီ ဆုကြေးဟာ နောက်ဆုံး ဆုကြေးဖြစ်တာ သိရတယ်။ ကျွန်တော် ထိုင်ခုံမှာ ထိုင်နေရင်း အံ့ဩလွန်းလို့ မှင်တက်မိနေတော့တယ်။”ဟု ၎င်းက ပြောသည်။

ဆုငွေအတွက် အစီအစဉ်များ ချထားပြီးဖြစ်သည့် လန့်စ်ဖို့ဒ်က “ကျွန်တော် ပထမဆုံး ကားတစ်စီး ဝယ်မယ်။ နှစ် ၄၀ ပြည့်အဖြစ်နဲ ထုတ်လုပ်ထားတဲ့ 2004 Mustang ကားကို ကျွန်တော် ဝယ်ချင်လို့ ပိုက်ဆံစုနေခဲ့တာ ဖြစ်တယ်။ ခုတော့ အရာရာဟာ လွယ်ကူသွားပြီ။”ဟု လန့်စ်ဖို့က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly