ဘရာဇီးတွင် မိုင်းတွင်းအနီး ရေကာတာကျိုးပေါက် အနည်းဆုံးလူ ၁၇ ဦးသေ

ဘရာဇီးတွင် မိုင်းတွင်းအနီး ရေကာတာကျိုးပေါက် အနည်းဆုံးလူ ၁၇ ဦးသေ

မာရီယာနာ၊ နိုဝင်ဘာ ၆ ။           ။ ဘရာဇီးတွင် မိုင်းတွင်း၏ စွန့်ပစ်ရာနေရာတစ်ခုအနီးရှိ ရေကာတာကျိုးပေါက်ခဲ့ရာ အနည်းဆုံးလူ ၁၇ဦးသေဆုံးပြီး လူ ၅၀ကျော် ဒဏ်ရာရရှိခဲ့သည်ဟု မီးသတ်အကြီးအကဲတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၅က မာရီယာနာမြို့၏ မြောက်ဘက် ကီလိုမီတာ ၃၀ ခန့်အကွာရှိ ဘင်တိုရိုဒရီဂွက်စ်တွင် ရေကာတာတစ်ခုကျိုးပေါက်ပြီးနောက် လူများကို မာရီယာနာရှိ အေရီနာမာရီယာနာသို့   ရွှေ့ပြောင်းပေးခဲ့သည်။

"ပျောက်ဆုံးတဲ့အရေအတွက်က ၄၀ကျော်မှာပါ။ ဒါပေမဲ့ တရားဝင်တော့ မဟုတ်ဘူးပေါ့"ဟု အရှေ့တောင်ပိုင်း မီနက်စ်ဂေရိုက်စ်ပြည်နယ် မာရီယာနာမြို့ရှိ မီးသတ်အကြီးအကဲ အဒေါင်ဆေဗာရီနိုဂျူနီယာက ပြောသည်။

ရေကာတာအနီးရှိ ဘင်တိုရိုဒရီဂွက်စ်ရွာမှာ ရွှံ့များလွှမ်းသွားခဲ့သည်ဟု ၎င်းကဆိုသည်။ "အခြေအနေက စိတ်ပျက်စရာပါ။ မှောင်တယ်။ ရွှံ့တွေလည်း အများကြီးပဲ"ဟု ဆေဗာရီနိုက ပြောသည်။ ကယ်ဆယ်ရေးလုပ်ငန်းများကို ညလုံးပေါက် ဆက်လက်ဆောင်ရွက်မည်ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly