ချင်းမိုင်ခရိုင်တွင် စိတ်ကြွဆေးပြား ၁၈ သန်းနီးပါး ဖမ်းဆီးရမိ

ချင်းမိုင်ခရိုင်တွင် စိတ်ကြွဆေးပြား ၁၈ သန်းနီးပါး ဖမ်းဆီးရမိ
( ဓာတ်ပုံ ---- မယ်ဆိုင်အွန်လိုင်း သတင်း )

 မေလ ၃၁ ရက်၊ ၂၀၂၀ ပြည့်နှစ်

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်းရှိ နယ်စပ်ဒေသများတွင် စိတ်ကြွဆေးပြား ၁၈ သန်းနီးပါးကို ထိုင်းစစ်တပ် နှင့်ရဲတပ်ဖွဲ့များ ယခုလ ၂၉ ရက် နေ့က  ဆက်တိုက်ဖမ်းဆီးရမိ ကြောင်း ထိုင်းဘာသာဖြင့်ထုတ်ဝေသော မယ်ဆိုင်အွန်လိုင်း အင်တာနက်စာမျက်နှာအရ သိရှိရသည်။

ချင်းမိုင်ခရိုင် နယ်စပ် ဒေသများဖြစ်သည့် ဖန်မြို့နယ် ( Fang )နှင့် ဝင်းဟန် ( Wiang Haeng ) မြို့နယ်တို့တွင် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ သတင်းပေးချင်အရ စစ်ဆေးရေး ဂိတ်များချကာ စိတ်ကြွဆေးပြား ၁၇.၇ သန်းတို့ကို ဖမ်းဆီးရမိကြောင်း ဖော်ပြထားသည်။

ဖန်မြို့နယ်တွင် မူးယစ်ဆေးဝါး ( မြင်းဆေး ) ၁၅.၇ သန်း နှင့် ဝင်းဟန်မြို့နယ်မှ နှစ်သန်း တို့ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

သတင်းဖော်ပြချက်အရ ယင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးမှုမှာ အပြန်အလှန် ပစ်ခတ်မှု့ ကြောင့် ဖန်မြို့နယ်မှ မူးယစ်ဆေးဝါး သယ်ဆောင်သူ တစ်ဦး သေးဆုံးပြီး ကျန် သုံးဦးကို မူးယစ်ဆေးဝါး တင်ဆောင်လာသည့် ကားနှင့် အတူ ဖမ်းဆီးခံရကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခံထားသူ သုံးဦးကို  မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိ၍ ရောင်းဝယ် ဖောက် ကားမှုတို့ဖြင့် အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပြီး နောက်ထပ် ကွင်းဆက်များကိုပါ ဖမ်း ဆီးမှုများ ဆက်လက် ပြုလုပ်သွားမည် ဖြစ် ကြောင်း ၎င်း သတင်းမှာ ရေးသား ဖော်ပြထားသည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့်ပြစ်မှုဆိုင်ရာရုံး (UNODC)၏ အရှေ့နှင့် အရှေ့တောင် အာရှဒေသ များဆိုင်ရာ ယခု နှစ် မေလတွင် ထုတ်ပြန်ထားသည့် အစီအရင်ခံစာသစ်တွင်  ဓာတုဆေးဝါးများဖြင့် ပြုလုပ်ထားသော မူးယစ်ဆေး ဝါး ဈေးကွက် ဆယ်စုနှစ်အတွင်း ပိုမို ကျယ်ပြန့်လာနေသည်ဟု သတိပေးထားသည်။

အဆိုပါ ဒေသတွင်း နိုင်ငံများတွင် မူးယစ်ဆေးဝါးများ ထုတ်လုပ်ခြင်း အပါအဝင် ရောင်းချမှုများ များပြားလာခြင်း ကြောင့် မီသိုင်းအဖက်တမင်း(ရာမ)ဈေးနှုန်း အနိမ့်ဆုံးသို့ ကျဆင်းလာသည့် အတွက် ရောင်းလိုအား ပိုမိုများပြား လာကြောင်း UNODC ၏ အစီအရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required