တရုတ်သမ္မတရှီနှင့် ထိုင်ဝမ်သမ္မတမာ စင်ကာပူ သမိုင်းဝင်ညစာစားပွဲတွင် ကိုယ်စားတာကိုယ်ပေးကြမည်

တရုတ်သမ္မတရှီနှင့် ထိုင်ဝမ်သမ္မတမာ စင်ကာပူ သမိုင်းဝင်ညစာစားပွဲတွင် ကိုယ်စားတာကိုယ်ပေးကြမည်

တိုင်ပေ၊ နိုဝင်ဘာ ၆ ။          ။ တရုတ်သမ္မတရှီကျင်ပင်းနှင့် ထိုင်ဝမ်သမ္မတ မာယင်ကျိုးတို့သည် စင်ကာပူတွင် ပြုလုပ်သည့် နိုဝင်ဘာ ၇ ရက်နေ့ သမိုင်းဝင်ထိပ်သီးဆွေးနွေးပွဲအပြီး ညစာစားပွဲပြီးပါက ကိုယ်စားတာကိုယ်ရှင်းကြမည်ဟု သိရသည်။

ယခုကဲ့သို့ ကိုယ်စားတာကိုယ်ရှင်းခြင်းမှာ ပြည်တွင်းစစ်အပြီး ၆၆ နှစ်ကြာသည့်တိုင် ငြိမ်းချမ်းရေး ခရီးမှာ မချောမွေ့သေးသဖြင့် ခေါင်းဆောင်များ စောင့်ထိန်းရမည့် သိမ်မွေ့သည့် သံတမန်ကျင့်ဝတ်ကို ထိန်းသိမ်းကြောင်း ပြသနေသည်။ ခေါင်းဆောင်နှစ်ဦးမှာ တန်းတူရည်တူသာ ဆက်ဆံရမည်ဖြစ်သည်။

တစ်ဖက်ဖက်က အစိုးရကို တရားဝင်ကြောင်းအသိအမှတ်ပြုသည့် အသုံးအနှုန်းများကို ရှောင်ရှားကာ သမ္မတဆိုသည့် အသုံးအနှုန်းထက် မစ္စတာဆိုသည့် အသုံးအနှုန်းကိုသာ ခေါင်းဆောင်များက သုံးနှုန်းမည်ဖြစ်သည်။

ဓါတ်ပုံအရိုက်ခံရန်အတွက် ၎င်းတို့က လက်ဆွဲနှုတ်ဆက်မည်ဖြစ်သည်။ သို့သော်လည်း အစည်းအဝေးအပြီး ခေါင်းဆောင်များပြုလုပ်လေ့ရှိသည့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲမျိုးလည်း   ပြုလုပ်မည်မဟုတ်ပေ။

ထို့အပြင် ညစာစားပွဲကိုလည်း ကြီးကြီးကျယ်ကျယ်ပြုလုပ်မည်မဟုတ်ကြောင်း အစီအစဉ်ကို သိရှိသော အရာရှိတစ်ဦးက ပြောသည်။ "လူတွေက သူ့ရဲ့လက် ပထမဆုံးကမ်းတဲ့သူ၊ လက်ဆွဲနုတ်ဆက်ဖို့ ပထမဆုံးရွှေ့သွားတဲ့သူကို လူတွေက သတိထားကြည့်ပါလိမ့်မယ်"ဟု ထိုင်ဝမ်ရှိ အမျိုးသားဆင်ဟွာတက္ကသိုလ်မှ အာရှပေါ်လစီဋ္ဌာ ဒါရိုက်တာ ဝီလျံစတန်တွန်က ပြောသည်။

သူတို့ ပွေ့ဖက်နုတ်ဆက်မှာလား။ ဘယ်သူက စမှာလဲ။ ခြေဟန်လက်ဟန်က ဘာကိုဆိုလိုမှာလဲ။ ရှီက မျက်မှောင်ကြုတ်မှာလား။ မာက သူ့ရဲ့ခြေထောက်ကို ကြည့်နေမှာလား။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် စူးစိုက်ပြီး ကြည့်နေမှာလား။ ဒါကတော့ အသေလေ့လာရမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly