အမေရိကန်လူသုံးကုန်ပစ္စည်းများ အီရန်ပိတ်ပင်

အမေရိကန်လူသုံးကုန်ပစ္စည်းများ အီရန်ပိတ်ပင်

တီဟီရန်၊ နိုဝင်ဘာ၆ ။             ။ စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရေးအတွက် ပြင်ဆင်နေသော်လည်း အီရန်သည် အမေရိကန်လူသုံးကုန်ပစ္စည်းများဝင်ရောက်မှုကို ပိတ်ပင်လျက်ရှိကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးက နိုဝင်ဘာ ၅တွင် ပြောကြားသည်။

"အမျိုးသားကုန်ထုတ်လုပ်မှုမြင့်တင်ဖို့ အမေရိကန်လူသုံးကုန်ပစ္စည်းဝင်ရောက်မှုကို တားဆီးဖို့လိုပါတယ်။ နောက်ပြီး နိုင်ငံတွင်းမှာ အမေရိကန်ရှိနေမှုကို အမှတ်သင်္ကေတဖြစ်စေမဲ့ ကုန်ပစ္စည်း   တွေကိုလည်း တားမြစ်ဖို့လိုပါတယ်"ဟု မိုဟာမက်ရေဇာနေမတ်ဇာဒက်က ၎င်း၏ဝန်ကြီးဋ္ဌာနဝက်ဘ်ဆိုက်တွင် ရေးသားခဲ့သည်။

အရေးယူဆောင်ရွက်မှုမှာ လွန်ခဲ့သည့်လက အီရန်၏ ဦးစီးခေါင်းဆောင် အယာတိုလာအလီခါမေနီက သမ္မတဟာဆန်ရိုဟာနီထံသို့ ပေးပို့သော စာနှင့်အညီဖြစ်ပြီး စာတွင် ပြည်တွင်း ကုန်ထုတ်လုပ်မှုမြင့်တင်ရန်     တောင်းဆိုထားကြောင်း ဝန်ကြီးက ပြောသည်။

အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများသည် ဇူလိုင်လက သမိုင်းဝင်နျူကလီးယားသဘောတူညီချက်တစ်ခုရရှိခဲ့ပြီး သဘောတူညီချက်အရ တီဟီရန်အပေါ်ပြုလုပ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများကို ရုပ်သိမ်းရမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် အီရန်ကလည်း ၎င်း၏နျူကလီးယားအစီအစဉ်ကို ကန့်သတ်ရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly