အရက်မူး၍ ကျားမြီးဆွဲသူအမျိုးသမီး ကျားကိုက်ခံရ

အရက်မူး၍ ကျားမြီးဆွဲသူအမျိုးသမီး ကျားကိုက်ခံရ

အိုမာဟာ၊ နိုဝင်ဘာ-၆ ။          ။ မူးယစ်ရီဝေနေသော အမျိုးသမီးတစ်ယောက်မှာ တိရစ္ဆာန်ရုံအတွင်းသို့ ကျူးကျော်ဝင်ရောက်သွားပြီး ကျားတစ်ကောင်ကို ပွတ်သပ်ချော့မြူရန် ကြိုးစားရာမှ ကျားကိုက်ခံခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

နိုဝင်ဘာလ ၁ရက်နေ့က ဟဲလိုးဝင်းပွဲတော်အပြီး နာရီပိုင်းအကြာတွင် ၃၃နှစ်အရွယ်ရှိ ဂျက်ကလင်း အီဒီအမည်ရှိသည့် အမျိုးသမီးတစ်ယောက်မှာ အိုမာဟာရှိ ဟင်နရီ ဒေါလီး တိရစ္ဆာန်ရုံအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီး ကျားလှောင်အိမ်အတွင်းသို့ ရောက်ရှိသွားခဲ့သည်ဟု ဆိုသည်။

သို့ရာတွင် ဒဏ္ဍာရီထဲကလို ခြင်္သေ့တောထဲ ပစ်ချခံသည့် ဒနိုင်ရယ် နတ်များက ခြင်္သေ့များ မကိုက်နိုင်အောင် ပါးစပ်များကို ပိတ်ပေးထားသည်တော့မဟုတ်ပါ။ အီဒီမှာ လက်တွင် အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်ဟု အိုမာဟာ ရဲဌာနက ပြောကြားခဲ့ပါသည်။

အီဒီကို သူမ၏မိတ်ဆွေတစ်ယောက်က ဆေးရုံသို့ ကားမောင်းပို့ခဲ့ရာ အီဒီမှာ ရန်လိုနေပြီး အရက် (သို့မဟုတ်) မူးယစ်ဆေးတစ်ခုခုလည်း သုံးစွဲထားပုံပေါ်သည်ဟု ရဲက ပြောကြားသည်။ သူမကို ရာဇဝတ်မှုမြောက်သော ကျူးကျော်ဝင်ရောက်မှုဖြင့် အမှုဖွင့်ထားပြီး လောလောဆယ်တွင်မူ ဆေးရုံတွင် ကုသမှုခံယူနေရသည်ဟု ဆိုသည်။

ကျားမှာ မိုင်ဟုခေါ်သည့် ၁၈နှစ်သားအရွယ် မလေးရှားကျားတစ်ကောင်ဖြစ်ပြီး ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဆဲဖြစ်သည်ဟု ဆိုသည်။

‘ကျားတစ်ကာင်ကို သွားပြီး ပွတ်သပ်ကစားမယ်ဆိုရင်တော့ အကိုက်ခံရမှာ သေချာသလောက်ပဲပေါ့’’ဟု အိုမာဟာရဲဌာနက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly